"ပျော်တယ်မလား "
သတို့သားဝတ်စုံ ဖြူစွတ်စွတ်လေးကို smart ကျအောင် သေချာ ဆွဲဆန့်ပေးပီး Yang Yu Teng မေးသည်။ Tian အပြုံးလေးက ရွန်းစိုလို့ ။ သူပျော်နေတာသိသားလိုက်တာ ။ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းဖြေသည်။
"နောက်လည်းအမြဲပျော်သွားရမယ်နော် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချနိုင်လို့ အပျော်တွေနဲ့ အမြဲထိုက်တန်တယ် Ray Ge ကိုလည်းနားလည်ပေးမယ်မလား "
ထပ်ပီးခေါင်းလေးငြိမ့်ပြန်သည်။ အပြုံးတွေမှာ အပျော်လေးပါပေမဲ့ မျက်ရည်တွေလည်းဝဲနေပြန်သည်။
ထိုကောင်လေးနှစ်ယောက်ကို သူတို့သက်ဆိုင်သူတွေက ရပ်ကြည့်နေကြသည်မှာအတော်ကြာပီ။ မှာတမ်းချွေမပီးတဲ့ Yang Yu Teng နဲ့ ဘာပြောပြော ပြုံးနေတဲ့ Tian
"သူတို့မပီးတော့ဘူးလား "
"ပြောပါစေ မင်းကလည်း မင်းဟာလေး လည်းစကားအတော်များတယ်နော် မထင်ရဘူး "
"ဘယ်လိုတောင် ပြောလိုက်တာလဲ ငါ့ကောင်လေးလောက်စကားနဲပီးအေးတာ ငါ့ကောင်လေးပဲရှိတယ် မင်းဟာလေးကို သူက စီနီယာမို့ သင်ပို့ချနေရတာ"
"ပင်ပန်းပီကွာ ပြန်ချင်နေပီ"
"အဟွန်း ပင်ပန်းလို့ပြန်ချင်တာရောဟုတ်ရဲ့လား "
"တကယ်ပါကွာ နားချင်သေးတယ် ညမှ ဟဲဟဲ "
"ဟေ့ကောင် တပါတ်ပဲနော် အမြန်ပြန်လာ ငါ ရုံးမှာအကြာကြီးမထိုင်ပေးနိုင်ဘူး "
"ဆယ်ရက်တော့လုပ်ပါ ပြည်ပ ခရီးဆိုပါဆို "
"ဇိမ်ဇွတ်မခံနဲ့ ငါ့တုန်းက ဘယ်ဟန်းနီးမွန်းမှမထွက်ဘူး တပါတ်ပဲနားတာ "
"အကြင်နာတရားတစက်မှမရှိတဲ့ကောင် "
စကားနိုင်လုနေတုန်း Yang Yu Teng လာနေပီမို့ စကားစဖြတ်ပြီး ပြန်လာရသည်။
****************************
Tian တို့လက်ထပ်ပီးတာတောင် တလကျော်ရှိလာပီ။ သာယာတဲ့အိမ်ထောင်လေးပါပဲ။ အကျင့်တွေပြင်တဲ့ Ray ဟာ တချို့နေရာမှာ မRo တတ်ဆဲပါပဲ။ ချစ်တာက ချစ်နိုင်ပေမဲ့ ZiHong လိုသေးသေးဖွဲဖွဲလေးက အစ လိုက်မလုပ်ပေးတတ်တာကလည်း သူ့စရိုက်။ ဒါတွေကို Tian ကလည်းလက်ခံနားလည်ပေးတတ်လာပီ။