ဘယ်လိုဖြစ်နေရတာလဲ ZiHong "
"မတွေ့ရတာ အရမ်းကြာပီ "
ရှုံ့တွနေတဲ့ သူငယ်ချင်းကိုကြည့်ပီး Ray အော်သာရီလိုက်ချင်တော့သည်။ ချစ်နေတာကို ချစ်နေပါတယ်လို့ ဝန်သာမခံသာ မျောက်မီးခဲကိုင်သလို ခုန်ဆွဆွတော့လုပ်နေသည်။
အခုအရက်ကလေးအနဲငယ်ဝင်တာနဲ့ လူကမအီမသာပိုဖြစ်နေသည်။."တွေ့ချင်သွားတွေ့လေကွာ မင်းအိမ်လည်းသိသာပဲ ဖုန်းဆက်လည်းရတာပဲ "
"ဖုန်းဆက်ယုံနဲ့အားမရဘူးတွေ့ချင်တယ် "
"အင်းသွားတွေ့လေ "
"အားနာလို့ သူနားတဲ့အချိန် ညဘက်ကြီး သူအဆင်မပြေမှာစိုးလို့ "
"မင်း Yang Yu Teng ကိုချစ်နေတာမလား ဝန်ခံ ဝန်ခံရင် ငါကြံပေးမယ် "
ထုံးစံအတိုင်း မကျေမနပ်ကြည့်ပြန်သည်။
"မင်းထက်ငါက အတွေ့အကြုံရှိတယ်နော်ဆရာကြီး ဘယ်လိုလဲ ငါ့ကိုမင်းဝန်ခံမလား "
ZiHong သက်ပြင်းငွေ့ငွေ့ချပီး လက်ကျန်ကောက်မော့သည်။
"ဟုတ်တယ်ကွာ "
"ဘာဟုတ်တာလဲ "
"Yang Yu Teng ကို ချစ်နေမိပီ အသဲပေါက်အောက်ကွာ စမြင်ကတည်းက ငါ့ရင်ထဲရောက်တာကွာ လုပ်ပါ မစပါနဲ့တော့ ငါတကယ်အရမ်းတွေ့ချင်နေတာ တွေ့ဖို့နည်းလမ်းလည်းမရှာတတ်ဘူး "
"ကျွတ် ကျွတ် အချစ်ဆူးဆူးနေပါလား ဒီလိုလုပ် ~~~~~~~"
**********************
"Hello "
တဖက်ကမထူး
"Hello ZiHong ကျတော့်ကိုဖုန်းခေါ်တာလား "
"အာ ~~~ ကျတော်ပါ Ray ပါ "
"သြော် ZiHong No ဖြစ်နေလို့ "
"ဟုတ်တယ် ကျတော်အကူညီတောင်းချင်လို့ Yang Yu Teng ကူညီပေးနိုင်မလား "
"ဟုတ်ကဲ့ပြောကြည့်ပါ "
"အခု ညီလေး အိမ်ရောက်ပီလား "
"ရောက်ပါပီ ကျတော်ဒီနေ့ နားရက်ပါ "
"ZiHong ကို အိမ်ပြန်ပို့ပေးနိုင်မလား ကျတော်က အခု ---- လမ်းပေါ်ရောက်နေပီ အရေးပေါ်ကိစ္စပေါ်လာလို့ ချက်ခြင်း သွားရမှာ အဲ့ဒါ Yu Teng အိမ်နဲ့လည်းနီးနေတော့လေ ကျတော်အကူအညီတောင်းတာပါ ကျတော်တို့ Bosslin က နဲနဲတော့ သောက်ထားလို့အဲ့ဒါ "