part-12

110 13 7
                                    

"တောက် "

ZiHong လက်ထဲက ကော်ဖီဘူးကိုပါ လွင့်ပစ်မိသည်။ အလုပ်လုပ်ရတာအဆင်မပြေ။ လူက ဒေါသထွက်တာလိုလို မြင်သမျှကအာရုံနောက်စရာတွေ ။ အကူ ကလေးတွေတုတ်တုတ်မှမလှုပ်ရဲသလို Model ကောင်မလေးသည်လည်း တုန်နေအောင်ကြောက်နေသည်။ တကယ်တော့ဘယ်သူမှာမှအပစ်မရှိ။ သူနဲ့သာဆိုင်သည်။ ပြသနာက Yang Yu Teng ရဲ့ Skin care ကြော်ငြာအတွက် ရိုက်ရတာ Yang Yu Teng တယောက်ထဲမဟုတ် Couple ဖြစ်သည်။ လှလွန်းသော Model မလေး နဲ့ Yang Yu Teng ပူးကပ်တိုင်း မလုံမလဲ ဖြစ်နေသောအစိတ်အပိုင်းလှလှလှစ်ဟပြထားသော ကောင်မလေးကို Yang Yu Teng ဖက်တိုင်း ထိတိုင်း ဒေါသတွေအလိုလိုထွက်သည်။ စိတ်ကမကြည်တော့ မကြည်လင်တဲ့ စိတ်နဲ့ ဟိုလိုလုပ် ဒီလိုလုပ် အော်မိတော့ အမှားပိုပါ အမှားပါလေ သူ့ဒေါသငယ်ထိပ်ရောက်လေ။

အခုလည်း စိတ်ကနေလို့မရတဲ့အဆုံး ရုံးခန်းထဲ ပြန်လာပီး ဟိုဒီ ပေါက်ချိုးနေမိသည်။ ဟားးး ချစ်သူမဖြစ်သေးသရွေ့သူပူပန်နေရမှာလား။ Model မလေးက Yu Teng ကိုကြည့်တဲ့အကြည့်သူနဲနဲမှမကြိုက်။

"တောက်"

နောက်တကြိမ် တောက်ခတ်ပီး မျက်နှာကိုလက်ဝါးနဲ့အုပ်ပီး စိတ်ဖြေလျော့နေတုန်း Ray ဝင်လာသည်။

"ဘယ်လိုဖြစ်နေရတာလဲ ZiHong ဘာက အဆင်မပြေတာလဲ "

"မသိဘူး "

"အလုပ်ကိုအာရုံစိုက်လို့မရရင်ရပ်လိုက်မလား ပြန်ခိုင်းလိုက်မယ်လေ "

"နေပါအုန်း ငါက ဘာကိုအာရုံစိုက်မရ ရမှာလဲ $ စလွဲ လုပ်နေတာ မင့် မင်းသားနဲ့ မင်းသမီး မဟုတ်ဘူးလား "

"ZiHong ငါ မင်းစရိုက်ကတည်းက ဝင်သာမလာတာ ကြည့်နေတာပဲ သူတို့ကြိုးစားအလုပ်လုပ်နေတာပဲလေ မင်းဖြစ်နေတဲ့ ပြသနာကသပ်သပ်နော် "

"တော်ပီကွာ "

"Yang Yu Teng ကအလုပ်လုပ်နေတာပါ သူငယ်ချင်းရာ မင်းစိတ်နဲနဲလျော့စမ်းပါ အနုပညာသမားလေးကွာ မင်းနားလည်တယ်မလား "

Lin ZiHong ရဲ့ ပုခုံးတွေကိုဆုတ်ကိုင်ပေးရင်း Ray ပြောတော့ မျက်လုံးမှိတ်ပီး ဆိုဖာပေါ်မှီချသည်။

"ခဏနားလိုက် "

Ray ပြန်ထွက်သွားတော့ သူ့စိတ်တွေကို ဖြေလျော့နေရသည်။ သဝန်တိုမိသည်။ အလုပ်လုပ်နေတာသိရက်နဲ့ရင်ခံနေရတာ ပိုင်ချင်ဆိုင်ချင်စိတ်ကြောင့်  ချစ်သူရယ်လို့သတ်သတ်မှတ်မှတ်မရှိသေးခင် တစုံတယောက်ဆီရောက်သွားမှာအဆိုးဆုံး ။ ပီးတော့ Yang Yu Teng က ယောကျာ်တယောက်ထက် မိန်းမတယောက်ကို ပိုရွေးချယ်ချင်နေရင်ရောဆိုတဲ့စိုးရိမ်စိတ်ဒီကရီက မြင့်ပီးရင်းမြင့်ဆဲ။ မှီချထားတဲ့ သူ့ပုခုံးတွေကို တစုံတယောက်ကခပ်ဖွဖွလာနိုပ်မှပြန်အသိဝင်လာသည်။.

MineWhere stories live. Discover now