လအတန်ကြာသည်အထိ သူ နဲ့ Yang Yu Teng တွေ့စရာမရှိခဲ့ပါ။ ဆိုရှယ်မီဒီယာသိပ်မသုံးတဲ့သူ့အဖို့ တရက်တခါ လောက် Yang Yu Teng အကောင့်ထဲတော့ဝင်ကြည့်မိသည်။
ဘာရယ်မဟုတ် ဘာရယ်မှတကယ်မဟုတ်ပါ။ ထိုကောင်လေးလည်းအလုပ်နဲ့ သူလည်းအလုပ်နဲ့။ထိုကောင်လေးကလည်းစကားလာမစခြင်းအပေါ် Model နဲ့ photographer ကြားဒီ့အပြင်ပိုပါတ်သက်စရာလည်းမရှိမို့ဘာမှမခံစားချင်ပေမဲ့ စိတ်ထဲတော့တမျိုးပဲ။ ဘာကိုမျှော်လင့်နေတာလဲ Lin ZiHong ။ ဒါပေမဲ့တွေ့မဲ့တွေ့ရတော့လည်း။"ZiHong မနက်ဖြန် ညနေပိုင်းမင်းအားလား "
"အင်း အားပါတယ် ဘာလို့လဲ "
"ငါ့ ငါ့ကောင်လေးရဲ့မွေးနေ့ကွာ ဖိတ်ထားတာ မင်းကိုရော "
မရဲတရဲ နဲ့ပြောတဲ့ Ray စကားကြောင့် ZiHong မျက်မှောင်ကျူံ့ရသည်။ သူဒီလိုပွဲတွေမလိုက်တတ်တာသိရက်နဲ့။
Ray မှာ အီလည်လည်လုပ်နေတဲ့ Model ကောင်လေးတယောက်ရှိတယ်။ Relatoinship နဲ့ပါတ်သက်ပီး ခပ်အေးအေးသမား ZiHong ကဘာမှမဝေဖန် ကျားကျားမမ ချစ်ကြရင်ပီးရောသဘောထားသူမို့ဝင်လည်းမစွတ်ဖက် ။ခက်တာက Ray ကငပွေ ကျားရော မရောနဲ့ ပွေးချင်သူ ။အခုတယောက်တော့ တော်တော်ကြာပီလိုက်နေတာ သူသိသလောက်ပေါ့ ကြိုက်သွားပီလား မကြိုက်သေးဘူးလားတောင်မသိ။"လုပ်ပီ ငါမလိုက်ချင်ပါဘူး လူရှုပ်မျက်စိရှုပ် "
"လိုက်ခဲ့ပါကွာ Company က Boss တော်တော်များများလည်းလာမှာ မင်းကဘယ်ပွဲမှမလိုက်တော့ သူတို့လည်းတွေ့ချင်ကြမှာမို့ဖိတ်တာပါ အလုပ်သဘောပါကွာ ခဏပဲ ခဏ နော် လုပ်ပါ "
"ဟုတ်ပီ ဟုတ်ပီ အရမ်းတွေနွဲ့မနေနဲ့မင်းနဲ့မလိုက်ဘူး "
ငယ်သူငယ်ချင်းအရင်းခေါက်ခေါ်မို့ပြောမနာဆိုမနာ ။ZiHong ရဲ့ ပိသာလေးနံဘေးပစ်စကားတွေကိုခံနိုင်တာ Ray ပဲရှိတယ်။ အခုလဲ တဟဲဟဲရီရင်း သူ့ပုခုံးတွေကိုလာဖက်ထားသည်။
"ခဏပဲနော် ကြာရင်မင်းနေရင်နေခဲ့ ငါထပြန်မှာ "
"အေးခဏပါပဲ "
****************
အဝတ်အစားအကောင်းတွေဝတ်ပီး ZiHong စိတ်ကျဥ်းကျပ်နေသည်။ တီရှပ်နဲ့ ဂျင်းသာသူ့အတွက်အဆင်အပြေဆုံး ။ Suit ဝတ်ပီးနေရထိုင်ရခက်တာတမျိုး လူများလို့ နေရခက်တာတမျိုး။ သူ့ဆီအလုပ်အပ်ဖူးတဲ့ လုပ်ငန်းရှင်တချို့ကို နှုတ်ဆက်အပီး ချောင်ကျကျ စားပွဲမှာသွားထိုင်နေတော့သည်။ Ray ကတော့သူ့ကောင်လေးနား တဝဲလည်လည် Birthday ကိတ်တွေဘာတွေ မီးမှုတ်လို့ ပျော်နေသည်မို့ ခေါ်မနေတော့။ အနားက ဝိုင်တခွက်ကိုဇိမ်ခံသောက်နေတုန်း Suit အပြည့်ဝတ်ထားတဲ့ ကောင်လေးတယောက် သူ့စားပွဲနားလာရပ်သည်။