"ဟင်အင်း ငါတကယ်စိတ်ပျက်တယ် ပီးတော့ မင်းကိုအားကျတယ် "
"Ray Ge က မင်းကိုချစ်ပါတယ် ဒါလည်းမင်းသိတယ် သူ့အကျင့်က ဘယ်သူနဲ့မဆို ခပ်ရောရောနေမိတာပါ စဥ်းစားပါအုန်း ပြတ်နိုင်တာလည်းမဟုတ်ဘူး မင်းတို့တွဲတာ ငါတို့ထက်ကြာပီ"
Yu Teng ရဲ့ နှင့်သိမ့်မှုကို Tian လက်ခံချင်ပုံမရ။
"ထပ်မနာကျင်ချင်တော့ဘူး ငါသူ့ကိုအများကြီးချစ်ပေးခဲ့ပီးပီ နားလည်ပေးခဲ့ပီးပီ ခဏခဏ ဒီလိုတွေလုပ်တာ သီးမခံနိုင်ဘူး "
Yu Teng သည် Tian ပုခုံးကိုပုတ်ပီး ခေါင်းညိမ့်သည်။
"ဖြေးဖြေးစဥ်းစားပါ "
ပေါ့ပေါ့ပါးပါ ပြုံးပြုံးပျော်ပျော်နေတတ်တဲ့ Tian ကိုအခုလို မြင်ရတာစိတ်တော့မကောင်း။ ခင်ပွန်းနဲ့ပါတ်သက်ပီး ခင်မင်ရပေမဲ့ Ray ကလည်း အကိုလိုဖြစ်နေသည်။ Tian ဆိုတာ ပွဲဦးထွက်ကာလ တွေကတည်းက အနားရှိပေးလါတဲ့ သူငယ်ချင်းလည်းဟုတ် ညီအကိုလိုခင်မင်ရသူလည်းဖြစ်တာမို့ မခွာပြဲစေချင်။ ဒီလိုတွေကြုံရတော့ အစစအရာရာ စိတ်ချယုံကြည် လုံခြုံစေတဲ့ ကိုယ့်ခင်ပွနိးကိုကျေးဇူးတင်ရသည်။
********************************
"လဒ အိုကြီးလိုလုပ်မနေနဲ့ ":
Ray ဇက်ပိုးကိုဖြောင်းကနဲ စာအုပ်လိပ်နဲ့ရိုက်ပီးZiHong ပြောသည်။
"ငါဘယ်လိုလုပ်ရမလဲ "
"စိတ်ပြေတဲ့ထိချော့ပေါ့ မင်းတကယ်ချစ်တယ်မလား ချေယ့ပေါ့ အစကတည်းက သောက်ဇယားတွေမရှုပ်နဲ့ပေါ့ "
"မချော့တတ်တော့ဘူး ဖုန်းကို မကိုင်ဘူး "
"အိမ်လိုက်သွား "
"အတွေ့မခံဘူး "
"သေလိုက်တော့ "
"ZiHong မင်း Yu Teng စိတ်ကောက်ရင်ဘယ်လိုချော့လဲ လုပ်ပါ ပြောပြပါအုန်း "
မျောက်မီးခဲကိုင်သလို တပူပူ တလောင်လောင် Ray ကို ကြည့်ပီး ရီချင်မိသည်။ ရီချင်စိတ်ကိုထိန်းပီး
"အဟမ်းးး ပြောပြရင် ဘာဝယ်ပေးမှာလဲ "
"လုပ်ပြန်ပီ လုပ်ပြန်ပီ အခုထိ မင်းသုံးတဲ့ Lube တွေ ငါအရှက်မရှိဝယ်ပေးနေတာပါကွ လင်တာယူတာအခုထိ မင်းဘာသာတစ်ဘူး ထွက်ဝယ်ဖူးလို့လား " .