ဒီစနေနေ့ဟာ သာမာန်စနေနေ့ပါပဲ။ ဒါပေမဲ့ Zi Hong အတွက် သာမာန်ထက်ပိုစိတ်လှုပ်ရှားနေရသည်။ အလုပ်စားပွဲနဲ့ အိပ်ယာဆီခေါက်တုံခေါက်ပြန်လျောက်ရင်း ညနေ (6) နာရီကို စောင့်နေမိသည်။ ကြိုသွားလိုက်ရမလား စာပို့လာတာစောင့်ရမလား မသဲကွဲ။ ဆယ်ကျော်သက် ပထမဆုံး ရည်းစားချိန်းတွေ့မည့်ကောင်လေးလို အေးလိုက်နွေးလိုက် ရင်ခုန်သံတွေက အဆက်မပြတ်။ လက်ထဲက ဖုန်း ring ထမြည်လာချိန် လန့်သွားသည်။ ကြည့်လိုက်တော့ No အစိမ်း ။
အလုပ်ကိစ္စများလားလို့ ဖုန်းကိုင်လိုက်ချိန်မှာတော့ ချိုချိုကြည်ကြည် အသဲဝဲဝဲ လေးသူ့နားထဲစီးဝင်လာသည်။"ZiHong ကျတော်ထွက်လာတော့မယ် " .
"Yang Yu Teng လား "
"အွန်း ကျတော်ထွက်လာတော့မယ်လို့ "
"သြော် သြော် ကိုယ်လည်းထွက်လာနေပါပီ ရောက်တော့မှာ "
ဖုန်းပြောရင်း လက်တဖက်က ဂျာကင်နဲ့ ကားသော့ ပိုက်ဆံအိတ်ကောက်ယူပီး အခန်းထဲက အလျင်စလိုထွက်လာခဲ့သည်။ ပြာယာခတ်နေတဲ့ပုံစံက ငါ့ စတိုင်မဟုတ်ပါဘူးလို့တွေးရင်း ကားပါကင်ဆီ အပြေးအလွား။ အင်းလေ ကိုယ်ကကြိုရောက်သင့်တာပေါ့။
*************
ဖုန်းချပီးတော့ Yang Yu Teng ပြုံးမိသည်။ ဒီလူက ဒီလောက်လည်းမာနမကြီးပါဘူး ချစ်စရာကောင်းသားပဲ။
မျက်နှာကြီးတမင်တည်ထားတင်းထားတာရဲ့နောက်မှာ ချစ်စရာ အပြုအမူတွေအများကြီးရှိသည်။ ကျွန်းပေါ် ရိုက်ကွင်းတုန်းကသူ့ကိုပွေ့ချီ စိုးရိမ်ပေးခဲ့တာကို မန်နေဂျာအမက ပြောမပီး လူကြမ်းပေမဲ့ အသဲနုပါတယ်တဲ့။ ဒီနေ့တော့ အဲ့ကိစ္စကျေးဇူးတင်ကြောင်းလည်းပြောရအုန်းမည်။
အခါတိုင်းနဲ့ မတူတဲ့ သိုးမွေးဆွယ်တာ အပြာရင့်လေး ရယ် ဂျင်းခဲမှိုတက် နုနုလေး နဲ့ ဦးထုပ်အဖြူလေးလည်းယူစောင်းခဲ့သည်။ အနက်တွေနဲ့သာမြင်ဖူးနေသူတွေအဖို့ ဒါဟာ Yang Yu Teng ရဲ့ အထူးဒီဇိုင်းပဲ။ကားကိုကိုယ်တိုင်မောင်းလာရင်း မနေ့ညက မက်တဲ့ အိမ်မက်ဝိုးတဝါးကိုပြန်သတိရသည်။ အိမ်မက်ထဲမှာ လူတယောက်နဲ့သူ လက်ထပ်သည်။ လက်ထပ်လက်စွပ်လဲကသည်။ လူတယောက်ကတော့ယောကျာ်ပဲ ။ ဒါပေမဲ့ ကိုယ်ကတော့ ယောကျာ်တယောက်မဟုတ် အမျိုးသမီးတယောက်။ ပြောရရင် အမျိုးသမီးက သူဖြစ်နေသည်လို့ခံစားပီးမက်ခဲ့တဲ့အိမ်မက်။ အမျိုးသမီးမှာ သူ့လိုမှဲ့နက်နက်လေးနဲ့။
ဆောင်းအိမ်မက် ကယောက်ကယက်ကို ပြန်တွေးပီး Yu Teng ရီလာရသည်။ အထူးတဆန်းတွေ။