part-11

136 15 10
                                    

ချစ်သူလားဆိုတော့လည်းမဟုတ်သေး ချစ်လားမေးလည်းမဖြေတဲ့ Yu Teng ဆီက စိတ်ကူးပေါက်ရင်ပြန်တတ်တဲ့ စတေကာရုပ်လှုပ်တုတ်တုတ်လေးတွေကိုသာကြည့်ရင်းပိုမချင့်မရဲ ဖြစ်ရသည်။ဒီနေ့​လည်း မတွေ့ရမနေနိုင်သူ သူ့မှာ ရိုက်ကွင်းရှိရာထိ အရှက်မရှိလိုက်လာမိသည်။

"အို BossLin ဘာကိစ္စရှိလို့လဲ "

"ကြုံလို့ဝင်လာတာပါ  အလုပ်လည်းပါးတာနဲ့ "

Yang Yu Teng ရဲ့ MV ရိုက်နေတဲ့ ဒါရိုက်တာကို Ray ရော ZiHong ရောခင်သည်။

"ဒီမှာ ရိုက်ကွင်းတည်တာ ဘယ်လိုသိပီးရောက်လာတာလည်း မြို့ပြင်ထိကို "

ဒါရိုက်တာစကားကြောင့် ငြိမ်နေတဲ့ Yang Yu Teng က သူ့ကိုလှမ်းကြည့်သည်။

"Yang Yu Teng နဲ့ ကျတော် product တစ်ခုရိုက်စရာကျန်သေးတယ် သူ့ကိုအလုပ်ကိစ္စ စကားပြောရင်း သိထားတာ "

ZiHong စကားကြောင့် Yu Teng ကိုယ်လေးမတ်သွားသည်။ စကားလည်းမပြောဖြစ်ပါပဲ ။ အမများပြောလေသလား လို့အမမျက်နှာကိုလှမ်းကြည့်တော့လည်း အမက အူကြောင်ကြောင်သူ့ကိုပြန်ကြည့်သည်။ နေရခက်သွားသည်က Yu Teng သာ ။

"လုပ်စရာရှိတာလုပ်ပါ ကျတော်က ဒီတိုင်းဝင်လာတာမို့ "

သူ့ကိုကြည့်ပီးပြောလာတဲ့ Lin ZiHong ကို ဘယ်သူမှမမြင်အောင်မျက်စောငိးလှလှလေးထိုးပစ်လိုက်သည်။ သိသားပဲ တမင်လာတာ။ Yang Yu Teng အလုပ်လုပ်နေသမျှကို မျက်တောင်မခတ် ပြုံးပီးလိုက်ကြည့်နေတာ ကြာတော့အလုပ်လုပ်ရတာပင်စိတ်မဖြောင့်တော့။ ညနေ အစောင်းလေးမှာအလုပ်ပီးသည်။

"အမ ကျတော် Lin ZiHong နဲ့ စကားပြောချင်တယ် "

မန်နေဂျာအမ ခေါင်းငြိမ့်ပြတာနဲ့ ထွက်လာခဲ့သည်။

"အရမ်းအလုပ်တွေအားနေတာလား "

"မအားပါဘူး မင်းကိုတွေ့ချင်တာကပိုများလို့လာရတာ "

"ကျတော်ဒီမှာရှိတာဘယ်လိုသိလဲ "

"Ray ကောင်လေးဆီကတဆင့် "

"အဟွန်း "

Yu Teng အပြုံးလေးကြောင့် ဆွဲဖက်နမ်းပစ်ချင်စိတ်ပေါက်သွားသည်။

MineWhere stories live. Discover now