part-15

132 12 10
                                    

ညလေညှင်းကပန်းရနံ့လေးတွေကိုပါယူဆောင်လာသည်။ နွေဦးပေါက်စ အေးအေးငြိမ်ငြိမ် လေညှင်းနဲ့အတူ သူတို့ တယောက်ကိုတယောက်လည်းအေးအေးငြိမ်ငြိမ်ကြည့်သည်။
လက်ထဲက ဝိုင်ခွက်ကလေးကို ချပီး ZiHong ချစ်ရသူကိုငေးနေသည်။
မီးရောင်မှိန်ပျပျအောက်မှာ ပန်းနုရောင်သမ်းနေတဲ့ မျက်နှာလေးက ချစ်ချင်စရာ ဝိုင်ခွက်ကိုလှုပ်ခါရင်း တငုံမော့သောက်သည်။ လည်တိုင်နုနုကဖြူဥနေတာမို့ ဝိုင်တွေစီးဝင်သွားတာမြင်ရတော့မလိုထိ။ ပိုင်ဆိုင်ရတာ အိမ်မက်မဟုတ်ပေမဲ့ အိမ်မက်လိုပင် သူမဟရဲတဲ့ ပိုင်ဆိုင်ခွင့်ကို ကိုယ်တိုင်ပေးခဲ့သော ကြားထဲ လနှင့်ချီ အတိုက်အခိုက်တွေ စိတ်ပင်ပန်းမှုတွေကို တလုံးမှ မငြီးငြူပဲ သူ့လက်ကိုသာယုံယုံကြည်ကြည်တွဲပေးခဲ့သော ချစ်သူကို ဒီနေ့မှာအပီးပိုင်ဆိုင်ခွင့်ရပီ။ နောက်ထပ် နောက်ထပ် အလိုက်လိုက် အလျော့ပေးချစ်သွားအုန်းမည်။

"ညနက်ပီ အိမ်ထဲဝင်စို့လေ "

"ကျတော်ထိုင်ချင်သေးတယ် လေ လေးက အေးနေတာပဲ "

"နောက်နေ့မှထိုင်ရအောင် နားချင်ပီ "

"Ge သွားနားလေ ကျတော်လိုက်ဝင်လာမယ် "

"အချစ်ရေ မင်း "

"ဟဲ ဟဲ "

"မရီနဲ့ အသဲယားနေတာ "

"ပွေ့ "

Yu Teng က ချွဲရင် အဲ့လိုချွဲတဲ့ကောင်ကလေး။

"လာ "

စွေ့ကနဲပွေချီတော့ သူ့ လည်တိုင်တွေကိုဖက်ထားသည်။ ငုံကြည့်ပီးပြုံးပြတော့ ရှက်ပြုံးလေးပြုံးပီး ရင်ခွင်ထဲတိုးဝင်သည်။

မွေ့ယူထူထူအိအိပေါ် ဖွဖွလေးချပေးလိုက်ပီး သူပါ လိုက်တက်ပီး အပေါ်က အုပ်မိုးထားသည်။ တိတ်ဆိတ်တဲ့ အခန်းထဲ နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေသာထွက်ပေါ်နေသလို။

"Yu ":

"ဟင် "

"ခွင့်တောင်းစရာမလို​ဘူးမလားဟင် "

ပြန်မဖြေပဲ မျက်လုံးလေး မှေးမှိတ်သွားတော့ သူ့မှာအသဲတွေတယားယား ။ နှဖူးပေါ်က ဆံပင်လေးတွေကိုသပ်တင်ပီး
နဖူးပြေပြေလေးစီအနမ်းတွေစီချ လိုက်တော့ သူ့ခါးကိုလာဖက်သည်။ မျက်ခွံလေးကိုတအိအိနမ်းရတာကြိုက်သည်။ နှာခေါင်းချွန်အိအိလေးကို ငုံကိုက်ရတာလည်း ကြိုက်သည်။ မျက်ဝန်းထောင့်ကမှဲ့လေးကဆို သူ့ကိုမခွာနိုင်အောင်ဆွဲဆောင်လို့ နမ်းမဝ။ ပါးအိမို့မို့လေးတွေ နှုတ်ခမ်းပြည့်ပြည့် ရဲရဲလေးတွေကသူ့ရဲ့ နှစ်ခြိုက်ရာ ဘယ်တော့နမ်းနမ်း အလိုမပြည့်စေသောလေးတွေ။ ငုံထွေး စုတ်ယူပီး အလွှာလိုက်တမေ့တမောနမ်းသည်။

MineWhere stories live. Discover now