အိပ်ကောင်းချိန် ZiHong ဖုန်း vibrant က တဒွီဒွီ အော်မြည်နေသည်။ ဒီရက်ထဲ ZiHong ရော Yu Teng ပါ အလုပ်ပင်ပန်းလို့ နားရတဲ့ ရက်လေး ချက်ပြုပ်စားသောက် စောစော အိပ်ရာဝင်ကြသည်။ အိမ်ထောင်သက် နှစ်လကျော်က သာယာဖွယ်အပြည့် ။ အရိပ်တကြည့်ကြည့် ချစ်တတ်သူ ZiHong ရဲ့သတင်းက သူတို့လောကမှာတော့ စံတင်ဖွယ်ပဲ။ လက်ထပ်ပီးကာမှ ဘယ်လိုလေး Ro တာ ဘယ်လိုလေး လိုက်ဂရုစိုက်တာကအစ Couple fan အုပ်စုပါတောင့်တောင့်တင်းတင်းဖြစ်လာသည်အထိ။
နှစ်ယောက်တွဲ ကြော်ငြာရိုက်ပေးရသော Product သုံးလေးခုကြောင့် အရင်က ကင်မရာနောက်ကွယ်မှာနေတဲ့ ZiHong ပါ Model တပိုင်းဖြစ်လာသည်။ တကူးတက ကမ်းလှမ်းမှုတွေကြောင့် ငြင်းလည်းမငြင်းနိုင်လို့လက်ခံရာမှ နောက်ထပ်အလုပ်တွေပါဆက်လို့။
"ဒွီ"
အရင်နိုးလာသူက Yu Teng ။ ZiHong ရင်ခွင်ထဲကရုန်းထွက်ပီး စားပွဲပေါ်က ဖုန်းကို လှန်းယူရသည်။
"Ge -- Ge ဖုန်းလာနေတယ် "
"အင်းးးးး"
ငြီးငြူးပီး Yu Teng ကို ပြန်ဆွဲဖက်ပီး အိပ်နေပြန်သည်။
"Ge ထပါအုန်း ဖုန်းလာနေတယ် "
"ထားလိုက်ကွာ အိပ်ချင်တယ် "
"Ray Ge ဆီက Geရဲ့ အရေးကြီးလို့နေမှာ "
နိုးမလာတဲ့ လူကို ထပ်မနိုးတော့ပဲ ကိုယ့်ဘာသာပဲကိုင်လိုက်သည်။ ပုံမှန် Yu Teng မှာစည်းရှိသည်။ ZiHong ဖုန်းကို မကိုင်။ သူ့ဖုန်းလည်း ZiHong မကိုင်။
"Hello "
"------"
"ဟင် ဟုတ်လား "
"အခုက ဘယ်မှာလဲ ဘယ်ကိုလာခေါ်ပေးရမလဲ "
"--------"
"ဟုတ်ကဲ့လာခဲ့မယ်နော် ခဏ စောင့်ကြည့်ထားပေးပါ "
ဖုန်းချပီးတာနဲ့ Yu Teng လူးလဲထရသည်။
"Ge ထပါအုန်း Ray Ge ကို သွားခေါ်ရအောင်"
"အင်းးး "
"Ge မထရင် ကျတော့်ဘာသာသွားလိုက်ရမလား "
"ဟာ---- အချစ်ရာ ဘာတဲ့လဲ အဲ့ကောင်က "
"Ray Ge ဘားမှာ မူးနေတာ မထနိုင်ဘူး လာကြိုခိုင်းနေတာ သွားကြိုရအောင် "