အိမ်ပြန်ရောက်ပီလား "
ဒီစာတကြောင်းကိုပို့ဖို့ ZiHong စဥ်စားနေတာ ကြာပီ။ စာလုံးတွေက က typing အဆင့်မှတင်ဖျက်လိုက် ပြန်ရေးလိုက်။
ပို့လို့ကောင်းပါ့မလား။ တမျိုးများထင်သွားမလား။ အဆုံးသတ် မပို့ဖြစ်တဲ့စာကိုပြန်ဖျက်လိုက်သည်။ Contant အဖြစ်ရှိလာတဲ့ ဖုန်းNo ကလေးသည် သူ့ကိုစိတ်ရှုပ်ထွေးစေပီ။အိပ်ယာပေါ်လှဲချရင်း အပြုံးလှလှကို မြင်ယောင်လာပြန်တော့ အိပ်မရတော့။ ဘယ်လိုကြောင့် အခုလို ခံစားချက်တွေ ရှိနေရတာပါလိမ့်။ သူကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ခဏခဏ ချိုးဖောက်ချင်အောင် ဒီကောင်လေးကဆွဲဆောင်နေလွန်းသည်။ နောက်တကြိမ်ထပ်တွေ့ချင်စိတ်ကလည်း ထိန်းမရ ။ အလုပ်ကိစ္စရှိသေးသည် ဆိုတာဘယ်နေ့ပါလိမ့် ညကြီးမိုးချုပ်မဆက်စဖူး Ray ဖုန်းကိုခေါ်မိပီ။
"ဝေ့ "
တဖက်ကထူးလာတာတောင် ZiHong ဘာပြောရမယ်မသိသေး။
"Lens တွေ ဘယ်တော့ရောက်မလဲ "
"ဒီတပါတ် ထဲပဲ ရတော့မှာပါကွာ ငါမလိမ်ဘူး တကယ်မှာပေးထါးတယ် "
"အဟမ်း သိပါတယ် ဒါနဲ့ ရိုက်ရက်အသစ်တွေမင်းငါ့ကိုမပေးသေးဘူးမလား "
"လအစပဲရှိပါသေးတယ် လဝက်ကျော်ထဲ မင်းကိုပေးထါးသားပဲ ရိုက်ပီးသားတွေသာ အမြန် Edit ပေးပါကွာ "
"ငါရက်ချိန်စရာလေးရှိလို့ လကုန်ထိ ပေးလို့ရမလား "
"အခုလား "
Ray က အံအော်နေသည်။
"အင်းအခု အမြန် "
"ရော် ခဏစောင့် အခု Email နဲ့ပို့ပေးမယ် "
"အင်း အင်း "
မိနစ်အနဲငယ်အကြာ ဒီလဝက်စာပါမက နောက်လဝက်ထိ
ရိုက်ရက်အချိန်တွေ ရောက်လာသည်။ ZiHong အပြေးအလွားရှာမိတာက Yang Yu Teng နာမည်။"22 ရက်နေ့ "
ပါးစပ်ကပြောပီး အနီးနားစားပွဲတင် ပြက္ခတိန်မှာ မင်နီဝိုင်းပီး စတားလေးပါပြထားလိုက်သည်။ သူပြုံးနေမိတာကို သူ့ကိုယ်သူတောင်သတိမထားမိ။