Part-9🍂

1.8K 153 19
                                        

Unicode Ver:

At taehyung's side,,,,,,

ထယ်ယောင်းတစ်ယောက် ရုပ်ရှင်ကြည့်နေရင်းနဲ့မှ တောင် ဆိုတဲ့ စာဝင်သံလေး။Jimin ဆီကလားဆိုပြီးဝင်ကြည့်မိတော့ ခုနကမှ fri ဖြစ်ထားတဲ့သူ Hello တဲ့။ထယ်ယောင်းက Jiminဆီက စာမဟုတ်ရင်မပြန်။မပြန်ချင်တာထက် ကြောက်တာဆိုပိုမှန်လိမ့်မည်။ လူနဲ့ပက်သက်ရမှာကိုကြောက်တာ။မိဘအရင်းတောင် ပြောင်းလဲသေးတာပဲလေ။ seen သာပြပြီး စာမပြန်ဖြစ်။တခြားသူ‌ေတွဆိုလည်း စာမပြန်ရင် ဆက်မပို့ကြတာများသည်လေ။ဆက်ပြီး ရုပ်ရှင်ကြည့်နေရင်းမှ ထပ်ဝင်လာပြန်သော အသံကြောင့် လူကသိပ်ပြီးစိတ်မရှည်ချင်တော့။ ဝင်ကြည့်လိုက်တော့ Hello againတဲ့။တကယ်ကြောင်တောင်တောင်နဲ့။ထပ်ပြီး စာမပြန်ပြန်တော့ ဆက်တိုက်ရောက်လာသည့်စာများ။စိတ်ကလည်းရှုပ်လာတာနဲ့ ဘလော့လိုက်မိသည်။ဗိုက်ကလည်း အောင့်နေတာကြောင့်ရောစိတ်ညစ်တာရောပေါင်းပြီးဘလော့မိတာ။ရုပ်ရှင်လည်း ဆက်မကြည့်ချင်တော့တာနဲ့လိုင်းပိတ်ကာ အိပ်ပစ်လိုက်သည်။

မနက်နိုးတော့ထုံးစံအတိုင်း မနက်စာပြင်ပေးရတာကအလုပ်တစ်ခု။ညကအဖေအရက်သောက်ထားတာကြောင့် ခေါင်းမူးနေမှာစိုး၍ ပျားရည်လေးတစ်ခွက်ဖျော်ကာ အဖေရှိရာ အခန်းသို့ ဦးတည်မိသည်။ အခန်း‌ေရှ့ရောက်တော့ တံခါးခေါက်ရန်ကြံမိသော်လည်း အိပ်နေတာနဲ့တိုးရင် အရိုက်ခံရမည်စိုးသောကြောင့် တိတ်တိတ်လေးဝင်သွားမိသည်။ပြသနာက ထိုကစမည်ဆိုတာ ထယ်ယောင်းသိခဲ့လျှင်...

အခန်းထဲသို့ဝင်သွားမိတော့ အကျီလဲနေတဲ့ သူ့အဖေ...

Namjoon-မင်း ငါ့အခန်းထဲ ဘာလာလုပ်တာလဲ။

Tae-မနေ့က ဖေဖေသောက်လာတာ ခေါင်းမူးနေမှာစိုးလို့လေ။ပျားရည်လေးလာပို့ပေးတာ။

Namjoon-မင်းတော်တော်ယွနေလား။ယောက်ကျားတစ်ယောက်ရဲ့အခန်းထဲကိုခွင့်ပြုချက်မရှိဘဲ ဝင်ချင်သလိုဝင်ရလား။

Tae-ဖေဖေက သားဖေဖေလေ။ပြီးတော့ ဖေဖေအိပ်နေရင် အသံကြားရင်မကြိုက်လို့
သားကစေတနာနဲ့ပါ။

Namjoon-မင်းကစေတနာနဲ့ ယောက်ကျားတကာကိုလိုက်လုပ်ပေးနေတာပဲမလား။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now