Unicode Ver:
Jimin လည်းတုန်ေနတဲ့ထယ်ယောင်းကိုဖက်ထားရင်း မျက်ရည်များဝေ့သီနေသည်။အချိန်ကြာလာတော့မှ တဖြည်းဖြည်း ငြိမ်သွားသည့် ထယ်ယောင်း။
Jimin-ထယ်လေး အဆင်ပြေသွားပြီလား။
Tae-ခုနကလောက်တော့ မဆိုးတော့ပါဘူး။ကျေးဇူးပါပဲ။
Jimin-ထယ်လေးကို ကိုယ့်ညီလေးတစ်ယောက်လို သဘောထားလို့ပြောပြမယ်နော်။ဖြစ်နိုင်ရင် နောက်တစ်ခါ သူ့လိုကောင်မရှေ့မှာ ထယ်လေးပုံစံမပြနဲ့။ဘာမှ မဖြစ်သလိုနေပြ။နောက်ကွယ်ကျမှ ကိုယ့်ဆီလာပြော။သူ့ရှေ့မှာ ထယ်လေးဒီလိုဖြစ်လိုက်ရင် သူအထင်သေးသွားလိမ့်မယ်။နောက်တစ်ကြိမ် ထယ်လေးကို စိတ်ဒဏ်ရာတွေပေးလိမ့်မယ်။
Tae-ငါကြိုးစားပါ့မယ်။
Jimin-အင်း အခုတော့ ငါအိမ်ပြန်ပို့ပေးမယ်။ထယ်လေးကိုစိတ်မချလို့နောက်ကလိုက်လာတာ။ရှုပ်ပါတယ်။နောက်ဆို ဘယ်သွားသွား ကိုယ်ရှိနေမှဘဲ။
Tae-အင်းပါ ဂျီဂျီရဲ့။ပြန်ရအောင်။
At Namjoon's side,,,,
Namjoon တစ်ယောက် အမှန်တိုင်းပြောရရင် ထယ်ယောင်းကိုစိတ်ပူမိသည်။ဒီကလေး အမှန်တရားကိုရင်ဆိုင်နိုင်ပါ့မလား ဆိုပြီးတော့။အမှန်တော့ အစတည်းက ထယ်ယောင်းကို မမုန်း။ဒါပေမဲ့ ထယ်ယောင်းက သူ့အဖေအရင်းနဲ့ အတော့်ကိုတူတာကြောင့် ထယ်ယောင်းကိုမြင်ရင် နှိပ်စက်ချင်စိတ်တွေပေါ်ပေါက်လာရခြင်း။
ထယ်ယောင်းကို ထမင်းမကျွေးတဲ့နေ့ရက်တွေ သူလည်းမစားသည်ကိုတော့ သူတစ်ယောက်သည်သာသိသည်။သူနဲ့ပြသနာဖြစ်ပြီး အခန်းထဲ ကြိတ်ငိုတတ်သည့် ထယ်ယောင်းအကြောင်း၊ထယ်ယောင်းတစ်ယောက်တည်းပြောတဲ့စကားတွေ၊သူကြောက်တာတွေ အကုန်လုံးကိုလည်း သိနေသည်ဆိုလျှင်။
သို့သော်လည်း ချစ်တာကိုထုတ်ပြရမှာထယ်ယောင်းအပေါ်ကောင်းပေးရမှာကို သေမလောက်ကြောက်သည်။သူ့အဖေတုန်းကလည်း သူဒီလိုကောင်းပေးခဲ့လို့ သူ့ကိုဒီလိုလုပ်ခဲ့တာဆိုတော့။ထယ်ယောင်းကို ရွံစရာလို့ပြောမိတဲ့အချိန် Namjoon မျက်စိထဲမှာ ထယ်ယောင်းအဖေကိုသာ မြင်နေသည်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
VOCÊ ESTÁ LENDO
𝘚.𝘰.𝘧.𝘵(Completed)
Fanficအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021