Part-13🍂

1.5K 136 30
                                    

Unicode Ver:

Jimin-အကိုဘာလုပ်သင့်လဲဆိုတာ ကျွန်တော် အကြံပေးရရင် ထယ်လေးကို ကလေးလေးတစ်ယောက်လိုမျိုး စောင့်ရှောက်ပြီးအလိုလိုက်မှ ရလိမ့်မယ်။သူ့ဒဏ်ရာတွေကို အကောင်းဆုံး ကုစားပေးပြီး လောကကြီးမှာ သူယုံကြည်လို့ရတဲ့ လူတွေရှိသေးပါလားဆိုတဲ့ အသိကိုသွင်းပေးရလိမ့်မယ်။ဒါပေမဲ့ အဲ့လိုလုပ်ဖို့အတွက်လည်း တစ်ဖက်ကနှိက်စက်နေတာတွေလျော့သွားဖို့လိုတယ်။

Jk-ဟုတ်တယ်။သူ့အဖေကတော့ ဒီပုံအတိုင်းဆို ဒီလိုပဲဆက်လုပ်နေမှာပဲ။အကိုတို့နှစ်ယောက်ကပဲ ထယ်လေးကို အကောင်းဆုံးဂရုစိုက်ပေးရလိမ့်မယ်။အကို့ကိုထယ်လေးနေ့စဉ်နေ့တိုင်း ဘာတွေဖြစ်ထားတယ်။ဘယ်လိုဆို‌တာတွေ ပြောပြပေးလို့ရမလား။

Jimin-ရတယ် အကို။ကျွန်တော့်ကို Facebook မှာ add ထားလိုက်ပါ။ကျွန်တော့်အကောင့် အကိုသိမှာပဲ။တကယ်လို့အကိုသိချင်တာရှိရင် အချိန်မရွေးကျွန်တော့်ကို လာမေးနိုင်ပါတယ်။

Jk-အကို အရမ်း ကျေးဇူးတင်ပါတယ်။အမှန်တိုင်းပြောရင် ထယ်လေးကို အကိုတွေ့ချင်တာ။ဒါပေမဲ့ ထယ်လေးက အဆင်မပြေဘူးဆိုရင်လည်း...

Jimin-ဒီလိုလုပ် အကို။အခုကတော့ ဆေးရုံဆင်းမှာ ဘာညာနဲ့ဆိုတော့ သူလည်းပင်ပန်းနေမှာ။သူအဆင်ပြေလောက်မဲ့နေ့ကျရင် အကိုကို့ကျွန်တော် ဖုန်းဆက်ပါ့မယ်။တကူးတက လာတွေ့တာမျိုးမဟုတ်ဘဲနဲ့ မတော်တဆ တွေ့တဲ့ပုံစံမျိုးကို လုပ်ပါ။မဟုတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး။

Jk-ကျေးဇူးပါဗျာ။ဒါဆို ကျွန်တော် ဆေးရုံမှာညဂျူတီမို့လို့ ခွင့်ပြုပါဦး။

Jimin-ကောင်းပါပြီ။

Jimin လည်း jk ပြန်သွားတာနဲ့ အနီးအနားက ပေါင်မုန့်ဆိုင်မှာ ထယ်ယောင်းအတွက် အနည်းငယ် ဝင်ဝယ်ရင်း။ဆေးရုံကို ပြန်လာလိုက်သည်။ဆေးရုံကထယ်ယောင်းရှိတဲ့အခန်းထဲသို့ရောက်တော့ ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေပါတဲ့ ကလေးငယ်။

Jimin-ထယ်လေး သတိရပြီလား။ဘယ်လိုနေသေးလဲ။ဗိုက်အောင့်သေးလား။ထယ်လေးရာ အရမ်းစိတ်ပူသွားတာ။

Tae-မင်းငါ့ကို မထားခဲ့ဘူးပေါ့နော်။

Jimin-ထယ်လေး ဘာတွေပြောနေတာလဲဟင်။

𝘚.𝘰.𝘧.𝘵(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ