Unicode Ver:
ထယ်ယောင်းလည်းရှိသမျှ ခံစားချက်အစုံကိုဖွင့်ထုတ်ကာအတန်ကြာအောင်ငိုကြွေးခဲ့သည်။ထို့နောက်မှာတော့...
Jimin-ကဲ ဘယ်လိုလဲ။ငိုလို့ဝသွားပြန်ပြီလား။
Tae-ဝပြီ။ဟီးဟီး။စိတ်ကမပျော်ပေမဲ့ လုပ်နေကျအတိုင်း ပျော်ချင်ယောင်တော့ဆောင်ရမယ်လေ။
Jimin-ဒါဆို ငါလည်းပြန်အုံးမယ်။ငါမင်း
ေနရာကိုအပြည့်အဝ ဝင်ပြီးမခံစားပေးနိုင်ပေမဲ့ တစ်ဝက်လောက်တော့ ခံစားပေးလို့ရတယ်။Tae-အင်း ကျေးဇူးပါ။မင်းကငါနဲ့မတူဘူး။မိဘတွေကလည်းသိပ်ချစ်ကြတာ။အရမ်းတန်ဖိုးရှိတဲ့ကျောက်ကောင်းတစ်ပွင့်လေး။
Jimin-ထယ်လေး ငါတစ်ခုပြောမယ်။စိန်ကောင်းကျောက်ကောင်းဆိုတာ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့သာရရင် လူတွေအများစုက စိန်ကောင်းကျောက်ကောင်းရွေးတဲ့အလုပ်ပဲ လုပ်တော့မှာပေါ့။တစ်ချို့အရာတွေက စွမ်းအင်တွေကမြုပ်နေတတ်တယ်။ကောင်းကောင်းသွေးပေးနိုင်မှ အ
ေရာင်တလက်လက်ထလာပြီး တန်ဖိုးကြီးသထက်ကြီးလာတာ။မင်းကအဲ့လိုလူမျိုးပဲ ထယ်လေး။ဒါကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဘူးလို့မတွေးနဲ့။Tae-အင်းပါ။ငါကဒီမြေပေါ်ရှိမနေသင့်တဲ့လူတစ်ယောက်လို့ထင်တယ်။မင်းကလွဲပြီးငါ့ကိုပယ်ကြတယ်။အဖေတောင်မှလေ။ငါသာဆွဲမထားရင်ပြတ်တောက်သွားမဲ့ဆက်ဆံရေးမျိုးတွေ ငါစိတ်ကုန်နေပြီ။
Jimin-ဒီလိုမျိုးတွေ မတွေးမိအောင်နေ။မင်းလိုလူမျိုးက အတိတ်ကိုမေ့ပစ်နိုင်ရင်အကောင်းဆုံးပဲသိလား။ငါကိုယ်ချင်းမစာတာ မဟုတ်ပေမဲ့ မင်းကောင်းဖို့အတွက် ငါပြောတာပါ။ငါ့ကိုတော့ တစ်မျိုးမမြင်စေချင်ဘူး။
Tae-မြင်စရာလား။မင်းကငါ့အတွက် ဘယ်လိုလူမျိုးမို့လို့လဲ။ငါပြောချင်ရင်တောင်ပြောမထွက်အောင် တန်ဖိုးထားရတဲ့သူ။ငါ့ရဲ့နာကျင်စရာအတိတ်ေတွကိုငါလည်းမေ့ပစ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ ငါမေ့အံ့ဆဲဆဲဖြစ်လာပြီဆိုရင် သူတို့တွေကငါမေ့ပစ်ချင်တဲ့ဖြစ်ရပ်တွေနဲ့ ထပ်တူကျတဲ့လုပ်ရပ်မျိုးကို ပြန်လုပ်ကြတယ်။ငါမေ့ချင်ရင်တောင် သူတို့လုပ်တဲ့ပုံစံတူဒဏ်ရာတွေကြောင့် အတိတ်ရော လက်ရှိပါ စိတ်ပင်ပန်းရတယ်။ငါအရမ်းနာကျည်းတယ်။ဒါပေမဲ့ ငါမမုန်းနိုင်ဘူး။
YOU ARE READING
𝘚.𝘰.𝘧.𝘵(Completed)
Fanfictionအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021