Unicode Ver:
ထယ်ယောင်းတစ်ယောက် အပေါ်ထပ်အခန်းထဲသို့ရောက်လျှင်ရောက်ချင်း တစ်ခုတည်းသောမှီခိုရာဖက်တွယ်ရာ ခေါင်းအုံးလေးအားမျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။
Tae-ငါအရမ်းစိတ်ကုန်နေပြီ မင်းသိလား။ငါမနေချင်တော့ဘူး။ဒီမှာ ငါ့အတွက်နေရာမရှိဘူး။ဒါပေမဲ့ ထွက်လည်းမသွားနိုင်ပြန်ဘူး။ဘာလို့ဆို ဖေဖေ့ကိုငါချစ်တာသိတယ်မလား။ငါထပ်ခါထပ်ခါကျူးလွန်ဖူးတဲ့အမှားတစ်ခုကိုပြန်ကျူးလွန်သင့်လား။ဒါပေမဲ့ ငါ့ကိုဒီလိုမလုပ်ဖို့ ဂျီဂျီမှာထားတယ်။ပြီးတော့ ကိုကို။ကိုကို့ကိုလွမ်းလိုက်တာ။ခုချိန်ဆို ကိုကိုပျော်နေလောက်ပြီပေါ့နော်။ကိုကို့ကိုလွမ်းပေမဲ့ မတော်တဆပြန်တွေ့မိခဲ့ရင်တောင် ငါရှောင်နေမိမှာ။အရင်ကလောက်လည်းရင်းနှီးလွယ်ပြီးနီးကပ်တော့မှာ မဟုတ်ဘူး။ငါလူတွေကိုကြောက်တယ်။အဲ့လူကငါ့အတွက်ဘယ်လောက်အရေးပါနေပါစေ ငါကြောက်တယ်။ကိုကိုလည်းငါ့ကိုစိတ်ပျက်မှာပဲ။မိဘအရင်းတောင် ငါ့ကိုမကြည်ဖြူတာ သူစိမ်းတစ်ယောက်က ငါ့အရာရာကိုနားလည်မယ်တဲ့လား။တင်းကြပ်နေတဲ့စိတ်တွေကိုလွှတ်ချလိုက်ချင်ပြီ။ငါအရမ်းပင်ပန်းတာမင်းသိတယ်မလား။မင်းလည်းငါ့မျက်ရည်တွေကြောင့်အနေခက်ရောပေါ့။ငါဂျီဂျီ့ကိုအာမ မခံထားတဲ့အရာတစ်ခုရှိတာ မင်းသိတယ်မလား။ငါလုပ်မှဖြစ်မယ်ထင်တယ်။ငါ့ဆီကထွက်တဲ့သွေးကိုမမြင်ရရင် ငါအရမ်းတင်းကြပ်ပြီးအသက်ရှူရခက်လာလိမ့်မယ်။နှလုံးကအောင့်လိုက်တာ။တစ်ခုခုဆို အကြောင်းပြချက်မရှိမျက်ရည်ကျတာနဲ့ေနကောင်းဖြစ်တာကို အမုန်းဆုံးပဲ။ဗိုက်လည်းဆာတယ်။ဖေဖေ ထမင်းမကျွေးတာများတော့ အစာအိမ်ကလည်းမခံနိုင်တော့ဘူးထင်ပါရဲ့။
အဲ့လိုပြောပြီးချိန်မှာတော့ လှပတဲ့ဓားရာလေးက လက်ကောက်ဝတ်ထက်နေရာယူလျက်။
ထယ်ယောင်းတစ်ယောက်တည်းစကားတွေပြောကာငိုကြွေးနေမိတယ်။သူ့ရင်ခွင်ထဲကခေါင်းအုံးလေးကလည်းစိုရွဲလျက်။
Tae-အင်း ငိုလို့ပြီးပြီ။ငါ့ဘဝကလည်းငိုလိုက် အလုပ်လုပ်လိုက် နှိပ်စက်ခံလိုက်နဲ့ပဲ အသားတောင်ကျနေပြီ။ သူများတွေက ပြောကြတယ်။ပျော်လို့လိုင်းသုံးကြတယ်။ပိုစ့်တွေတင်ကြတယ်တဲ့။ငါကျတော့ရော။ပျော်စရာရှာဖို့ပျော်ဖို့လိုင်းသုံးရတယ်။သူများတင်တဲ့ပိုစ့်တွေကပျော်လို့တင်တာပေမဲ့ ငါတင်တာတွေက ပျော်ဟန်ဆောင်ပြီးတင်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။သူတို့ကပြောကြတယ်။ငါကအရမ်းကံကောင်းတဲ့ကောင်လေးပဲတဲ့။ဘယ်သူကတော့ ကိုယ့်အကြောင်းကို publicမှာချပြပြီး အရှက်ကွဲခံမှာလဲ။ကိုယ့်ပေါင်ကိုလှန်ထောင်းရမှာ။
YOU ARE READING
𝘚.𝘰.𝘧.𝘵(Completed)
Fanfictionအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021