Unicode Ver:
Jk တစ်ယောက် မနက် ခုနစ်နာရီထိုးတော့ ပေါက်စအိမ်သို့သွားရန်အတွက် အကုန်ပြင်ဆင်ပြီးဖြစ်သည်။မိဘတွေကိုတော့ပြောစကာမလိုတော့။ညတည်းကပင် အပျော်စို့၍ တစ်အိမ်လုံးကိုနှိုးကာ ပြောပြထားသည်။
ရေမွှေးကိုဟိုဟာစွတ်ရကောင်းလားယဒါစွတ်ရကောင်းလား ဗျာများနေသော ကောင်လေးပါပင်။
Jk-ပေါက်စက ငယ်ငယ်ဆို အနံ့ပြင်းပြင်းကြီးတွေ မကြိုက်တတ်ဘူး။ရတယ်ဆိုရုံသင်းသင်းလေးတွေ ကြိုက်တာ ဆိုတော့ အင်းအပျော့ဆုံးလေးပဲစွတ်သွားလိုက်ပါ့မယ်လေ။
ထို့နောက် ရှိုးစမိုးအပြည့်ဖြင့် ပေါက်စဆီသို့ ထွက်ခဲ့လိုက်သည်။ဟိုရောက်တော့ Jiminက တံခါးလာဖွင့်ပေးသည်။ရှေ့သို့ နည်းနည်းမျှော်ကြည့်လိုက်တော့ ထယ်ပေါက်ရဲ့ဖေဖေ။ပိစိကို မတွေ့တော့ မျက်စိကိုဝေ့ဝဲကာ ရှာမိသည်။ဒါကိုသိသော Jimin က ...
Jimin-အကို ထယ်လေးက အိပ်နေတုန်းတဲ့။
Jk-အော် ဟုတ်လား။အင်းပါ။အကိုက စောရောက်လာတယ်ထင်တယ်။
Namjoon-သားလေးက တမင်စောစောခေါ်တတ်တဲ့အကျင့်လေးတော့ရှိတယ်။မငြိုငြင်ပါနဲ့ကွယ်။
Jk-မငြိုငြင်ပါဘူးဗျာ။စိတ်ချ။
Namjoon-မနက်စာကတော့ သားလေးနိုးမှ တူတူစားကြမယ်နော်။မဟုတ်ရင် ကလေးက မကောင်းတာတွေတွေးပြီး ဝမ်းနည်းနေမှာ စိုးလို့။
Jk-ဟုတ်ကဲ့။
Namjoon-ဒါဆို သားလေးကိုသွားနှိုးကြလေ။
Jimin-ဟုတ် အကိုသွားကြမယ်လေ။
Jk-ဟင့်အင်း အကိုမလိုက်တော့ဘူး။နိုးနိုးချင်းမြင်လိုက်ရရင် လန့်သွားမှာစိုးလို့ပါ။ညီလေးကပဲ အောက်မှာ အကိုရောက်နေတယ်ပြောပြီးခေါ်လာခဲ့ပါလား။
jk မျက်နှာမကောင်းသည်ကိုမြင်သော Namjoon က ခေါင်းလေးအသာငြိမ့်ပြလိုက်တော့။
Jimin-ဟုတ်ပါပြီ။ဒါဆို အကို မနက်စာစားဖို့အသင့်စောင့်နေနော်။
Jk လည်းပြုံးရုံသာပြုံးပြပြီး မနက်စာဝိုင်းပြင်ပေးရန်စီစဉ်လိုက်သည်။စိတ်ထဲတွင်တော့။
YOU ARE READING
𝘚.𝘰.𝘧.𝘵(Completed)
Fanfictionအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021
