Part-27🍂

1.3K 112 15
                                        

Unicode Ver:

Tae-ဟီး သွားရအောင်။ဆော့ချင်နေပြီ။

Namjoon-ဟုတ်ပါပြီဗျာ။

Namjoon တို့ ကစားကွင်းသို့ရောက်တော့

Tae-ဖေဖေ ဒီနေ့ကလူမရှိသလိုပဲနော်။ပိတ်ရက်ကြီးလူရှိနေရမှာကို။

Namjoon-အော် ကလေးလေးရယ်။သူတို့လည်း ပိတ်ရက်မှာ နားချင်တာနဲ့ တိုက်ဆိုင်သွားလို့ နေမှာပါ။လူမရှိတာ သားလေးအတွက်လည်း အဆင်ပြေတယ်မလား။

Tae-အင်း အဲ့ဒါတော့ ဟုတ်တယ်။သားကိုယ်သားလည်းစိတ်ပျက်မိတယ် ဖေဖေရယ်။

Namjoon-အဲ့လိုမတွေးရဘူးလေ ကလေးရဲ့။ဘယ်သူတွေ ဘာပဲပြောပြော သားကသာ သားကိုချစ်တဲ့သူတွေအတွက် အဖိုးတန်လေးပါ။

Tae-ဟုတ်။

Namjoon-ကဲလာ သွားဆော့ရအောင်။

ထယ်ယောင်းတို့ဆော့နေသည်မှာ အချိန် အတော်ကြာမြင့်နေပြီဖြစ်သည်။Namjoon တစ်ယောက် သူ့သားလေးကိုလိုက်ထိန်းနေရင်းနဲ့မှ သားလေးပျော်ရွှင်နေတာကိုမြင်တော့။

Namjoon-သားလေးရယ် ဖေဖေ့အမှားတွေကြောင့် သားရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတာ ဘယ်လောက်ကြာနေပြီလဲ။ပြန်တွေးမိတိုင်း ဖေဖေ တကယ်စိတ်မကောင်းပါဘူး။အခုလို သားရဲ့ပုံရိပ်လေးတွေကို အကြာကြီးမြင်ချင်သေးတာ။ဒါပေမဲ့ ဖေဖေမြင်နိုင်ပါတော့မလားတောင် မသိဘူးသား။သားအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာတောင် တစ်ခါတည်းနဲ့ ခွင့်လွှတ်ပေးတဲ့အထိ သားကဖြူစင်လွန်းတယ်။သားလိုကလေးမျိုးကို ဖေဖေ့ရဲ့အကြောင်းတွေ ဘယ်လိုပြောထွက်မှာလဲ။တစ်ချိန်ကျ သားကိုထားသွားရင် ဖေဖေ့ကိုထပ်ပြီး အပြစ်မတင်ဘူးမလား။ပေါက်ကရတွေလည်းလျှောက်မလုပ်ရဘူး။သားကိုချစ်တဲ့ကိုကိုနဲ့ သူငယ်ချင်း နားမှာပဲ နေမယ်မလား။ဖေဖေ ရှိတုန်းကထက် ပိုပျော်ပေးမယ်မလား။ဘာပဲဖြစ်နေနေ သားကတော့ ပြုံးထားပေးရမယ်။အင်း သားရှေ့မှာ ဖေဖေသေခဲ့ရင်တောင် ပြုံးပြုံးလေးပဲနေပေးမယ်မလား။

တစ်ယောက်တည်းစကားတွေပြောနေတုန်း အနားကိုရောက်လာပါတဲ့ ကလေးငယ်။

Tae-‌ေ‌ဖဖေ ဘာတွေပြောနေတာလဲ။တစ်ယောက်တည်း။သားခေါ်တာတောင် မကြားဘူး။

𝘚.𝘰.𝘧.𝘵(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ