Unicode Ver:
Namjoon-သားလေး သားလေး ဖေဖေ့ကို သေချာကြည့်ပါသားရယ် နော်။
ထယ်ယောင်းမျက်နှာလေးအား အုပ်ကိုင်ကာ ပြောလေတော့ ထယ်လေးကရီပြကာ။
Tae-မငိုပါနဲ့ဗျာ။အိပ်မက်ထဲက ဖေဖေငိုတာလေးက သားငိုတာနဲ့ တစ်ထပ်တည်းပဲ။သားငိုရင်လည်းလေ မျက်ရည်တွေက ဒလဟောကျတာပဲ။ဖေဖေ့ရဲ့အကြည့်တွေက အချစ်တွေပြည့်နေလိုက်တာ။တကယ်သာဆို ကျွန်တော် ရူးလောက်တယ်။မဖြစ်စလောက်လေးကောင်းတာတောင် ငါ့အဖေက ငါ့ကိုချစ်တယ် ဆိုပြီး ဂျီဂျီ့ကို ကြွားသေးတာ။သူများတွေထင်သလို သားလည်းရူးနေပြီထင်ပါတယ်။
Namjoon-ကလေးလေး သားလေး။အခုဖြစ်နေတာတွေက အစစ်ပဲ သား။အိပ်မက် မဟုတ်ဘူး။ဖေဖေ တောင်းပန်ပါတယ်။သားကိုနာကျင်စေခဲ့မိတယ်။ဖြစ်ခဲ့သမျှ အရာရာ အတွက် တောင်းပန်ပါတယ် သားရယ် နော်။
ထယ်လေးလည်း ထိုအခါမှ အသိစိတ်ဝင် မျက်ရည်များကျကာ။
Tae- တ တကယ်လား။ဟားဟား ရီရပြန်ပြီ။အပိုတွေပါ။ပြီးရင်လည်း အရင်တိုင်းပြန်ဖြစ်မှာပဲဟာ။ငယ်ငယ်တုန်းကလည်း တစ်သက်လုံးချစ်ပါ့မယ် ဆိုပြီး သားကို အယုံသွင်းခဲ့တာလေ။မေ့နေပြီလား။ဘာလဲ နှိပ်စက်ဖို့ နည်းလမ်းပြောင်းလိုက်တာလား။မလိုပါဘူး ဖေဖေရယ်။အခုနည်းအတိုင်းလည်း သားနာကျင်ပါတယ်။သားစိတ်ဆင်းရဲဖို့အတွက် ဖေဖေ မညာပါနဲ့။
Namjoon-မဟုတ်ပါဘူး သားရယ်။မဟုတ်ပါဘူး။
Tae-ငိုကြပြန်ပြီ။တွေ့လား ဒါကြောင့်ပြောတာ။သားကသူများအတွက်ဆို စိတ်ဆင်းရဲစရာတွေပဲပေးတဲ့သူ။ဒီလောကမှာနေနေပြီးတော့ အသုံးမဝင်တဲ့ အလကားလူဆိုတာ။
Jimin-ထယ်လေး စိတ်ကိုထိန်းစမ်း။နိုးလိုက်တော့။ အခု မင်းအဖေပြောနေတာတွေ အကုန်လုံး အမှန်တွေ။ငါတို့တွေ သေချာဆွေးနွေးခဲ့ပြီ။မင်းအဖေရဲ့အမုန်းတွေ မင်းအပေါ် မရှိတော့ဘူး။
Tae-တကယ်လားဖေဖေ။ဒါမဲ့ သားယုံလို့ရပါ့မလား မသိဘူး။တကယ်လို့ သားကြောင့် ဒီလိုလုပ်ရတယ် ဆိုရင် မပြောင်းလည်းဖြစ်တယ်။ဖေဖေနှိပ်စက်တာတွေ သားကြိုက်ပါတယ်။တစ်ယောက်ယောက်က ခြိမ်းခြောက်လို့လား ဟမ်။
KAMU SEDANG MEMBACA
𝘚.𝘰.𝘧.𝘵(Completed)
Fiksi Penggemarအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021