Unicode Ver:
Yoongi's wife-ရော့ ညမလေး ဒီမှာ။
Namjoon's wife-ဟုတ်မမ ကျေးဇူးပါ။
Yoongi မိန်းမပေးတဲ့ ခွက်ကိုသောက်ပြီးပြီးချင်းမှာပဲ သွေးတွေအန်ကာ....
Namjoon-ဟာ မိန်းမ ဘာဖြစ်တာလဲ။ဟာ သတိထားပါအုံး ဟာ။
Tae-မေ မေမေ... ကိုကိုရေ မေမေကသွေးတွေနဲ့ အီးဟီး ဘာဖြစ်တာလဲ။
Jk-လာ ကိုကို့ဆီလာ။မကြည့်နဲ့အုံး။
Namjoon-အဆိပ်ပဲ။မင်း မင်းလုပ်တာမလား။ဘာအငြိုးတွေရှိလို့လဲကွာ။မင်းကိုငါမုန်းတယ်။မင်းကြောင့် မင်းကြောင့် ငါ့မိန်းမ။အား
Yoongi-မဟုတ်ဘူး။မှားနေပြီ။ငါတို့ကလုပ်မလား မဟုတ်ဘူးနော်။
အသုဘအခမ်းအနားတွင်,,,,
Namjoonတစ်ယောက် ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ ငိုင်နေမိသည်။ထိုအချိန် ထယ်ယောင်းက ...
Tae-ဖေဖေ မေမေကသားတို့ဆီပြန်မလာတော့ဘူးလားဟင်။
Namjoon-မင်း ငါ့နားမလာနဲ့။ကောင်းကျိုးမပေးတဲ့အကောင်။မင်းကြောင့် ငါ့မိန်းမသေတာ။မင်းကို အဲ့အိမ်ကအကောင်နဲ့သဘောတူမိလို့ မင်းဆီက ကံဆိုးမှုတွေ ငါ့မိန်းမဆီရောက်တာ။
Tae-အဲ့လိုမဟုတ်ပါဘူးဖေဖေ။သားကိုမမုန်းပါနဲ့နော်။ဟင့်။
Namjoon-ငါမင်းကို အနားမကပ်နဲ့လို့ပြောနေတယ်လေ!
ဟုဆိုကာ ထယ်ယောင်းအားဆောင့်တွန်းလိုက်သည်။ထယ်ယောင်းလည်းလန့်သွားပြီးအော်ငိုကာ အပြင်ဖက်ပြေးထွက်သွားတော့သည်။
ထိုအချိန် Yoongiတို့မိသားစုက အခမ်းအနားအဝင်ဝမှာ...Jkက ထယ်ယောင်းပြေးထွက်လာတာမြင်တော့...
Jk-သား ထယ်ပေါက်ဆီလိုက်သွားတော့မယ်။ဖေဖေတို့ပဲဝင်တွေ့လိုက်တော့။
ဒါနဲ့ထယ်ယောင်းနောက်ကိုပြေးလိုက်သွားတော့ ခုံတန်းလေးပေါ်ထိုင်ကာ ခေါင်းငိုက်စိုက်ချပြီးငိုနေပါသော ကလေးလေး...
Jk-ထယ်ပေါက်ရေ...
ထယ်ယောင်းလည်း Jk ကိုမြင်တော့ ဖက်လိုက်ကာ...
Tae-ကိုကို ဖေဖေကသားကိုမုန်းနေတယ်။သားကြောင့်မေမေသေတာ။သားကို ကိုကိုနဲ့သဘောတူလို့ သားရမဲ့ကံဆိုးမှုတွေရောက်လာတာတဲ့။ အီးဟီး မေမေသေတော သားကြောင့်လား ကိုကို။
VOUS LISEZ
𝘚.𝘰.𝘧.𝘵(Completed)
Fanfictionအက်ရာတွေများနေတဲ့နှလုံးသားတစ်စုံကိုစိတ်လိုလက်ရနွေးထွေးမှုပေးပါရစေ... Taekook(Unicode+Zawgi) Start date-27.10.2021 End date-4.12.2021