Part-31🍂

1.4K 124 24
                                        

Unicode Ver:

ထယ်ယောင်းလည်း လက်တွေတုန်တုန်ယင်ယင်နဲ့ သူတစ်ခါမှ မခေါ်ခဲ့ဖူးတဲ့ ထယ့်ရဲ့မူပိုင် ဆိုတဲ့ contact name ဘေးက call လေးကိုနှိပ်လိုက်မိသည်။တော်တော်ကြာသည်အထိ မကိုင်။ကြည့်ရတာ အိပ်နေပြီထင်သည်။အင်းလေ အချိန်ကလည်း ညဆယ့်နှစ်တောင် ထိုးခါနီးပြီးဆိုတော့။

အနှောင့်အယှက်ဖြစ်မယ်လို့တွေးမိပြီး ဖုန်းချရန် ပြင်လိုက်စဉ် ဟိုဘက်ကနေ ဟလို ဆိုတဲ့ အသံလေး။ဒီအသံလေးကို သူဘယ်လောက်လွမ်းနေခဲ့ရလဲ။ရင်ထဲမှာ ကိုကိုလို့ အကြိမ်ပေါင်းများစွာခေါ်နေပေမဲ့ လက်တွေ့တွင်ထွက်မလာ။တုန်ရင်နေသောလက်များက ပို၍တုန်လို့လာသည်။အာခေါင်များခြောက်ကပ်ကာ အသက်ရှူမမှန်တော့သဖြင့် ဖုန်းကိုချပစ်လိုက်ရသည်။

Tae-တောင်းပန်ပါတယ် ကိုကို။ထယ် ခုချိန်ထိ အဆင်သင့်မဖြစ်သေးဘူးထင်တယ်။ထယ် ထယ်တောင်းပန်ပါတယ်။ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်မိတယ်။စာရိုက်ရင် အဆင်ပြေလို့ အရင်လိုပြန်ဖြစ်လာပြီထင်ခဲ့တာ။ထယ်မှားနေပြီထင်တယ်။တောင်းပန်ပါတယ်။

ထယ်ယောင်းတစ်ယောက်အခန်းထောင့်မှာ ဒူးလေးထောင်၍ဒူးပေါ်မျက်နှာအပ်ကာ တိတ်တဆိတ် ငိုကြွေးနေမိသည်။

At Jk's side,,,

Jk တစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျပြီဖြစ်သည်။ရုတ်တရက်မြည်လာသော ဖုန်းသံကြောင့် မကိုင်ချင်လို့လှည့်ပတ်အိပ်နေပေမဲ့ ဆေးရုံက အရေးကြီးလို့များလားဆိုတဲ့ စိတ်နဲ့ contact name ကိုမကြည့်ဘဲ မျက်လုံးများမှတ်လျက်ကာ ကိုင်လိုက်မိသည်။

ဟလိုလို့ ပြောပါသော်လည်း တစ်ဖက်မှ ဆက်ပြောမလာပင်။ထူးဆန်းသည်ဟုထင်မိပေမဲ့ အိပ်ချင်နေတာကြောင့် မျက်လုံးများက မဖွင့်ချင်။ထို့ကြောင့် သူပြောလာမည့်အချိန်ကိုသာ ဖုန်းကိုင်ရင်း စောင့်နေလိုက်သည်။အတန်ကြာသည်အထိ အသံထွက်မလာတာကြောင့် ဖုန်းချရန်ပြင်လိုက်စဉ် တစ်ဖက်မှ ဟင့် ဆိုတဲ့ရှိုက်သံလေး။

မဟုတ်မှ ဒီအသံလေးက ပေါက်စရဲ့အသံ?jk တစ်ယောက်ပျော်လည်းပျော် ကလေးငယ်စိတ်ဆိုးမှာလည်းကြောက်ရနဲ့ ပြာယာခတ်ကာ ပြန်ထူးရန်ပြင်လိုက်စဉ် ကျ‌သွားသောဖုန်း။

𝘚.𝘰.𝘧.𝘵(Completed)Donde viven las historias. Descúbrelo ahora