Part-16🍂

1.3K 117 20
                                    

Unicode Ver:

Jiminလည်း ထယ်ယောင်းကို ခေါ်ကာတခြားနေရာသို့ထွက်လာလိုက်သည်။‌သူ့လက်ကိုကိုင်ထားတာတောင် တစ်ကိုယ်လုံးတုန်နေတဲ့ ထယ်ယောင်းကိုကြည့်ရတာ ရင်ထဲဝယ်ပြောပြ၍ မရအောင် နာကျင်လှသည်။

Jimin-ထယ်လေး လာဒီနားမှာ ခနနားရအောင်။

Tae-ငါ့ကိုဒီမှာ ထားခဲ့မလို့လား။ဟင့်အင်း မလုပ်ပါနဲ့နော်။ငါဒီလိုမျိုးတောင်းပန်ပါတယ်။နော် မင်းခြေထောက်ကိုဖက်ပြီးတောင်းပန်ပါတယ်။မင်းပါငါ့ကိုပစ်ရင် ငါသေပြီနော်။ငါနောက်နေတာ မဟုတ်ဘူး။

Jimin လည်းမျက်ရည်များကျကာထယ်ယောင်းကိုဖက်ထားလိုက်ပြီး

Jimin-ထယ်လေးရာ။ကိုယ်မင်းကိုမထားခဲ့ဘူးနော်။စိတ်ချ။ထယ်လေးလွှတ်ချရင်တောင် ကိုယ်ကမြဲနေအောင် ဆွဲထားမှာ။ကိုယ်စပြီးပက်သက်ခဲ့တည်းက ထားခဲ့ဖို့ပက်သက်ခဲ့တာ မဟုတ်လို့ စိတ်ကိုအေးအေးထားလိုက်နော်။ဒီမှာ ခနနားတာ ထယ်လေးစိတ်ငြိမ်သွားဖို့အတွက်။ကဲ အခုတိတ်တော့နော်။ရှူး။လိမ်မာတယ်။စိတ်အေးအေးထား။ရှူး။အသက်ကိုဝအောင်ရှူ။လိမ်မာတယ်။ရှူး။

အချိန်အနည်းငယ်အကြာ ထယ်ယောင်းငြိမ်သွားပြီဆိုတော့မှ။

Jimin-အိုက်ဂူး။ကိုယ့်ကလေးလေးက အရမ်းလိမ်မာတာပဲ။ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ဘယ်သူကထားခဲ့ရမှာလဲ။

Tae-ဒါဆို ကတိနော်။

Jimin-ကတိပါဗျာ။ကတိ။

ထိုအခါမှ လေးထောင့်ဆန်တဲ့အပြုံးလေးများပေါ်ထွက်လာကာ ရီပြပါသောကလေးငယ်။

Jimin-ကလေးလေး။ဒီလိုလေးပဲ ရီနေမှပေါ့။ငိုလိုက်ရီလိုက် မလုပ်ရဘူး အရူးလေးရဲ့။

Tae-ဂျီဂျီအတွက် ထာဝရအရူးလေး။အရူးငယ်လေးလေ။ဟီးဟီး။

Jimin-ဟားဟား။အလည်လေး။ကဲ ကိုယ်တော်ချော ဘာမှမစားရသေးဘူး။လာ ဟိုနားမှာ မုန့်ဆိုင် သွားစားမယ်။

Tae-အခုသွားရင်ရော ခုနကလူကြီးနဲ့တွေ့အုံးမှာလားဟင်။

Jimin-မတွေ့တော့ဘူး။သူပြန်သွားပြီ ဟုတ်ပြီလား။

𝘚.𝘰.𝘧.𝘵(Completed)Onde histórias criam vida. Descubra agora