Part-33(Final)🍂

3.2K 123 26
                                    

Unicode Ver:

တစ်နှစ် အင်းပေါ့။အချိန်တွေတောင် ဒီလောက်ထိကြာသွားခဲ့ပြီပဲ။အခုဆို ထယ်ယောင်းလေးရဲ့စိတ်ကလည်း အရင်လို ဆိုးဆိုးဝါးဝါးကြီး မဟုတ်တော့။တစ်ခါတစ်ခါတော့ အားငယ်တတ်တာ ဝမ်းနည်းတတ်တာ လေးတွေ ရှိသေးသည်။သို့သော်လည်း အကုန်လုံးက အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးကြသဖြင့် အခုဆိုလူတွေနဲ့လည်း အရောတဝင် နေတတ်လာပြီဖြစ်သည်။

ထယ်ယောင်းလေး‌အမေရဲ့အမှုကိုလည်း စုံထောက်ကြီး Jung Hoseok ရယ်၊ရှေ့နေ Kim Seokjin ရယ်တို့ အစွမ်းကုန်ကြိုးစားပေးမှူကြောင့် သက်သေတွေ တစတစ ထွက်ရှိလာခဲ့ရာ အခုဆို ထောင်ချမည်ဆိုလျှင်တောင် ရနေသည့်အနေအထား။

Namjoon ကလည်း တစ်ဖြည်းဖြည်းနဲ့ရောဂါ အခြေအနေက ဆိုးလို့လာသည်။ဗိုက်မအောင့်တဲ့အချိန်ဆိုတာ မရှိတော့။တခြားသူတွေနဲ့ရှိနေချိန်ဆို ရောဂါဝေဒနာကို အလူးအလဲ ခံစားရတဲ့ပုံကိုပြလေ့ရှိပြီး သားဖြစ်သူ ထယ်ယောင်းနှင့်ဆိုလျှင်တော့ လုံးဝကိုလူကောင်းပကတိတိုင်း။ဒီလိုဟန်ဆောင်‌ေကာင်းသည့်အတွက်ကြောင့် ဖြူစင်တဲ့ထယ်ယောင်းလေးက မသိသေး။

Namjoonတို့အိမ်မှာ စုမိနေတုန်း။

Jin-ဒီနေ့ အစီအစဉ်တွေ အကောင်အထည် ဖော်လို့ရပြီ။

Namjoon-အင်း ဒီနေ့ကိုဘယ်လောက်‌ေတာင်မျှော်နေခဲ့ရလဲ။

Jk-ကျွန်တော် အခု ရဲမှူးနဲ့စုံထောက်ကို ဖုန်းဆက်လိုက်တော့မယ်။

*ဟလို စုံထောက်ကြီးတို့ ဟိုလူတွေကိုဖမ်းလိုက်ပါတော့။*

At Wobin's house,,,

Wobin- ဒီနေ့ငါ့စိတ်ထဲလေးနေတယ် သမီး။

Sobin-သမီးရောပဲ ဖေဖေ။ မနေ့က Jk ကိုသွားတွေ့တော့လည်း နင်တို့နဲ့ပက်သက်မှူ ရပ်တန့်ရတော့မှာပါလို့ပြောလိုက်တာကိုစိတ်ထဲထင့်နေတယ်။

ထိုသို့ပြောနေချိန် တံခါးကိုဆောင့်ကန်ကာ သေနတ်ချိန် ဝင်လာပါသော ရဲများ။

Wobin-မိုက်ရိုင်းလှချည်လား။လူနေအိမ်ကွ။စောက်စည်းကမ်းတွေမရှိကြတာ ရဲတွေဖြစ်ပြီးတော့။

စုံထောက်ကြီးက နောက်ကနေထွက်လာကာ

Hoseok-ခွေးပါးစပ်က နတ်စကားထွက်ရတယ်လို့။နားခါးချက်ပဲ။

𝘚.𝘰.𝘧.𝘵(Completed)Donde viven las historias. Descúbrelo ahora