MARCH 29,2011(UNI)

1.1K 96 14
                                    

ကျွန်တော် ချန်းယောလ်ကို စီနီယာ၊ဟျောင်း မခေါ်ဘဲ နာမည် ကိုင်ခေါ်လေ့ရှိသည်။

' ချန်းယောလ် ကျွန်တော် ....'

ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ချန်းယောလ်ကနောက်နှစ်တွင် တက္ကသိုလ် တတ်ရတော့မည်။ချန်းယောလ် ‌အထက်တန်းနောက်ဆုံးနှစ်မှာ ကျွန်တော့်အချစ်ကို ဝန်ခံရန်ဆုံးဖြတ်ချက် ချထားသည့်အတွက် ဒီနေ့ ကျွန်တော် ချန်းယောလ်ကို ဖွင့်ပြောရန်ကော်ဖီဆိုင်တွင် ချိန်းဆိုခဲ့သည်။တကယ် လက်တွေ့မှာတော့ ချန်းယောလ်အကြည့် စူးစူးတစ်ချက်မှာတင် ကျွန်တော် ချွေး‌စေးတွေ ထွက်လာရသည်။ စကားတို့သည်လည်း  ဆက်မထွက်လာနိုင်ခဲ့။

'ဂယောင်ဆူး မင်း ပြောမှာလား။ ငါ ပြန်လိုက်ရမလား '

ချန်းယောလ်သည် စိတ်ရှည်တတ်သူ မဟုတ်။ ဒါကို ကျွန်တော် အချိန်ဆွဲနေသည့်မှာ တစ်နာရီ တိတိရှိ‌နေပြီ။ချန်းယောလ်လည်း ဒေါသထွက်ရောပေါ့။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ဒီအတိုင်း ပျင်းလို့ ကော်ဖီ သောက်ဖို့ ခေါ်တာပါလို့ ပြောလိုက်ရမလား။မဟုတ်‌သေးဘူး။ကျွန်တော် အခုမပြောဖြစ်ရင် နောက်ဆို ပိုလိုတောင် မဖြစ်နိုင်သေး။ကျွန်တော်ရှေ့မှာ ချ‌ထားတော့ ကော်ဖီခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မျက်စိဆုံးမှိတ် လိုက်ပစ်သည်။ ဘာပဲဖြစ်ဖြစ်။ဒီထက်ပို ချန်းယောလ် ဒေါသမထွက်ခင်။

'ချန်းယောလ် ကျွန်တော် ! ချစ်တယ်'

'ဘယ်သူကိုလဲ'

ကျွန်တော့်နဖူးကို လက်ညိုးဖြင့် ထိတွေ့ရင် မေးလာသည့် ချန်းယောလ်ကြောင့်  အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်ကို သေချာ  ပြူးကြည့်နေတဲ့ ချန်းယောလ် မျက်ဝန်းတွေနဲ့ အကြည့် စုံလေရဲ့။ အဲ့အကြည့်တွေက ကျွန်တော် အားနည်း ချက်ဖြစ်သည်။ နောက်တစ်ကြိမ် မျက်စိ မှိတ်ပစ်လိုက်ရင်းး

'ချစ်တယ်။ ချန်းယောလ်ကို ကျွန်တော်ချစ်တယ်'

'မျက်စိဖွင့် ဂယောင်ဆူး '

'..........'

ကျွန်တော် မျက်စိ မှိတ်ထားဆဲ။ ဘယ်လိုလုပ်ရမလဲ ။ ကျွန်တော်မှာ သူ့အကြည့်ကို ရင်မဆိုင်ရဲတာ။ကျွန်တော်ကို သူ့အကြည့်တွေက လှောင်ပြောင်နေမလား။ မုန်းနေမလား။ ရွံစရာ အကောင်လို တွေးနေမလား။ ကျွန်တော် ကြောက်သည်။

DREAMWhere stories live. Discover now