September ,2011 🍎
ဒီနေ့ ကျွန်တော် ကိုရီးယားကို ပြန်မည်။နောက်နေ့ ကျောင်းပြန်ဖွင့်မှာဖြစ်သည့်အတွက် တစ်ရက်စော ပြန်မှာ အဆင်ပြေမည်။
လေဆိပ်သွားတဲ့လမ်းမှာ ဆိုင်က ပြန်ရလာသည့်ဖုန်းလေးကို စက်ဖွင့်ကြည့်တော့ တတ်လာတဲ့နိုတီတွေက တတောက်တောက်နှင့်။အများဆုံးက ချန်းယောလ်ဆီက ဖြစ်ပြီး ကျန်တာကတော့ ဆယ်ဟွန်းနှင့် ဆူဟိုဆီကဖြစ်သည်။
စာတွေကို တစ်ခုခုချင်းဆီ လိုက်ဖတ်ကြည့်တော့ ချန်းယောလ်က ကျွန်တော်ကို စိတ်ပူလိုက်၊စိတ်ဆိုးလိုက် ဖြစ်နေတဲ့ဟန်။
*ဂယောင်ဆူး မင်း ဘယ်မှာလဲ*
*မင်း အခု ပေကျင်းမှာလား*
*ဘာလို့ ငါကို မပြောသွားတာလဲ*
*မြန်မြန် ပြန်လာခဲ့။မဟုတ်ဘူး ဒီစာကို မြင်ရင်း ငါကို ပြန်ဆက်သွယ်ပေး*
*ဂယောင်ဆူး ငါကို စိတ်ပူအောင် မလုပ်စမ်းနဲ့*
*မဟုတ်မှ မင်း ငါဆီက ထွက်ပြေးသွားတာလား*ချန်းယောလ်ဆီကစာတွေကို ဆက်မဖတ်နိုင်စွာ ကျွန်တော် ဖုန်းဆက်ဖြစ်တယ်။တီတီ မြည်နေသည့်ဖုန်းဝင်သံအလိုက် ကျွန်တော့်ရင်ခုန်သံတွေကလည်း ထပ်တူကျနေသည်။
'ဂယောင်ဆူး!မင်း အခု ဘယ်မှာလဲ!'
ဖုန်းဝင်ပြီ မကြာ။ချန်းယောလ်ရဲ့ ဩရှရှအသံက ထွက်ပေါ်လာသည်။ကျွန်တော် လွမ်းနေတာ။လွမ်းနေခဲ့တာ။ဒီအသံလေးတွေကို အရမ်း လွမ်းနေခဲ့တာ။
'ကျွန်တော် အခု ကိုရီးယား ပြန်လာနေပြီ'
'ဘာလို့ ငါကို ပြောမသွားတာလဲ!ဟမ်'
' မောင်ကို ပြောချိန် မရလိုက်လို့ပါ'
ဖေဖေနဲ့မေမေက အလုပ်ကိစ္စကြောင့် ကျွန်တော်အား လိုက်မပို့ပေးနိုင်။ကားမောင်းသမား ဦးလေး လိုက်ပို့ပေးတာဆိုပေမဲ့ ကိုရီးယားစကား နားမလည်တာမို့ စိတ်ပူစရာမလို၍ စိတ်လွတ်လက်လွတ် မောင်လို့ ခေါ်ကာ ပြောမိနေခြင်းသာ။
'ဖုန်းက ဘာလို့ပိတ်ထားတာလဲ'
'ဖုန်းကလည်း ပျက်သွားလို့ပါ။ပြီးတော့ ကျွန်တော် ပြန်ရောက်တာနဲ့ မောင်သိချင်တာ အကုန်လုံး ပြောပြပေးမှာမလို့ စိတ်မဆိုးပါနဲ့နော်'
YOU ARE READING
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...