April 12 🍎
ဆယ်ဟွန်း အထက်တန်းကျောင်းသားဘဝကတည်း ကိုကိုနဲ့တွဲလာတာ အခုဆို(၆)နှစ်ပြည့်ပြီ။ဒီကြားထဲ စိတ်ဆိုး၊စိတ်ကောက် ဖြစ်တာလည်း ခဏ ခဏပင်။များသောအားဖြင့် ဆယ်ဟွန်းချည်း ဒိုင်ခံစိတ်ကောက်သူ ဖြစ်ပြီး ကိုကိုကတော့ တစ်ခါတစ်လေမှ စိတ်ကောက်သူဖြစ်၏။ကိုကို စိတ်ဆိုးရင် ဆယ်ဟွန်းကို တစ်ပတ်လောက် မခေါ်၊မပြောဘဲ ပစ်ထားတတ်၏။ထိုအချိန်တွေဆို ဆယ်ဟွန်း ရင်တွေနာရသည်။မျက်နှာလေး မြင်ချင်ပေမဲ့ကိုကိုက အတွေ့မခံဘဲ ပတ်ပြေးတတ်သည်။
ကိုကိုစိတ်ဆိုးရင် ဆယ်ဟွန်းမခံစားနိုင်၍ နောက်ပိုင်း ဆယ်ဟွန်း ကိုကို့မကြိုက်သည့်အရာများကို မလုပ်တော့ပေ။ဆရာဝန်ဖြစ်သည့်ကိုကို ,ကို သိပ်လည်း မရစ်ရက်တော့ပေ။ကိုကိုမှာ လူနာတွေအချိန်ပြည့်ကြည့်နေရ၍ မအိပ်ရသည့်ရက်တွေက များသည်။ကိုကို့မျက်နှာလေးဆို အမြဲချောင်ကျပြီး မျက်ကွင်းလေးတွေလည်း ညိုနေတတ်၏။သို့သော် ကိုကိုက အပြုံးမပျက်ဘဲ
သူ့လူနာတွေကို သိပ်ဂရုစိုက်တာ။တစ်ခါတစ်လေဆို ဆယ်ဟွန်းသာ ကိုကို့ရဲ့ပင်တိုင် လူနာသာ ဖြစ်ချင်တော့တယ်။ဆယ်ဟွန်းသဘောကတော့ လက်ထပ်ပြီးရင် ကိုကို ကို ဆရာဝန်အလုပ်ကနေ ထွက်ပြီး အိမ်မှာပဲ အေးဆေးနေစေချင်သည်။သူ့ဝါသနာပါရာ အလုပ် လုပ်နေရရင် ပျော်ရွှင်နေတဲ့ကိုကိုကြောင့် ဆယ်ဟွန်း တစ်မျိုးတစ်ဖုံး စဉ်းစားရ၏။ကိုယ်ပိုင်ဆေးခန်းလေးသာ ဖွင့်ပေးရင် ကိုကို့ဝါသနာပါသည့်အလုပ်လည်း စွန့်လွှတ်စရာမလိုသလို ဆယ်ဟွန်းလည်း စိတ်ချမ်းသာရမည်။
ထိုအတွေးတွေနှင့်အတူ ဆယ်ဟွန်း ကိုကို,ကို လက်ထပ်ခွင့်တောင်းဖို့ရာ စိတ်လှုပ်ရှားရသည်။
တစ်ခါမျှ မွေးနေ့ပါတီမလုပ်တဲ့ဆယ်ဟွန်းက
ဒီနှစ် ဘာစိတ်ကူးပေါက်လဲ မသိဘူး။မွေးနေ့ပါတီကို အထူးတလည် ခမ်းခမ်းနားနား ကျင်းပ၏။
ကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်နေသောလူငယ်တစ်ယောက်အနေနှင့် ဆယ်ဟွန်းမွေးနေ့က အတော်လေး လူစည်ကား၍ ခမ်းနားကြီးကျယ်လွန်း၏။ဆယ်ဟွန်းမွေးနေ့မှာ အရေးကြီးတဲ့လူနာရောက်မလာဖို့ရာ ဆူဟို ရင်တမမဖြင့် ဆုတောင်းရသည်။
လူနာနဲ့ဆယ်ဟွန်းယှဉ်လာရင် ဆူဟိုက လူနာကိုပဲ ရွေးမိမှာပါ။ထိုအခါ ဆယ်ဟွန်းက စိတ်ဆိုးရလိမ့်မည်။မွေးနေ့မှာ မွေးနေ့ရှင်လေးကို စိတ်မကောင်း မဖြစ်စေချင်တာ စိတ်ရင်းအမှန်ဖြစ်၏။
YOU ARE READING
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...