MARCH 22,2017*(UNI)

849 77 21
                                    


သားလေး နေမကောင်းဖြစ်ပြီးကတည်းက ကျွန်တော်တို့သားအဖ ချန်းယောလ်နဲ့အတူ
ကိုရီးယားကို လိုက်လာခဲ့၏။ချန်းယောလ်က သားလေးနဲ့ကျွန်တော်အပေါ် လိုတာထက် ပို၍ ဂရုစိုက်၏။အလုပ်တွေ ရှုပ်နေပေမဲ့ ကျွန်တော်တို့ သားဖနှစ်ယောက်ကို အချိန်ပေး၏။သားလေးနဲ့ ကျွန်တော် အိပ်နေတဲ့အချိန်မှာ အလုပ်တွေ ထလုပ်တတ်၏။တစ်ည ကျွန်တော် တရေးနိုးတော့ ချန်းယောလ် ကျွန်တော့်အနားမှာ မရှိပါ။ကျွန်တော်တို့သားအဖကို ထားသွားပြီးလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဆောက်တည်ရာ မရစွာ လိုက်ရှာခဲ့ရာ ဧည်ခန်းထဲမှာ အလုပ်တွေ လုပ်နေတဲ့ ချန်း‌ယောလ်ကို တွေ့ခဲ့ရ၏။

မျက်ရည်တွေနဲ့ကျွန်တော်ကို မြင်တော့ ချန်း‌ယောလ်က အပြေးအလွှားရောက်လာ၏။အဲ့ညက ချန်းယောလ် ကျွန်တော်တို့သားအဖအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို ကောင်းကောင်းသိခဲ့ရ၏။

အလုပ်မှာ ပြဿာနာတတ်ပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ ကျွန်တော်ကို နည်းနည်းလေးတောင် ပေးမသိခဲ့ဘူး။ချန်းယောလ်က သူ့အပူတွေကို ကျွန်တော်ကို မပေးဘဲ တစ်ယောက်တည်း ကြိတ်ဖြေရှင်းခဲ့၏။အလုပ်ထဲမှာ စိတ်ရှုပ်မှုတွေ ၊မပြေလည်မှု‌တွေ၊စိတ်တိုစရာအဖြစ်အပျက်တွေ၊စိတ်ညစ်စရာတွေကို ကျွန်တော်တို့သားအဖအပေါ် တစ်စွန်းတစ်စလေးမျှ မပုံချခဲ့ဘူး။အပြုံးမပျက်ဘဲ နွေးထွေးမှုတွေအပြည့်ပေးခဲ့၏။အရစ်သန်တဲ့သားလေးကိုလည်း စိတ်ရှည်စွာ ၊အပြုံးလေးတစ်ခုနှင့် သားလေး ရစ်သမျှ ပြုံး၍ ဖြေရှင်းပေးတတ်၏။ကျွန်တော်သာ ချန်းယောလ်နေရာမှာဆို ဒီလောက်ကြီးမားတဲ့ပြဿနာကြားအနည်းဆုံးတော့ စိတ်တို၊စိတ်ရှုပ်မိမှာ သေချာသည်။ကျွန်တော်နဲ့သားလေးအပေါ်ထားတဲ့ချန်း‌ယောလ်ရဲ့မေတ္တာချစ်ခြင်းမေတ္တာက ထူးခြားပြီး လေးနက်လွန်းပါ၏။

*ဂျောင်ဆူးဟျောင်း ကျွန်တော့်အိမ် လာလည်ပါလား။မုန့်လုပ်စားရအောင်*

ကျွန်တော့်အတွေးတွေကို ရပ်တန့်စေတဲ့ ဆယ်ဟွန်း၏ မတ်ဆေ့ခ်ျလေးတစ်စောင်။

ကျွန်တော်လည်းအိမ်မှာတစ်ယောက်တည်းဖြစ်နေသည့်အတွက် အချိန်ဆွဲမနေတော့ဘဲ ကားသော့ယူ၍ ဆယ်ဟွန်းတို့အိမ်ဘက် ထွက်လာလိုက်တယ်။ဒီနေ့
ချန်းယောလ်က နယ်ဘက်ခရီးထွက်သွားသည်။သားလေးလည်း သူ့ဒယ်ဒီမရှိရော။
သူ့ဦးလေးနှစ်ယောက်ခေါ်ရာ နောက် ကောက်ကောက်ပါအောင် လိုက်သွား၏။

DREAMDonde viven las historias. Descúbrelo ahora