ချန်းယောလ်ကိုချစ်လှပါပြီဆိုတဲ့သားလေးက တစ်ချိန်လုံး သူ့စကားဆို နားထောင်လာခဲ့ပြီးမှမင်္ဂလာဆောင်အတွက် အဝတ်အစားရွေးတဲ့အချိန်မှာ စ,ရစ်တော့တာပါပဲ။သားလေးမွေးနေ့မှာ မင်္ဂလာဆောင်ရန် ရွေးချယ်မိတာကို သူ နောင်တရချင်လာ၏။သားလေးက မွေးနေ့ကို အကြောင်းပြု၍ သူကို အနိုင်ယူနေ၏။
'ဒယ်ဒီ အဖြူရောင် ဝတ်ဆိုနေ'
'.မဝတ်ချင်ဘူး. ဒယ်ဒီက.အမဲရောင်ပဲ ဝတ်ချင်တာ'
နဂိုတည်းက လူကောင်ထွားသူမလို့ အဖြူရောင် Suit ဝတ်လိုက်ရင် တအားပေါ်လွင်သွားမှာ စိုး၍ သူ အဖြူရောင် မဝတ်ချင်ပေ။ဒါကို သားလေးက မရမကာ ချန်းယောလ်ကို အဖြူရောင်Suit အတင်း ဝတ်ခိုင်းနေ၏။
'အမဲရောင်က ပါပါးနဲ့သား ဆင်တူဝတ်မှာမလို့။ ဒယ်ဒီက အဖြူရောင်ဝတ်...မရဘူး.ဒယ်ဒီက.အဖြူရောင်ပဲ ဝတ်ရမယ်'
'သားလေး အမဲရောင် ဝတ်ချင်တာ ရတာပေါ့။
ဒယ်ဒီနဲ့ ဆင်တူဝတ်ကြမယ်လေကွာ.။ဒယ်ဒီတို့သားအဖ ဆင်တူတွေနဲ့ တအားချောနေမှာ''မဟုတ်ဘူး...ဒယ်ဒီနဲ့ဆင်တူမဝတ်ချင်ဘူး..ပါပါးနဲ့ပဲ ဝတ်ချင်တာ'
နှုတ်ခမ်းကြီး တထော်လောက်နဲ့ စိတ်ကောက်နေတဲ့သားလေးဆန္ဒကို သူ လိုက်လျောချင်ပေမဲ့ သူကိုယ်တိုင်ကလည်း အဖြူရောင် မဝတ်ချင်ဖြစ်နေ၏။ဘေးနားက ဂျောင်ဆူးကတော့ သူတို့သားဖနှစ်ယောက်ကြား ဘာမှဝင်မပြောဘဲ ပြုံး၍ ကြည့်နေ၏။ဂျောင်ဆူးပြောရင် သားလေးက ရမှာကို ။ဂျောင်ဆူးကလည်း သူဘက်က နည်းနည်းလေးတောင် ကူမပြောပေးဘူး။
'သားလေးကလည်း ဒယ်ဒီကို မသနားဘူးလား'
'ဒယ်ဒီကော သားကို မသနားဘူးလား။အဲ့နေ့က သားမွေးနေ့နော်။မွေးနေ့ရှင်ဆန္ဒာ လိုက်လျောပေးရမှာပေါ့'
ဂျောင်ဆူးကို သူ ထုတ်သုံးနေကျမျက်နှာငယ်လေးက သူ့သားနဲ့ကျတော့ အလုပ်မဖြစ်ဘူးပဲ။
'လာပါအုံး...ပါပါးရဲ့သားလေးက အမဲရောင်ဝတ်ချင်တာလား'
မနေတာတော့တဲ့ဂျောင်ဆူးက သားလေးကို တစ်လှည့် လာချော့၏။
'အွန်း..ပါပါးနဲ့ဆင်တူ ဝတ်ချင်တာ'
'ဒါဆို...ဒီလိုလုပ်။ပါပါးနဲ့ ရှပ်အင်္ကျီအဖြူဆင်တူဝတ်ပြီး ကုတ်နဲ့ဖဲကြိုးလေးကို ဒယ်ဒီနဲ့အမဲရောင်ဆင်တူဝတ်လိုက်နော်...'
YOU ARE READING
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...