DECEMBER 15,2017*(UNI)

665 62 16
                                    


ဂျီဆောင်း ဘဝမှာ တစ်ခါမျှ မတွေးခဲ့ဖူးဘူး။
အသက်၁၀နှစ်အရွယ်မှာ အမှတ်မထင် တွေ့ခဲ့တဲ့ကောင်လေးတစ်ယောက်က ဂျီဆောင်းချစ်ရတဲ့သူ ဖြစ်လာမယ်လို့ ဂျီဆောင်း ယောင်လို့တောင်
မတွေးခဲ့ဖူး။2011 တုန်းက Chinese Program တစ်ခုမှာ ချန်းလော့က Child Singer အနေနဲ့ Jisung က Child Dancer အနေနဲ့ တွေ့ခဲ့တာကို ဂျီဆောင်း မှတ်မိသေးတယ်။အဲ့တုန်းက ဘာသာစကား မတူတဲ့သူတို့နှစ်ယောက်ကို
အစ်ကိုဂျောင်ဆူးက ဘာသာပြန်လုပ်ပေးခဲ့တာ။ပြီးတော့ အဲ့နေ့က  ချန်းလော့က ဂျီဆောင်းကို ဘူလက်ဆိုတဲ့ နာမည်လှလှလေးကိုလည်း ပေးခဲ့တယ်။

အခုလည်း ချန်းလော့က ထိုနာမည်ခေါ်နေဆဲဆိုပေမဲ့ ဂျီဆောင်းက ဘူလက် မဟုတ်တော့ပါ။
အမြဲလိုလို အီးပုံတွေ ဆွဲပြီး ဂျီဆောင်းကို လာပေးတတ်တဲ့ချန်းလော့ကို  ဘာကြောင့် ချစ်မိသွားမှန်း ဂျီဆောင်း စဉ်းစားမရပေ။ခဏ ခဏ ငြင်းခုံ ရန်ဖြစ်နေတဲ့ကြားမှာ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတာ  အံ့ဩစရာကောင်း၏။

ဂျီဆောင်းအတွက် ချန်းလော့က နံပါတ်(၁)ဦးစားပေးချစ်ရသူဆိုပေမဲ့
ချန်းလော့ကတော့ သူ့သမီးဒယ်ဂါရယ် သူ့တူရယ် ပြီးမှ ဂျီဆောင်းက နံပါတ်(၃)နေရာမှာ ရပ်တည် နေ၏။တစ်ခါတစ်လေဆို ဂျီဆောင်း မပြောချင်ပေမဲ့ အချိန်တိုင်း၊အမြဲတိုင်းဆိုတော့ ဂျီဆောင်း သည်းမခံနိုင်တော့တာ အမှန်ပင်ဖြစ်၏။ချန်းလော့ကို ဒယ်ဂါနဲ့ဖြစ်ဖြစ်၊တူလေးနဲ့ဖြစ်ဖြစ် ဂျီဆောင်း သဝန်တို၏။

ချန်းနီးလေး ချန်းလော့ကို ဦးလေးလို့ စ,ခေါ်တတ်တုန်း (RBM)$1000 အစ်ကိုဂျောင်ဆူးဆီ လွှဲပေးပြီး နှစ်သစ်ကူးလက်ဆောင်ဆိုပြီး ချန်းလော့က သူ့တူလေးကို  ပေးပစ်၏။အစ်ကိုဂျောင်ဆူးကိုလည်း *ဒါ..တူလေးအတွက်. နှစ်သစ်ကူးလက်ဆောင် ..ကော..မသုံးပစ်နဲ့ *လို့ ထပ်ခါ ထပ်ခါ မှာခဲ့တာ ဂျီဆောင်း အခုထိ မှတ်မိသေး၏။ပြီး‌တော့ ချန်းနီးလေးက ဦးလေးလို့ တစ်ခါခေါ်တိုင်း နှစ်သစ်ကူးလက်ဆောင်ဆိုပြီး  (RBM)$1000 ပေးတတ်သေးတာ။

ချန်းလော့က သူ့ရသမျှ ဝင်ငွေကို သူ့တူလေးနဲ့ သူ့သမီးလေးဒယ်ဒါအတွက်သာ သုံးဖြုန်း၏။အခုဆို ပိုဆိုးတယ်။ ချန်းနီးလေး ပူဆာတာ အကုန်ဝယ်ပေးပစ်တာပါပဲ။ ချန်းလော့က ဂျီဆောင်းအတွက်ဆိုပြီး ချိုချဉ်တောင် လက်ဆောင် မ‌ပေးဖူးဘူး။

DREAMWhere stories live. Discover now