2016(UNI)

666 85 14
                                    

August25,

နှစ်,နှစ်ကျော်အထိ ကိုရီးယားကို အခြေမချရဲသည့်ကျွန်တော် ချန်းလော့ရဲ့ debutကို ဂုဏ်ပြုဖို့ရာ ကိုရီးယားမြေကို ရောက်လာခဲ့သည်။ကြောက်လန့်ရသည်။ချန်းယောလ်နဲ့ ပြန်တွေ့မှာကို။တွေ့ခဲ့ရင်လည်း ကျွန်တော် ရင်မဆိုင်ရဲပါ။

ချန်းယောလ်နဲ့ယှဉ်ပြီး သားလေးကို ရွေးခဲ့တာမို့ထိုကိစ္စချန်းယောလ်သိလို့ မဖြစ်။အကယ်၍ သိသွားခဲ့ရင် ကျွန်တော်ကို ရွံ့စရာအကောင်ဆိုပြီး မုန်းသွားမှာ..။ချန်းယောလ်နဲ့ဝေးရာအရပ်မှာ နေနိုင်ပေမယ့် ချန်းယောလ်ဆီက အမုန်းကိုတော့ မခံစားနိုင်တာ အမှန်ပင်။

သားလေးက ကျွန်တော်အတွက် အမြဲဂုဏ်ယူစရာဖြစ်သည်။သားလေးအကြောင်းပြောနေရရင် ကျွန်တော် ပျော်‌သည်။သားလေးအကြောင်းကို ကျွန်တော်နှင့်သိကျွမ်းသည့်မည်သူကိုမဆို ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်တဲ့ကျွန်တော်က ချန်းယောလ်ကိုတော့ ထိုကိစ္စ ယောင်ရမ်းလို့တောင် ထုတ်မပြောနိုင်။ယုတ်စွာအဆုံး ထုတ်ပြောဖို့စိတ်ကူးထဲတောင် ရှိမနေပါ။ပြန်၍လည်း ချန်းယောလ်နဲ့ မတွေ့ဆုံချင်ပါ။စိတ်နာသွားတာ၊မချစ်တော့တာမဟုတ်ဘဲ ဖုံးကွယ်ထားတဲ့ထိုကိစ္စကို မသိစေချင်ရုံသာ။

သားလေးကို ရှန်ဟိုင်းမှာ ထားခဲ့ချင်ပေမယ့် တူလေးကို သိပ်ချစ်တဲ့ချန်းလော့က အတင်းမရမကာ ခေါ်ဖို့ပူဆာ၍ မလွှဲသာ၊‌မရှောင်တာ ခေါ်ခဲ့ရသည်။ကိုရီးယားမြေမှာ ကြာရှည်နေတာ သားလေးနဲ့ကျွန်တော်အတွက်‌ကောင်းတာမရှိနိုင်။အဲ့တော့ ပွဲပြီး နောက်နေ့ ရှန်ဟိုင်း ပြန်မည်။

သား‌လေးခရီးပင်ပန်းမှာ စိုးရိမ်၍ ချန်းလော့ဒယ်ဗြုဒိတ်(August25)မတိုင်မှီ တစ်ရက်စောလာရ၏။သားလေးက ငယ်သေးလို့ထင်ပါရဲ့။ပင်ပန်း တာ သိပ်မခံနိုင်ပါ။

ချန်းလော့က ပြောတယ်။ဒီ‌နေ့ပွဲက ၃နာရီမှာစမယ်တဲ့လေ။တစ်ရက်စောလာတဲ့အကျိုးကျေးဇူးကြောင့် ကျွန်တော် အတွက်အချိန်ပိုနေ၏။မတွေ့တာကြာနေပြီဖြစ်တဲ့ ဆယ်ဟွန်းတို့နှင့် တွေ့ရန် ဆုံးဖြတ်လိုက်တယ်။သားလေးကိုတော့ ချန်းလော့တို့နှင့်အတူ ထားခဲ့ရမှာပဲ။

DREAMWhere stories live. Discover now