ချန်းယောလ်ရဲဖုန်းမြည်သံ ကျယ်ကျယ်ကြောင့်ဖက်လက်စစာအုပ်ကို ပိတ်၍ ကုတင်ပေါ်မှာဖုန်းကို လှမ်းကြည့်ဖြစ်သည်။ဖုန်းစခရင်ပေါ် အခန့်သား နေရာယူထားတဲ့ နာမည်လေးက မိုချီတဲ့လေ။'မိုချီ ?'
တစ်ခါမျှမကြားဖူးတဲ့ ထိုနာမည်ကို အသံထွက်ရေရွတ်ဖြစ်သည်။မိန်းကလေးနာမည်လား၊ယောင်္ကျားလေးနာမည်လား၊ခွဲခြား မရတဲ့ထိုနာမည်ပိုင်ရှင်က ဘယ်သူဖြစ်မလဲ။ချန်းယောလ်ရဲ့တက္ကသိုလ်က သူငယ်ချင်းများလား။ဒါမှမဟုတ် ချန်းယောလ်ရဲ့.....
'ဘာလို့လဲ'
ရေချိုးခန်းမှာ ချန်းယောလ်ဘယ်အချိန် ထွက်လာသလဲ မသိတဲ့အထိ ထိုနာမည်အပေါ်အတွေးလွန်းနေသည့် ကျွန်တော်အဖြစ်က ရယ်စရာကောင်းသား။
'မောင့်ဖုန်းလာလို့'
ဖုန်းလေးကို မြှောက်ပြလျက် ချန်းယောလ်ကို ပြုံးပြလိုက်သည်။တကယ်တော့ ကျွန်တော့်ရင်ဘက်ထဲမှာ ချန်းယောလ်မမြင်နိုင်တဲ့ အမည်မသိ ခံစားချက်တစ်ချို့ရှိနေခဲ့သည်။
'ဘယ်သူလဲ'
ဆံပင်ကို တဘတ်နဲ့ အသုတ်မပြတ်ပြန်မေးလာသည့် ချန်းယောလ်။
'မိုချီတဲ့'
'ငါဖုန်းခေါ်ထားတာ ။
သူအခုမှအားလို့ဖုန်းပြန်ခေါ်တာနေမယ်'ချန်းယောလ် ပြောလို့မှမဆုံးသေး။ဝင်လာတဲ့ဖုန်းလေးကြောင့် ချန်းယောလ်လက်ထဲ ဖုန်းထည့်ပေးလိုက်သည်။
'ဟျောင်း!'
ချန်းယောလ်အနား အရမ်းနီးကပ်နေ၍ တစ်ဖက်ကသံစူးစူးကို ကြားလိုက်ရသည်။။ထိုအသံကြောင့် ကျွန်တော် ယောင်ရမ်းကာ နားပိတ်ဖြစ်သည်။ပါးချိုင့်လေးနစ်နေအောင် ပြုံးလိုက်သည့်ချန်းယောလ်က ထိုအသံကို ကျင်သားရနေပုံဖြစ်သည်။
'ပတ်ခ်အိမ်တော်က အငယ်ဆုံးလေးက အသံအတော်ကျယ်တာပဲ'
ထိုနာမည်ပိုင်ရှင်မှာ ချန်းယောလ်ဆွေမျိုးထဲကဆိုတာ သိလိုက်ရ၍ တစ်ဆက်တည်း ချန်းယောလ်ကို ကျွန်တော် အားနာမိသည်။ အခုနောက်ပိုင်း ဘယ်သူနဲ့မျှ မတွဲတော့ပဲ ငြိမ်နေတာသောသူကို ကျွန်တော်က သံသရာရက်တယ်။
YOU ARE READING
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...