2012(UNI)

669 76 11
                                    


ချန်းယောလ် အခုတတ်နေတဲ့တက္ကသိုလ်နှင့် ကျွန်တော်တို့ကျောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။သို့သော် ၁၅မိနစ်သာသာ လမ်းလျှောက်ရတဲ့ ကျွန်တော့်ကျောင်းကို ချန်းယောလ်က သူ‌ကျောင်းမသွားခင် ဆိုင်ကယ်ဖြင့် လိုက်ပို့လေ့ရှိပေမဲ့ အခုရက်ပိုင်း ချန်းယောလ်မျက်နှာကို မြင်ဖို့တောင် ခဲယဉ်းနေပြီ။ထို့ကြောင့် ကျွန်တော်ရဲ့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဘဝဟာ ပျင်းစရာကောင်းလွန်းတယ်ဆိုတဲ့ အတွေးခဏခဏ ဝင်သည်။လွမ်းတယ်။အရမ်း လွမ်းတယ်။အတူတူ တိုက်ခန်းတစ်ခုထဲ နေ,နေပေမဲ့ အရမ်း ဝေးကွာနေသလို ခံစားရသည်။ချန်းယောလ် စာတမ်းပြုစုတာ မြန်မြန် ပြီးပါတော့။

ချန်းယောလ်က ကျောင်းဖွင့်ရက်တွေဆိုရင်
ကျောင်းကို အစောကြီး သွားရသလို၊ညဘက်ဆို နောက်ကျမှာ ပြန်လာသည်။ကျွန်တော်တို့နှစ်ယောက် တွေ့ချိန်အလွန်နည်း၍ စကားကောင်းကောင်း ‌မပြောဖြစ်ကြ။တစ်ခါတစ်လေ ချန်းယောလ်မျက်နှာကိုတောင် မမြင်လိုက်ရတဲ့ နေ့တွေလည်းရှိ၏။ပိတ်ရက်တွင်လည်း အပြင်ပဲထွက်နေတာမို့ ချန်းယောလ်အခုတလော ဘာလုပ်နေမှန်း မသိနိုင်အောင်ဖြစ်ရသည်။

ကျောင်းမှာလည်း ဆယ်ဟွန်းတို့အတွဲကြား ကျွန်တော်ဟာ ကန့်လန့် ,ကန့်လန့်ဖြစ်နေ၍ အမြဲ ရှောင်ပေးနေရ၏။ဒီနေ့လည်း ကျူရှင်မှာအပြန် အသားစားရန် ခေါ်ကြသော်လည်း ကျွန်တော် မလိုက်ဖြစ်၊အေးအေးဆေးဆေး နှစ်ယောက်သား အချိန်ကုန်ဆုံးကြပါစေ ဆိုသည့်စိတ်ဖြင့် ငြင်းဆိုခဲ့သည်။

လမ်းထိပ်အရောက် ကားကိုယ်ကို မှီလျက် လက်ပိုက်၍ ကျွန်တော်ကို ပြုံးပြနေသော ချန်းယောလ်ကို ကျွန်တော် မယုံနိုင်စွာ ကြောင် ကြည့်နေမိတယ်။တကယ်ပဲ ချန်းယောလ်လား။ပြီးတော့ ကားကတော့ ဘယ်တုန်းက ဝယ်ပြီး ယာဉ်မောင်း လိုက်စင်ကော ရှိရဲ့လား။

နေရာမှာတင် ငြိမ်သက်စွာ ရပ်နေတဲ့ ကျွန်တော်ကို လက်ဆွဲ၍ ကားပေါ်တွင် ထိုင်စေပြီး ခါးပတ်, ပတ်ပေးသည့်ချန်းယောလ်ကို အသေးစိတ်လိုက်ကြည့်ဖြစ်သည်။ လွမ်းနေရတဲ့မျက်နှာလေးကို အခုမှာ သေချာစွာ အနီးကပ်ရတော့တယ်။

DREAMWhere stories live. Discover now