ဂျီဆောင်း မထင်မှတ်ထားသည့်ဖြစ်ရပ်တစ်ခုဖြင့်ကြုံခဲ့သည်။မန်နေဂျာအစ်မ သင်တန်းသားအသစ်နှင့် မိတ်ဆက်ပေးရာ ကျုံးချန်းလော့ ဖြစ်နေခြင်း၍ အလွန်အံ့ဩခဲ့ရ၏။
ဒီတစ်ခါတော့ ဂျီဆောင်း သူ့နာမည်ကို မှန်ကန်စွာ ခေါ်တတ်နေပြီ။ချန်းလော့ကတော့ သူကို အခုထိ *ဘူလက်*လို့ ခေါ်နေဆဲ။ဒါလည်း ဂျီဆောင်း စိတ်မဆိုးပါ။တကယ်လည်း ဂျီဆောင်းလက်က အမြဲပစ္စည်းတိုင်းကို ဖျတ်ဆီး၏။အမြဲတမ်း သူ့လက်ကို *ငြိမ်ငြိမ်နေ*ဟု ဆုံးမရသည့်မှာ အမော။
အခုဆို ဂျီဆောင်းက ချန်းလော့ရဲ့ကိုရီးယား ဂိုက်ဆရာတစ်ယောက်အလား ။ချန်းလော့
သိချင်တာတစ်ခုခု၊မေ့တာ တစ်ခုခုဆို *ဂျီဆောင်းရာ*ခေါ်လိုက်ရုံနှင့် ဂျီဆောင်း အကုန်ပြောပြနိုင်၏။ဂျီဆောင်း ဆုံးဖြတ်ထားတာ တစ်ခုရှိ၏။*ဘယ်တော့မျှ ချန်းလော့ကို ဟျောင်း ဟုမခေါ်ဖူး*ဒါဟာဂျီဆောင်း၏ ခိုင်မာသောဆုံးဖြတ်ချက်ဖြစ်၏။ချန်းလော့က ဂျီဆောင်းထက် ကလေးရုပ်နဲ့တူပြီး ကလေးပိုဆန်သောကြောင့် ဟျောင်း ထည့် မခေါ်ချင်ပေ။ပြီးတော့ ချန်းလော့က ကလေးလေးတွေလို စိတ်ကောက် အရမ်းသန်၏။
'ချန်းလော့ရာ~ဘာဖြစ်တာလဲ'
ဖုန်းပြော,ပြီးနောက် ရုတ်တရက်ကြီးငိုချလိုက်သောချန်းလော့ကြောင့် ဂျီဆောင်းမှာ လန့်ဖျန့်ရသည်။
'ကောက ဂျောင်ဆူးကောက *'
'အင်း'
'ဒီနေ့ ကလေး,လေး မွေးတယ်တဲ့'
'တကယ်လား'
'အွန်း~ငါ အရမ်းပျော်တာပဲ ! ငါ တူလေး ရပြီ'
ငိုရလွန်း၍ မျက်နှာတစ်ခုလုံးနီရဲနေသည့်ချန်းလော့ဟာ ကလေးပေါက်စလေးအလား,ချစ်ဖို့ကောင်း၏။တော်ရုံငိုလေ့မရှိတဲ့ချန်းလော့ရဲ့ငိုရခြင်းအကြောင်းက တူလေး ရလို့တဲ့လေ။ချန်းလော့ပြောပြတုန်းက သူမယုံနိုင်ဖြစ်ရ၏။အစ်ကိုဂျောင်ဆူးက ကိုယ်ဝန်ရှိနေတယ်တဲ့လေ။ယောင်္ကျားလေးတစ်ယောက် ကိုယ်ဝန်ဆောင်တာ လွယ်တဲ့ကိစ္စမဟုတ်မှန်း ဂျီဆောင်းသိရတော့ လေးစားမိ၏။
'မင်း ရှန်ဟိုင်း ပြန်ချင်လား'
မျက်ရည်စတို့ကို သုတ်လျက် သူအား ကြည့်လာသည့်ချန်းလော့ဟာ ဂျီဆောင်းထက် အကြီးဆိုတာ မယုံနိုင်စရာ။ဒါကြောင့် ဂျီဆောင်း ချန်းလော့ကို ဟျောင်း ထည့်မခေါ်ချင်တာ။ချန်းလော့က ကလေးလေးတစ်ယောက်လို ချစ်စရာလေးကောင်းသည်။
CZYTASZ
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...