ဆယ်ဟွန်းနှုတ်ဖျားမှာ *ကိုကို့ မချစ်တော့ဘူး*ဆိုတာကို ထပ်ခါထပ်ခါ ပြောလျက်.....အမူးလွန်းနေ၏။ဆေးကျောင်းသားဆူဟိုဟာ စာတွေလုပ်နေရ၍ ဆယ်ဟွန်းကို အရင်လောက် အချိန်မပေးနိုင်။ဒါကို ဆယ်ဟွန်းက တစ်မျိုးမဟုတ် တစ်မျိုးဆိုးကာ ဆူဟိုကို အမြဲရစ်နေတာမို့ နှစ်ယောက်သား ရန်ဖြစ်ထားသည့်ထင်ပါရဲ့။ထိုအခြအနေကိုမသိဘဲ ဆယ်ဟွန်းအရက်သောက်ဖို့ခေါ်ရာ ချန်းယောလ် လိုက်ခဲ့မိ၏။အခုတာ့ ဆယ်ဟွန်းရစ်တာကို လှိမ့်ပိန်ပြီး ခံနေရသည့်အဖြစ်။
ဆယ်ဟွန်းကို မထိန်းနိုင်သည့်အဆုံး ဆူဟိုကို ဖုန်းဆက်ပြီးလှမ်းခေါ်ရသည်။တစ်ဖက်က စာလုပ်နေသည့်ဆူဟိုကို အားနာမိသော်လည်း မတတ်နိုင်။ချန်းယောလ်လည်း ဆယ်ဟွန်းကို မထိန်းနိုင်တော့ဘူး။
သူတို့ဆီရောက်ချလာသည့်ဆူဟိုဟာ အင်္ကျီအပါးလေးအဝတ်ထည်ဖြင့် အနွေးထည်တောင် ပါမလာ။ဆူဟို ဘယ်လောက်စိတ်ပူနေသလဲ သူ့ပုံစံကြည့်ရုံဖြင့် ချန်းယောလ် မှန်းဆမိ၏။
'ကျွန်တော်တို့ကြောင့် ချန်းယောလ်ဟျောင်း စိတ်ညစ်ရပြီ'
'ရပါတယ်။နောက်ဆို ပြေလည်အောင် နေကြပေါ့'
'ဟုတ်ကဲ့။ဒါနဲ့ ဟျောင်းမပြန်သေးလို့လား'
'ငါ ခဏ ဆက်နေအုံးမယ်'
'ဒါဆို ကျွန်တော်တို့ ပြန်ပြီနော်'
ဆယ်ဟွန်းကို မနိုင်တနိုင်သယ်သွားတဲ့ဆူဟိုကို ချန်းယောလ် မကူညီမိ။အတိုင်းထိုင်၍ ငေးကြည့်လျက် ......တစ်ချိန်က ချန်းယောလ် အရက်မူးသည့်အချိန်တိုင်း အပြေးအလွှားရောက်လာတတ်သည့်ကောင်လေးကို သတိရသည်။ဂျောင်ဆူးက ချန်းယောလ် ဘယ်လောက်ဆိုးဆိုး အပြုံးပျက်ခဲ့တယ် မရှိဘူး။ချန်းယောလ် ဆိုးသမျှ သည်းခံခွင့်လွှတ်ပေးတဲ့ကောင်လေးက အခုကိုယ်ကိုထားသွားတယ်ဆိုတော့ ...ကိုယ်အပြစ်အကြီးကြီးလုပ်ခဲ့မိပုံပဲ။
စဉ်းစားသော်လည်း အဖြေမထွက်သည့်ပုစ္ဆာကြောင့် ချန်းယောလ် ခေါင်းတွေပူထူလာသည်။စိတ်ညစ်ညစ်ဖြင့် ဆိုဂျူတစ်ခွက် ကောက်မော့တော့ ခါးသက်သက်အရသာနှင့်အတူ ငိုချင်လာသည်။
YOU ARE READING
DREAM
Fanfiction(Uni) ကိုယ့်သား မဟုတ်ဘူးလို့ ငြင်းနေတဲ့ မင်းကို ဆင်တူပါးချိုင့်လေးက လှောင်နေတယ် အချစ်ရဲ့' . Park Chan Yeol ' အရင်လို ကျွန်တော်ကို မောင် မပိုင်တော့ဘူး' ...