အမုန်းတရားကစတဲ့ အချစ်တခုဟာ
ကြောက်စရာကောင်းလောက်အောင် ကျွန်တော့်ရင်ဘတ်ကို ထိုးခွဲခဲ့တယ်...~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခုတလော ဘေဘီ သူ့ကိုရှောင်နေသည်ထင်ပါသည်...
မျက်နှာချင်းဆိုင်တွေ့ရတဲ့နေ့ရယ်လို့ကိုမရှိခဲ့ပါ...ခါတိုင်းအိပ်ရာထ နောက်ကျတတ်သော ဘေဘီသည် သူနိုးလာ၍ အခန်းထဲဝင်ကြည့်လျင်မရှိတော့..
ကျောင်းကိုအစောကြီးသွားပုံရသည်..
ညဖက်တွေဆိုလဲ ဘယ်ချိန်ပြန်လာမှန်းမသိရ...ပြောရလျင် တနေ့လုံးကိုမတွေ့ရတာဖြစ်သည်...
စိတ်ဆိုးနေတုန်းခဏဖြစ်ပါလိမ့်မည်ဟု လွှတ်ထားမိသော်လည်း တပတ်ကျော်နေပပြီ...
တခါတခါ အိမ်ကိုပြန်လာရဲ့လားဟုတောင်တွေးမိသည်အထိ...မဖြစ်ပါ...
ဒီနေ့ညတော့ ပြန်အလာကိုစောင့်ရပေမည်...
ဆူရပြန်ဦးမည်...သက်ပြင်းချလျက် ဝရံတာတွင်မတ်တပ်ရပ်ကာ အိမ်ရှေ့အိမ်ကိုငေးနေမိသည်...
သူမကိုများတွေ့ရမလားဟူသောအတွေးဖြင့်....သူ့အဖြစ်လဲရယ်စရာကောင်းလှသည်..
တခါပဲနှုတ်ဆက်ဖူးသောမိန်းကလေးတစ်ယောက်အတွက်နှင့် ညီဖြစ်သူနှင့် ပြဿနာတက်သည်...
ထိုသို့ ပြဿနာ တက်ရလောက်အောင် သူမကိုစွဲလမ်းနေမိသည်က ပြဿနာပင်မဟုတ်ပါလား....လက်ကကော်ဖီခွက်ကိုမော့သောက်ရင်း..အိမ်ရှေ့ကို ထိုးရပ်လာသော ကားကိုမျက်စိရောက်သွားသည်...
Taehyung က သူ့ဘာသူတိုက်ခန်းဝယ်လျက် နေနေပြီမို့ taehyung များအလည်လာတာလားဟုတွေးမိသည်...
သို့သော်..ကားတံခါးဖျတ်ခနဲပွင့်လာပြီးနောက် ဆင်းလာသူက ဘေဘီရယ်..
ကားထဲခေါင်းငုံ့လျက် စကားပြောနေပုံရသည်...
ထို့နောက်မောင်းထွက်သွားသောကားကိုလက်ပြနေသေးသည်....ဘယ်သူ့ကားများပါလိမ့်....
Jungkook ကားမမောင်းတတ်တာ သူသိတာမို့ jungkook ကားမဖြစ်နိုင်..
ဘယ်သူ့ကားနဲ့လာတာပါလိမ့်...
လွယ်အိတ်ကိုပုခုံးပေါ်တွင် တဖက်စောင်းလွယ်လျက် အိမ်ထဲဝင်လာသော ဘေဘီ ကို စကားပြောရန်အလို့ငှါ သူအိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်.....
![](https://img.wattpad.com/cover/290131585-288-k593056.jpg)
YOU ARE READING
ကိုကို //Yoonmin (Unicode version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @yurac...