အပိုင်း ၁၃

1.5K 155 0
                                    

မနေ့ညက ကိုကို အိမ်ကိုပြန်မလာခဲ့ပါ..

ပြန်လာမယ်ထင်လို့ တညလုံး မအိပ်ပဲ စောင့်နေခဲ့မိတဲ့ ကျွန်တော်သာ အိမ်ရှေ့ခန်းမှာ ငုတ်တုတ်ကြီးအိပ်ပျော်သွားခဲ့သည်..
ကိုကိုက တော့ တညလုံး အရိပ်အယောင်ပင် မမြင်ခဲ့ရပါ...

လွမ်းသည်..
တညကလေး မတွေ့ရတာကိုတောင် ကျွန်တော် သေမတတ် လွမ်းသည်...
တညကလေး မတွေ့ရတာတောင် ရူးလောက်အောင် ဖြစ်နေခဲ့ရင် တသက်လုံးများဝေးသွားပါက ကျွန်တော် သေသွားမလားမပြောတတ်
သေချာတာကတော့ သေမသွားရင်တောင် ကျွန်တော်ရူးသွားမည်ဖြစ်သည်ကိုတော့ ကျွန်တော်သိသည်...

မနေ့ညက မား တညလုံး အခန်းထဲ ငိုခဲ့သည်...
ကျွန်တော်နဲ့ ကိုကို့ ကိစ္စကို မား ကြားသွားပုံရသည်..
စိတ်ပျက်လက်ပျက်နဲ့ မျက်ရည်ကျနေမိတဲ့ ကျွန်တော့် ဘေးထိုင်ကာ ငါ့ အပြစ် ငါ့အပြစ် လို့သာ ထပ်ခါ ထပ်ခါ ပြောလျက်ငိုသည်....

ကျွန်တော် မနှစ်သိမ့်မိပါ..
ကျွန်တော့် စိတ်ထဲမှာ ထိုအချိန်က ငါ့အခြောက်မဟုတ်ဘူးသော စကားတခွန်းကိုသာ ထပ်ခါတလဲလဲ ကြားနေခဲ့တာမျိုး...
မား ငိုနေတာသိပေမဲ့ ကျွန်တော့်ရင်ထဲက အပူကို ဖြေချဖို့ နည်းကိုသာ ကျွန်တော်တွေးနေခဲ့မိသည်...

ကိုကို့ ဖုန်းကို တခါမှ မဆက်ဖူးသော ကျွန်တော်ဟာ မနေ့ညက မှ ကိုကို့ ဖုန်းနံပါတ်ကို အသည်းအသန်ရှာဖွေမိသည်....
ပြန်မလာသေးဘူးလား ...ပြန်မလာသေးဘူးလား ဟုတွေးကာ စိုးရိမ် ပူပန်လျက် ကျွန်တော် တညလုံး မအိပ်နိုင်ဖြစ်ခဲ့သည်...

မိုးလင်းခါနီး အချိန်မှ ကျွန်တော် အိပ်ပျော်သွားခဲ့သည်...
သို့သော် တညလုံး ကျွန်တော့် ရင်ထဲက ဝေဒနာကို သက်သာဖို့ အတွက် အဖြေကိုရှာခဲ့ပေမဲ့ ရလာသည်က တခုတည်း...

ကျွန်တော် ကိုကို့ကို ချစ်သည်
ထို့အတွက် နာကျင်နေရပါစေ ဆက်ချစ်ပါမည်...
ပစ်ပယ်နေပါစေ ဆက်ချစ်ပါမည်...

ကျွန်တော်သည် Min Yoongi ကို ရူးမတတ်ကို ချစ်မိခဲ့ပါသည် ...

"ဘေဘီ..ထတော့..
ဘာလို့ ဒီမှာ အိပ်နေတာလဲ အခန်းထဲသွားအိပ်"

ကိုကို....
ကိုကို့ အသံလား...

ကျွန်တော် အကြားအာရုံတွေချို့ယွင်းသွားပြီထင်ပါသည်...
မနေ့ညက ကိစ္စနှင့် ကိုကိုက ကျွန်တော့်ကို စိတ်ဆိုးသွားလောက်သည်..
ထို့အတွက် ကြောင့်မို့ ဒီလိုမျိုးတော့ လာေြာပမည်မဟုတ်...

ကိုကို //Yoonmin (Unicode version)Nơi câu chuyện tồn tại. Hãy khám phá bây giờ