"ကျောင်းရှေ့ Cassiologia ကော်ဖီဆိုင်မှာ စောင့်နေမယ်နော်.
Class ပြီးရင်လာခဲ့"Class ထဲစာသင်နေတုန်းmsg ဝင်သံကြားတာမို့ဖုန်းထုတ်ကြည့်တော့ "Moi Beautiful Dream💜💜 "နာမည်နဲ့ contactလေး..
ကျွန်တော်ပြုံးမိလိုက်သည်..
ကိုကို ရောက်နေသည်ဆိုသည်နှင့် ရှေ့မှစာအုပ်ကိုကောက်သိမ်းကာ လွယ်အိတ်ထဲထည့်လျက် ထရန်ပြင်တော့ ဘေးမှ Jungkook က လက်မောင်းကို ကိုင်ထားသည်.."ဘယ်သွားမလို့လဲ"
"ကိုကိုဆီ"
"Class ပြီးမှ သွားလေကွာ..
ဒီဆရာအချိန် မပျက်နဲ့လေ..
အခုမှ သင်တာဖြင့် ၁၅မိနစ်ရှိသေးတာကွာ..
မင်းကိုကောမှာနော်""ကျစ်..စိတ်မဝင်စားဘူး"
Jungkook လက်က ရုန်းထွက်ရင်း နောက်ပေါက်က ခိုးကြောင်ခိုးဝှက်ထွက်လာခဲ့သည်..
တံခါးဝကို ကျော်ခါမှ သက်ပြင်းကျလျက် ကျောင်းအပြင်သို့အလှည့်.."Park Jimin..
ဘယ်သွားတာလဲ အဲ့ဒါ.."ဟိုက်..သေပြီဟ..
ပြေးပေတော့ Park jimin ရေ..နောက်လှမ်းခေါ်သော ဆရာ့အသံကို လျစ်လျူရှုလျက် အသက်လုကာ ပြေးလာရတော့ လူက ဟောဟဲလိုက်လျက်...
Cassiologia ဆိုင်ရှေ့မှာ ခါးကိုင်းကာ ဒူးနှစ်ဖက်ပေါ် လက်ထောက်လျက် အမောဖြေမိသည်.."ဟူး..မောတာကွာ..
မနက်ဖြန် ငါတော့သေပြီပဲ"ခပ်လျော့လျော့လွယ်အိတ်ကို ပုခုံးပေါ်ပြန်တင်ရင်း ဆိုင်ထဲဝင်လာခဲ့ကာ ဝေ့ဝဲရှာကြည့်တော့ ထောင့်တနေရာမှာ မိုးပြာရောင် လက်ရှည် shirt နှင့် ကိုကို့ကိုတွေ့လိုက်ရသည်...
Coffee ခွက်ကို ပါးစပ်နားတေ့လျက် သတင်းစာတစ်စောင်ကိုဖတ်နေသည်...
ဝတ်ထားသည်က မိုးပြာရောင် မှာ အဖြူစလေးတွေ ဟိုတစ ဒီတစပါသည့် ရှပ်လက်ရှည်..
ရှပ်လက်ရှည်ကိုမှ ကော်လံက ကြယ်သီးကို၂လုံးလောက်ဖြုတ်ထားတော့ လည်ပင်းဖြူဖြူ က ဝင်းခနဲ..
လည်ပင်းမှာလဲ YSL ဆိုသော စာသားလေးနဲ့ necklace ရွှေရောင်လေးက အထင်းသား..
YOU ARE READING
ကိုကို //Yoonmin (Unicode version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @yurac...