အပိုင်း ၂၄

1.8K 149 0
                                    

"ဘယ်​မှာလဲ 
ငါ​တွေ့လိုက်​ပါတယ်​"

ကုတင်​​ဘေးမှ အံဆွဲကို ဖွင့်လျက်​ အလိုရှိရာကိုရှာ​ဖွေ​နေမိသည်​...
စိတ်​ထွက်​​ပေါက်​ ရ​စေဖို့ ကျွန်​​တော်​ တခုခုလုပ်​မှဖြစ်​မည်​..
ကျွန်​​တော်​ အသားကို နာကျင်​​စေတာမျိုးဖြစ်​ဖြစ်​
ငို​ကြွေးပစ်​တာမျိုးဖြစ်​ဖြစ်​ ကျွန်​​တော်​လုပ်​မှဖြစ်​မည်​..
သို့​သော်​ ကျွန်​​တော်​သည်​ ငို​ကြွေးခြင်းကို ကြိုက်​​သောသူမဟုတ်​​လေ​တော့ အသားနာမည့်နည်းကိုသာ​ရွေးရ​ပေမည်​...

"ကျစ်​..
ဟိုတ​နေ့က မား ပန်းသီးနွှာတုန်းက ဒီထဲထည့်လိုက်​တာပါ"

အံဆွဲ​တွေထဲ ​မွှေ​နှောက်​ရှာ​ဖွေပါ​သော်​လည်း အလိုရှိရာကို မ​တွေ့​လေ​တော့ စိတ်​ကတဖြည်းဖြည်း ​နောက်​လာ​လေပြီ..

"ဟာကွာ.."

"ဒုန်း"

​အောက်​ဆုံးထပ်​မှအံဆွဲကိုထုတ်​ကာ သွန်​ချပစ်​သည့်အခါ ပြုတ်​ကျလာသည်​က အဝါ​ရောင်​လက်​ကိုင်​ရိုးနှင့် ဓားပါးတစ်​​ချောင်း..

အဓိပ္ပါယ်​ပါပါ ပြုံးလျက်​ ​ကောက်​ယူလိုက်​​တော့ ဓားပါးပါး​လေးက လက်​ထဲ​ဆွေ့ခနဲ..
ကုတင်​အဖျား​လေးမှာ ထိုင်​လျက်​ ဓားပါးပါး​လေးကို အပြန်​အလှန်​လှည့်ကာကြည့်​နေမိသည်​...
အဝါ​ရောင်​ လက်​ကိုင်​ရိုး​လေးနဲ့ ဓားပါးပါး​လေးဟာ ကျွန်​​တော့်မျက်​လုံးထဲ အရာအားလုံးထက်​လှပ​နေသလိုလို...

အဝါ​ရောင်​..
​တောက်​ပသည်​..
ဝင့်ကြွားမှုကို​ဖော်​​ဆောင်​သည်​..
အဝါ​ရောင်​သည်​ အထက်​တန်းကျ​သော လှပမှုကို​ဖော်​ပြသည်​..
ထို့အတူ လက်​ထဲမှ အဝါ​ရောင်​လက်​ကိုင်​ရိုး​လေးသည်​ လှပသည်​..
ထက်​မြက်​မှုကို​ဖော်​​ဆောင်​သည်​..

"အချိန်​တန်​ရင်​ သူက Emilia ကိုပဲ လက်​ထပ်​မှာ jimin"

"ကျစ်​"

Taehyung hyung ​ပြောခဲ့​သောစကားများက နားထဲ ကန့်လန့်ပြန်​ကြားလာရသည်​အခါ..
မျက်​လုံးကိုအတင်းမှိတ်​လျက်​ ​ခေါင်းကိုအတင်းခါယမ်းမိသည်​...

"သူက Emilia ကိုပဲချစ်​တာ..."

"အား..."

​ဒေါသတကြီးဖြင့် ​​ဘေးမှ​ခေါင်းအုံးကိုယူကာနံရံသို့ပစ်​​ပေါက်​လိုက်​မိသည်​...

ကိုကို //Yoonmin (Unicode version)Where stories live. Discover now