အပိုင်း ၂၂

1.7K 147 4
                                    

Yoongi ပန်းခြံထဲ ထိုင်​​နေမိတာ အ​တော်​ကိုကြာပြီဖြစ်​သည်​.. ​
ဆေးရုံမှာတုန်းက ​ဘေဘီ့ အပြုအမူ​တွေကြား သူမ​နေတတ်​စွာ ​ပြေးထွက်​လာခဲ့မိတာဖြစ်​သည်​...

သူ့ကိုကြည့်တိုင်း ​မျှော်​လင့်ချက်​​ရောင်​ခြည်​သန်း​နေ​သော..
မျက်​ရည်​လဲ့လဲ့​လေးများတွယ်​ညိ​နေ​သော. မျက်​ဝန်းဝိုင်းဝ်ို​င်း​လေးများ..
. ချစ်​တယ်​ဟု ခဏခဏ​ပြောခဲ့ဖူး​သော နှုတ်​ခမ်းဖျားများ...

​ဘေဘီ...
ကိုကို့က​လေး​လေးသိပ်​ချစ်​တတ်​လွန်းတယ်​...
ဘာလို့ ကိုကို့ကိုမှလဲ..
ဘာလို့ ကိုကို့ကိုမှချစ်​တာလဲက​လေးရယ်​...

"တီ...တီ..တီ"

ဖုန်းမြည်​သံ​ကြောင့် ​ဘောင်းဘီအိတ်​ထဲက ဖုန်းကိုထုတ်​ကာကြည့်မိ​တော့ မား..ထံမှ...

"Hello မား.."

"သားကြီး ခုဘယ်​မှာလဲ"

"ကျွန်​​တော်​ အပြင်​ခဏ​ရောက်​​နေတာမား..."

"ပြန်​မလာ​သေးဘူးလား..သားငယ်​​လေးကိုလာ​စောင့်​ပေးပါဦးလား.. မင်းတို့​ဖေကြီး ​လေဆိပ်​ကို​ရောက်​​နေပြီဆိုလို့ မားသွားကြိုမလို့.. Jungkook ကလဲ ​ကျောင်းပြန်​သွားပြီမို့လို့.. ဒီက​လေးတစ်​​ယောက်​တည်း မားစိတ်မချဘူး"

"ဟုတ်​ကဲ့ မား.. ကျွန်​​တော်​ခုလာခဲ့မယ်​​နော်​.."

ဖုန်းချလိုက်​ပြီး​နောက်​ပန်းခြံထဲမှ သူထ ထွက်​လာခဲ့သည်​...

ပန်းခြံအပြင်​ဘက်​မှ ကားကိုတံခါးဆွဲဖွင့်လျက်​ ကားထဲဝင်​ရန်​အလုပ်​...

"တီ...တီ..."

ဖုန်းသံ​ကြောင့် ကားတံခါးဖွင့်ရင်းဖြင့်ပင်​ဖုန်းကိုင်​လိုက်​သည်​...

"အင်း..ချစ်​.."

"ကို.. ချစ်​မိဘ​တွေက ကိုနဲ့ မင်္ဂလာကိစ္စတိုင်​ပင်​စရာ​လေး​တွေရှိ​နေလို့တဲ့.. အခုလာ​ပေးလို့ရမလား.."

ဖွင့်ထား​သောကားတံခါးကိုပြန်​ပိတ်​လိုက်​ရင်း yoongi ဖုန်းကိုဆက်​​ပြော​နေမိသည်​...

"အာ...ချစ်​ကလဲ.. ကိုယ်​ ​ဘေဘီကို​ဆေးရုံမှာသွား​စောင့်​နေရတာ.. ​နောက်​မှလုပ်​လို့မရဘူးလားကွာ"

ကိုကို //Yoonmin (Unicode version)Where stories live. Discover now