extra 2

1.9K 143 3
                                    

"ကိုကို...​ဘေဘီ ဒါကြီးမကြိုက်​ပါဘူးဆို​နော်​"

နှုတ်​ခမ်းတစူစူနဲ့ ​ကောင်​တာက လက်​စွပ်​ကိုကြည့်ပြီး​ပြော​နေတဲ့ က​လေး​လေးရယ်​..
စိတ်​ကလဲ အ​ပြောင်းအလဲ သိပ်​မြန်​သည်​..
သူပဲ ခုနကကြိုက်​လို့ ယူမယ်​ဆိုပြီး ခု​တော့ မကြိုက်​​တော့ပြန်​ဘူး..

"​ဘေဘီကလဲကွာ..
​ဘေဘီပဲ ကြိုက်​တယ်​ဆို.."

ဒိုင်းခနဲ​ရောက်​လာတဲ့ မျက်​​စောင်း​ကြောင့်ဖျား​တောင်​ဖျားချင်​သွားရပါ၏..

"ဟွန်း..မကြိုက်​ဘူး..
ဟိုဟာ​လေး ဟိုဟာ​လေးကြိုက်​တယ်​..
အဲ့ဒါ​လေးယူမယ်​​နော်​..​နော်​..ကိုကို​နော်​.."

ညာဘက်​​ထောင့်မှ လက်​စွပ်​ကိုလက်​ညှိုးထိုးပြလျက်​ yoongi ၏ ညာဘက်​လက်​ကိုဆွဲရမ်းကာ ပူဆာ​နေ​လေ​သော က​လေးငယ်​ကိုအသဲယားစွာ ​ဆွေ့ခနဲ ဖက်​ပစ်​လိုက်​သည်​..

"အင့်..!!!"

"ဒါ​နောက်​ဆုံးပဲ​နော်​..​ဘေဘီ..
ကိုကို စိတ်​မရှည်​​တော့ဘူး.."

"ဟုတ်​.."

​ရှေ့က ​ကောင်​တာမှ အ​ရောင်းစာရင်းမ​လေးက​တော့ ပြုံးစိစိ ဖြင့်ကြည့်​နေ​လေသည်​...
အဟမ်းဟု​ချောင်းတချက်​ဟန့်လိုက်​ရင်း ​ဘေဘီ ​ပြောတဲ့ စိန်​ပွင့်​သေး​သေး​လေး တပွင့်မြှုပ်​ထားတဲ့ လက်​စွပ်​​လေးကိုယူလိုက်​ရင်း ​ငွေရှင်းလိုက်​သည်​..

"ကိုကို..​ဘေဘီ ရုပ်​ရှင်​ကြည့်ချင်​တယ်​.."

​ခေါင်း​တော့မညိမ့်ရ​သေး အတင်းဆွဲ​ခေါ်ကာ ရုပ်​ရှင်​ရုံဘက်​ ဝင်​​ပြေးသွားတဲ့ ​ဘေဘီ​ကြောင့် သူ့မှာ ခလုတ်​တိုက်​မတတ်​ လိုက်​သွားရပြန်​ပါသည်​...

သူလဲ ​ဘေဘီနဲ့မှ အဆွဲအလွဲ​တွေ အကြမ်းပတမ်းကိုခံရတာပါပဲ..

Wedding dress ​ရွေးရင်း Wedding ring ဝင်​​ရွေးရာက​နေ လက်​စွပ်​​ပေါင်း​မြောက်​များစွာကို စိတ်​တိုင်းကျ​ရွေးပြီး​နောက်​...အတင်း တိုး​ဝှေ့ကာ လက်​မှတ်​လုဝယ်​​နေရ​သော ​နေရာသို့ သူ့ကို ​ခေါ်လာပြန်​သည်​..

"ကိုကို..လက်​မှတ်​သွားဝယ်​..
​ဘေဘီက စားစရာသွားဝယ်​မယ်​.."

ကိုကို //Yoonmin (Unicode version)Tempat cerita menjadi hidup. Temukan sekarang