"Jimin"
နောက်မှခေါ်သံက jungkook အသံလိုဖြစ်နေတာမို့ ငွေရှင်းနေရင်းမှ ကျွန်တော်လှည့်ကြည့်လိုက်သည်...
Jungkook က တော့ အံ့သြသလိုကြည့်နေလေရဲ့..
"ဘာတုန်း"
"မင်းအခု ကျောင်းမတက်တာ ဒီ အင်္ကျီ ဝယ်မလို့ပေါ့လေ"
Jungkook အသံကအံ့သြတကြီးဖြစ်နေတာရယ်
မျက်လုံးတွေက ပြုးကျယ်နေတာရယ်ကြောင့် ကျွန်တော်ကြောင်အနေမိသည်..ဒီကောင်ဘာတွေအဲ့လောက်ထိ အံ့သြနေတာပါလိမ့်...
ကျွန်တော် အင်္ကျီ ဝယ်တာက အံ့သြစရာမှမဟုတ်ပဲ ...
ပုံမှန်ဆိုလဲ ကျွန်တော်ဈေးကြီးပေးဝယ်နေကြတွေကို..
"မင်းရဲ့ ယင်ဝင်တော့မယ် ပါးစပ်ကိုပိတ်ပြီး ငါ့နောက်လိုက်ခဲ့"
ပြောရင်းနှင့် သူ့လက်မောင်းကိုဆွဲလျက် ကျွန်တော်ဆိုင်ပြင်ထွက်ခဲ့သည်..
ဆိုင်အပြင်ရောက်မှ ဟိုရှာဒီရှာရှာကြည့်မိသည်က ကိုကိုများရှိနေသေးသလားဟု...
မရှိတော့တာသေချာတော့မှ ရင်ထဲကအလုံးကြီးကျသွားတော့သည်.
မဟုတ်ရင် ကျောင်းမတက်ပဲ အင်္ကျီ လာဝယ်တယ် ဘာညာနဲ့ အဆူကခံရဦးမည်မှာ မလွဲမသွေပင်..."Jimin"
Jungkook ခေါ်သံကြောင့် jungkook ကို ဆွဲခေါ်လာခဲ့ပြီး မေ့လျော့နေခဲ့ရညမှ သတိရလာမိသည်...
ဒါနဲ့..ဒီကောင်.. စာကြမ်းပိုး..
ဘာကိစ္စကျောင်းမတက်ပဲ ဒီလာပါလိမ့်ဧကန္တ ကျွန်တော့ေ်နာက် များလိုက်နေတာလားပဲ..
"Jungkook မင်းကျောင်းမတက်ပဲ ငါ့နောက်လိုက်နေတာလား"
Jungkook မျက်နှာက ဖြစ်ရမယ်ဆိုသော ပုံစံနှင့်မဲ့ရွဲ့ကာ
"မင်းနောက်လိုက်ရအောင် ငါကအားယားနေတာမှမဟုတ်တာ.."
"အာ့ဆိုဘာလို့ ဒီရောက်လာလဲ
ပြီးတော့ ငါ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ကြီးလေ""အဲ့တာက...မင်း hyung ပေါ့..
ငါ့စာသင်တုန်းကြီး ဘေဘီကိုသွားခေါ်. အခု shopping mall ထဲမှာ MSG ဆိုင်ထဲမှာဆိုလို့ ငါ့မှာ လာခေါ်ရတာလေ
တကယ်တည်း..သူ့ညီ အင်္ကျီ ဝယ်တာငါ့လာစောင့်ခိုင်းတယ်.."
![](https://img.wattpad.com/cover/290131585-288-k593056.jpg)
VOCÊ ESTÁ LENDO
ကိုကို //Yoonmin (Unicode version)
Fanficကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @yurac...