အပိုင်း ၁

4.3K 234 1
                                    

တီ..တီ...တီ...

မနက်ခင်းစောစောမြည်လာသော နှိုးစက်သံကြောင့် jimin ခေါင်းတဗြင်းဗြင်းကုတ်လိုက်ရင်း နှိုးစက်ကို အိပ်ရာထဲက လှမ်းပိတ်လိုက်သည်....
နှိုးစက်က ထပ်မမြည်တော့တာမို့ စောင်ကိုခေါင်းထိဆွဲခြုံကာ ပြန်အိပ်မည်အလုပ်...

"သားရေ..
Jimin..
ထတော့..ကျောင်းသွားရမယ်လေ"

"ဟာ....မားကလဲ..အခုမှ ၈နာရီခွဲပဲရှိသေးတာကို..."

အိပ်ရာထဲကပြန်အော်လိုက်တော့ ဂျောက်ခနဲတံခါးဖွင့်သံနှင့်အတူ စောင်ကို အတင်းဖယ်ခွာခံလိုက်ရတော့ jimin မျက်နှာက ပုပ်သိုးမတတ်ဖြစ်သွားသည်..
အိပ်ရာက ထထိုင်လိုက်ပြီး မားကို စူပုပ်ပုပ်နဲ ကြည့်လိုက်သည်...

အကျင့်ကိုမကောင်းဘူး...

"Park jimin နင့်ကိုကျောင်းသွားဖို့နှိုးနေတာလေ...
နေ့တိုင်းနောက်ကျတာကောင်းလား..
ခု ထစမ်း.."

စူပုပ်လျက်သာ စောင်ကိုဘေးကိုတွန်းလိုက်ရင်း ဆောင့်အောင့်လျက် ရေချိုးခန်းထဲဝင်လာခဲ့သည်..

တကယ်ပဲ..မထချင်သေးပါဘူးဆို..
ဘာမှန်းလဲမသိဘူး..

သွားတိုက်ဆေးနဲ့ သွားပွတ်တံကိုယူကာ ပါးစပ်ထဲငုံလျက် ဘိုထိုင်အိမ်သာပေါ်ထိုင်ရန်အလုပ်...
အပြင်က မားအော်သံ ကြီးက ထွက်လာပြန်သည်..

"Park jimin အိမ်သာတက်ရင်း ငိုက်မနေနဲ့နော်..."

မျက်စိလေးမှိန်လျက် ဇိမ်ခံမည်စဉ်းစားကာမှ မား အသံကြောင့် တံခါးဝဘက်ကိုမျက်စောင်းထိုးလိုက်ရင်း..သွားတိုက်နေလိုက်သည်...

.........................................

"အား....နောက်ကျနေပြီ မားရေ..
သားသွားပြီ...
ပေါင်မုန့်တတုံးယူသွားမယ်.."

လှေကားပေါ်မှ ဝရုန်းသုန်းကားဆင်းလာပြီး မီးဖိုချောင်ထဲ ပေါင်မုန့်တတုံးဝင်ယူကာ နို့ခွက်ကို တကျိုက်တည်းမော့ချလျက် ကျောင်းကိုဒုန်းစိုင်းပြေးသွားသော park jimin...

"အာ့ကြောင့် စောစောစီးစီးထပါဆိုတာကို ခုတော့ ပြေးရပြန်ပြီမလား.."

Jimin တစ်ယောက် ကားပေါ်အပြေးတက်ရင်း နောက်က အော်တဲ့ မား အသံကြောင့် တချက်လှည့်ကာရယ်ပြလိုက်ပြီး ကားကိုဝူးခနဲ မောင်းထွက်သွားတော့သည်.....

ကိုကို //Yoonmin (Unicode version)Donde viven las historias. Descúbrelo ahora