မှန်ရှေ့မှ မိမိကိုယ်ကိုကြည့်ရင်း စိတ်တွေမတင်မကျဖြစ်နေမိသည်..။
အမှန်ဆို ဒီနေ့ကိုသူပျော်ရမည်ဖြစ်သော်လည်း အဘယ်ကြောင့် မတင်မကျဖြစ်နေရမှန်းမသိ..။
ကိုယ်လုံးပေါ်မှန်ရှေ့က ပုံရိပ်ကိုကြည့်ရင်း အလိုမကျဖြစ်မိပြန်သည်...။
ဝတ်ထားတဲ့ အင်္ကျီ အဖြူကသူနဲ့မလိုက်သလိုဖြစ်နေသည်မို့..။ကိုကို က ဒီပုံစံနဲ့ဆို စိတ်များပျက်သွားလေမလား..။
"ဟူး....."
"Jimin ရေ..ပြင်ဆင်ထားတော့နော်..
မကြာခင် အခန်းထဲဝင်ရတော့မှာ..""အင်းအင်း.."
Jimin ၏ ပြန်ထူးသံသေးသေးလေးကြောင့် jungkook ရှေ့မှ Yoongi ပြုံးမိသည်..။
ဒီကလေးလေးဘာတွေအလိုမကျဖြစ်နေပြီလဲမသိပါ..။"ငါအထဲဝင်ကြည့်လိုက်မယ်..."
ပြောပြောဆိုဆိုနှင့် yoongi က jimin အခန်းထဲဝင်ရန်လုပ်တော့ Kim Taehyung က လှမ်းတားသည်...။
"ဟိုး...ဆရာ..ခန်းမထဲဝင်ဖို့အချိန်ကျပြီ.."
"ခဏလေးပါကွာ.."
"ခန်းမထဲသွား..."
"ဘေ ဘီ အဆင်ပြေရဲ့လားမေးမလို့ပါကွာ.."
Kim Taehyung က တားရင်းနှင့် ခန်းမဘက်ပဲလက်ညှိုးထိုးပြနေသည်မို့ ရယ်နေသော Jungkook နှင့် Taehyung ကိုကြည့်ကာ သက်ပြင်းချလိုက်သည်...။
"မင်းတို့နှစ်ကောင် အလှည့်မှတွေ့ကြသေးတာပေါ့ကွာ"
သူအံကြိတ်ရင်းပြောမိတော့ Jungkook က ငရုမစိုက်ဘူးဆိုတဲ့ပုံစံနှင့် ပုခုံးတွန့်ပြသလို Kim Taehyung က lollipop ကိုစုပ်လျက် အခြားကြည့်နေသည်..။
တတ်လဲ တတ်နိုင်တဲ့ဟာတွေ..။
"သားရေ..ခန်းမထဲလာတော့ဟေ့"
Mom ရဲ့ ခေါ်သံအဆုံးမှာ Yoongi ရင်ဘတ်ကဘပန်းကိုအတည့်ချရင်း ခန်းမဘက်ကိုလျှောက်သွားတော့သည်...။
Taehyung နှင့် Jungkook က တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ပြရင်း jimin အခန်းထဲဝင်လာတော့ မှန်တင်ခုံရှေ့ ကျုံ့ကျုံ့လေးထိုင်နေလေသည်...။
BẠN ĐANG ĐỌC
ကိုကို //Yoonmin (Unicode version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @yurac...