အပိုင်း ၈

1.5K 206 0
                                    


"ကိုယ်သွားပြီနော်..အာ့ဆို"

"Okok"

ပြုံးပြလျက် uni ထဲပြေးဝင်သွားသော သူမကို ပြုံးပြလိုက်ရင်း ကားကိုစက်ပြန်နှိုးလိုက်သည်...
မား ခုနက ဖုန်းဆက်သည်...
ဘေဘီ သတိရလာပြီဟူ၍...

သူစိတ်လိုလက်ရ ဆွဲထိုးမိပေမဲ့ ၃ရက်လုံး သတိလစ်နေတာရယ် နဖူးပေါက်သွားတာရယ်ကြောင့် စိတ်မကောင်းဖြစ်မိပါသည်...
ထို့အတူ...သနားလဲသနားမိသည်..

စေ့စပ်ပွဲကိစ္စကို ဘယ်လိုပြောရပါ့မလဲ..

သူဆေးရုံတက်နေတုန်း စီစဉ်လိုက်တာမို့ သိတာနှင့် အပြင်းအထန်ပေါက်ကွဲတော့မည်ဆိုတာကို သူသိနေသည်...
အထူးသဖြင့် Emilia ကို လက်လွှတ်ရတော့မည့် စိတ်နှင့် ပေါက်ကွဲပေလိမ့်မည်...

အမှန်ဆို ဘေဘီ ဆေးရုံတက်နေတုန်း မစီစဉ်သင့်မှန်းသိနေပေမဲ့ သူမငြင်းခဲ့မိ..
မငြင်းခဲ့မိဆိုတာထက် မိန်းကလေးဘက်က မငြင်းသောအခါ သူလဲ နောက်သို့ရွေ့ဖို့မပြောမိတော့..

ချစ်ရသောသူနဲ့ မြန်မြန်ပေါင်းဖက်လိုတာမို့လဲပါမည်ထင်ပါသည်...

ထို့အတူ Emilia နှင့် စေ့စပ်ပြီးနောက်တွင် ဘေဘီလဲ လက်လျော့သွားကာ နောက်ပိုင်းတွင် သူစိတ်ကစားမိမှန်းနားလည်လာလိမ့်မည်ဟုထင်သောကြောင့် သူလက်ခံလိုက်ခြင်းပင်....

လောလောဆယ်တော့ ပေါက်ကွဲခံရမည်လေ...

ဟူး....
စေ့စပ်ပွဲ ကိစ္စကို ဘယ်လိုပြောရမပါ့မလဲ ..

ကားမောင်းလာရင်း pizza ဆိုင်တွေ့တာမို့ ကားရပ်ကာ pizza ဝင်ဝယ်လိုက်သည်...
ဘေဘီက Pizza ကြိုက်သည်လေ..

သူကြိုက်သော Pizza လေးကျွေးရင်း လက်သီးနဲ့ထိုးမိသည့်ကိစ္စကိုတောင်းပန်ရပါဦးမည်...
ထို့အတူ ချော့မော့လျက် စေ့စပ်ပွဲကိစ္စကိုပြောပြရဦးမည်....

ကလေးစိတ်ဖြစ်တာမို့ သူကြိုက်တာလေးနဲ့ ချော့ရင် စိတ်ဆိုးပြေလောက်မှာပါဟု တွေးမိရင်း..
Pizza ပလုတ်ပလောင်းစားနေမည့်ပုံလေးကို မြင်ယောင်မိတော့ နှစ်နှစ်ခြိုက်ခြိုက်အပြုံးတခုက ခိုတွယ်သည်...

ဘေဘီက စိတ်ကူးထဲမှာတောင် သိပ်ချစ်ဖို့ကောင်းတဲ့ကလေးပေါက်စနလေးမဟုတ်ပါလား.....

ကိုကို //Yoonmin (Unicode version)Where stories live. Discover now