အပိုင်း ၁၉

1.7K 146 2
                                    

စုတ်ပြတ်သတ်လောက်အောင်ထိ ရင်နာရခြငး်သည် ကျွန်တော့်အတွက်ပထမဆုံးဖြစ်သည်..
ဆေးရုံကုတင်ပေါ် အသက်မဲ့စွာလဲလျောင်းနေသော ဘေဘီ့မျက်နှာဖြူဖောျ့ဖောျ့သည် ကျွန်တော့်အား သတ်သေချင်ပစ်လောက်သည်အထိ စိတ်ဓာတ်တွေကိုအောက်ဆုံးထိဆွဲချသည်....

"သားငယ်...
သားငယ်လေး..."

တုန်ရင်နေသောအသံနှင့်အတူ ဘေဘီ့ဘေးကို အပြေးအလွှားရောက်လာသော မား အား ကျွန်တော် အသက်မဲ့စွာငေးကြည့်မိသည်ထင်ပါ၏.

"သားငယ်ရေ...
အမေ့ကိုသာ သတ်သွားပါတော့လားကွယ်...
အမေ.ဘယ်လ်ိုအသက်ရှင်ရတော့မလဲ
မင်း..ဖေကြီး ကို အမေ ဘယ်လိုပြောရမှာလဲ သားငယ်ရယ်"

မုန့်သွားဝယ်နေရာမှ မည်ကဲ့သို့ သိကာအပြေးအလွှား ရောက်လာသည်မသိသော်လည်း မားရင်ထဲက အပူကိုတော့ သူမှန်းဆမိပါသည်....

"သားကြီး...သားငယ်လေးကိုနှိုးပါဦး..
သားငယ်..
မားကိုထကြည့်ပါဦးသားရဲ့"

သူ့ကိုကြည့်လိုက် ဘေဘီကိုကြည့်လိုက်နှင့် အော်ဟစ်ငိုယိုနေသာမားကို ကြည့်လျက် တိတ်တဆိတ်သာ မျက်ရည်ကျမိသည်..

ဘေဘီ မြင်လား..
ကိုကိုတို့တွေ ဘေဘီမရှိရင် ဘယ်လောက်ထိ ရင်တွေနာနေရလဲဆိုတာကို...

ဘေဘီ့မျက်နှာ ဖြူလွှလွှကို အဝတ်ဖြူဖြင့်လွှမ်းခြုံရန် ကြိုးစားသည့်လက်များကို လှမ်းတားလိုက်ရင်း ဘေဘီ နဖူးပြင်ပေါ်အနမ်းတပွင့်ခြွေချမိသည်...

ဘေဘီ အေးချမ်းပါစေကွယ်..
အေးချမ်းစွာနားပါတော့ ကလေးငယ်...

နမ်းနေရာမှ ခန္ဓာကိုယ်ကို ပြန်မတ်လျက် အဝတ်ဖြူကို ဘေဘီ့မျက်နှာပေါ်ဆွဲတင်သောခဏ
ခပ်လှုပ်လှုပ်ဖြစ်လာသောမျက်ခွံများနှင့်အတူ

"အင်း...ကို...............ကို..."

...............TBC

ကိုယ်စာဖတ်နေရင်းရေးလိုက်တာ..
ယူတို့က update အရမ်းတောင်းတာကိုး...😜😜😜

တိုသွားလို့ miyan...
စနေနေ့တွေ့မယ်...

By LavenderDeva
18.6.18.

ကိုကို //Yoonmin (Unicode version)Nơi câu chuyện tồn tại. Hãy khám phá bây giờ