အပိုင်း ၁၁

1.5K 169 0
                                    

သေသေချာချာ ဖြီးလိမ်းပြင်ဆင်နေရင်းကိုယ့်ပုံကိုယ်မှန်ထဲ အတန်ကြာစိုက်ကြည့်နေမိသည်

သိသိသာသာချောင်ကျသွားသောမျက်နှာနှင့် ဟောက်ပက်ဖြစ်နေသောမျက်ဝန်းများ.
တချိန်က ကြပ်လွန်းတာမို့ မဝတ်ပဲ ပစ်ထားသည့် အဝတ်အစားသည်အခုတော့ မီးပုံပျံသကဲ့သို့ ဖြစ်လျက်...

ကိုကို ဆိုသော သူရောက်လာခဲ့ပြီးကတည်းက သူကောင်းကောင်းအိပ်မပျော်ခဲ့ဘူးဆိုလျှင်ပိုသည်ဟုထင်ကြမည်လားမသိ..

ထိုလူ့အပေါ်ထားသောအမုန်းစိတ်နှင့် ဒေါသများကြောင့့် အိပ်မပျော်ခဲ့သည်ဆိုပိုမှန်ပါမည်...

သို့သော် ဒီတရက်နှစ်ရက် မစားနိုင် မသောက်နိုင်ညမအိပ်နိုင်ဖြစ်ရသည်ကား အမုန်းတရားတွေ ဒေါသတွေကြောင့်မဟုတ်ပဲ
တဖြည်းဖြည်း မူမမှန်လာသော ခံစားချက်များကြောင့် ဖြစ်သည်....

တညလုံး မအိပ်ပဲ တွေးတောခဲ့သမျှ ရလာသောအြဖေသည် ကိုကို့ကို ချစ်တယ်ဆိုတာချည်း....

လူတစ်ယောက်ကို ချစ်မိဖို့ဆိုသည်မှာ ထိုလောက်ပင်လွယ်ကူသည်လား..
၆ နှစ်ကြာ တဖက်သတ်ဖြစ်ခဲ့ရသော လူတစ်ယောက်ကို မေ့ပစ်ကာ အခြားတစ်ယောက်ကို အစားထိုးလာနိုင်သည့် ကိုယ့်နှလုံးသားကိုလဲ အံ့သြမိပါ၏..

ထို့ထက် မုန်းပါသည် ဟုထပ်ခါထပ်ခါပြောဖူးသော ပါးစပ်တို့ကို အပ်နှင့်ချုပ်ပစ်ချင်လောက်အောင် ကျွန်တော် ထိုလူ့ကိုချစ်နေခဲ့မိသည်..

မဖြစ်ဘူး..မဖြစ်ဘူး..ဟု မည်မျှပင်တားဆီးနေသော်ငြားလညး် ကျွန်တော့် နှလုံးသားသည် မိုက်ရူးရဲဆန်စွာ ကျွန်တော့်အသိစိတ်၏ တားဆီးမှုကို ပယ်ချခဲ့သည်...

ချစ်သည်...

ကျွန်တော်သည် ကျွန်တော်၏ မွေးစားအကိုဖြစ်သော ...
ကျွန်တော့်ထက် ၁၆နှစ်ကြီးသော... ကျွန်တော့် အချစ်ဦးကိုလုယူခဲ့သော.. ကျွန်တော်အလွန်အမင်းမုန်းတီးခဲ့ရသော ....
ကိုကိုဆိုသည့် park yoongi ကို
ချစ်သည်...

အမြဲတမ်း အထက်စီးက ဆက်ဆံသော သူ့ကို ချစ်သည်...

အမြဲတမ်းကျွန်တော့်ကိုဆို အနိုင်ယူသော သူ့ကိုချစ်သည်...

ကိုကို //Yoonmin (Unicode version)Hikayelerin yaşadığı yer. Şimdi keşfedin