Part 17(Unicode)

2.6K 110 5
                                    

~သခင်ကြင်လျှင်ချစ်ခြင်းမည်~

"ကျနော် ခင်ဗျားကိုမချစ်ဘူး. .ကျနော်……"

နှုတ်ခမ်းထက်ကိုလာတင်သည့် ကိုကို့လက်ညိုးလေးကို နိဒါန်းဖယ်ချလိုက်သည်။

"မချစ်ဘူးလို့တော့မပြောပါနဲ့လား ချာတိတ်ရယ်
ဟန်ဆောင်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တယ်လို့ပဲပြောပေးပါ မောင်စိတ်ထဲကမပါရင်တောင်အသက်အောင့်ပြီးပဲဖြစ်ဖြစ် ချစ်တယ်လို့ပြောစမ်းပါ
ကိုယ်တောင်းဆိုတာပါမောင်ရယ် ကိုယ်ရူးတော့မှာပဲမင်းကြောင့်နဲ့"

"မာနတွေအတ္တတွေဂုဏ်ပကာသနတွေပြည့်နေတဲ့
ခင်ဗျားဘဝကိုကျနော်မချစ်ရဲဘူး ခင်ဗျားဘဝထဲကိုလဲကျနော်ဝင်မလာရဲဘူး တောင်းပန်ပါတယ်
ကျနော်ဟန်မဆောင်ချင်တော့ဘူး မညာချင်ဘူး
ကျနော်တို့ဇာတ်လမ်းကိုဒီလောက်နဲ့ပဲရပ်လိုက်ကြရအောင်
ခင်ဗျားနဲ့အဆင့်အတန်းတူတဲ့ကိုအာကာယံဟိန်းကိုပဲလက်ထပ်လိုက်ပါ ရွှေ,ရွှေချင်းထပ်ရင် မြတ်ပါတယ်ကိုသူ့သခင်"

"ဟင့်အင်း လက်မထပ်ဘူး မင်းကလွဲပြီး
ကိုယ်ဘယ်သူ့ကိုမှလက်မထပ်နိုင်ဘူး
မင်းနဲ့ပတ်သက်ရင် ကိုယ့်မာနတွေ
ချမ်းသာကြွယ်ဝမှုတွေအားလုံးကိုစွန့်လွှတ်နိုင်တယ်
မင်းကိုချစ်ခဲ့မိတဲ့အချိန်ကစပြီး
ကိုယ့်မှာမာနဆိုတာမရှိတော့ဘူး
ကိုယ့်မာနတွေထက် မင်းကိုပိုချစ်တာပါချာတိတ်ရယ်"

ရင်ခွင်ထဲကနေငိုကာပြောနေသည့် ကိုကို့ကြောင့်
နိဒါန်းဘာစကားထပ်ပြောရမှန်းမသိတော့။
ဘယ်လိုနာကျင်စရာ စကားတို့ကိုရွေးပြီးပြောရတော့မလဲ။
ကိုကို့အပေါ်ဒီထက်ပိုပြီးနှိပ်စက်သင့်ရဲ့လား။

ရင်ခွင်ထဲရောက်နေတဲ့ ခန္ဓာကိုယ်လေးကို
တွန်းမထုတ်ရက်နိုင်အောင်ဖြစ်နေရသည်။
ဘာမဟုတ်တဲ့ ကျနော့်အတွက် ငိုနေရသလားကိုကိုရယ်။

မာနတရားတွေပြည့်နေတဲ့သူ့သခင်ဆိုတဲ့ယောကျာ်းတစ်ယောက်က တခြားယောကျာ်းရင်ခွင်ထဲမှာအရှက်မဲ့စွာငိုသတဲ့လား။

တကယ်ဆိုဒါကဟားတိုက်ရယ်ပစ်ချင်စရာပါ။
သို့ပေမဲ့ သိပ်ချစ်ပါတယ်ဆိုတဲ့ ဒီလူသားအပေါ် နိဒါန်ပြက်ရယ်ပြုကာ မရယ်ရက်နိုင်။

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Dove le storie prendono vita. Scoprilo ora