#Unicode
မျောလွင့်နေတဲ့အသိစိတ်က အထိအတွေ့ရဲ့ အရသာကို သိသိသာသာခံစားလိုက်ရတဲ့အခါ . . .
"ဦးဝေ"
ဦးဝေရဲ့ရင်ဘတ်ကို စောင့်ပြီးတွန်းပစ်လိုက်တယ်။ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပေါ် ဦးဝေရဲ့လက်တွေ နယ်ကျွန်လာတာကို ကျွန်တော်မနှစ်မြို့ဘူး။ ရွံတယ်။
ကျွန်တော် ဒီလိုအခြေအနေကို လက်မခံနိုင်ဘူး။ ကျွန်တော်ဟာ ယောင်္ကျားတစ်ယောက်မို့ ယောင်္ကျားတစ်ယောက်နဲ့ မဆက်ဆံနိုင်ဘူး။
"Sorry ရေးငယ်။ ကိုယ့်စိတ်တွေကို မထိန်းချုပ်လိုက်နိုင်ဘူး။ ကိုယ်ခဏ အသိစိတ်လွတ်သွားတယ်"
"ကျွန်တော့်ကို နောက်တစ်ခါ ဒါမျိုးထပ်လုပ်ဖို့ မကြိုးစားပါနဲ့ဦးဝေ။ ကျွန်တော်မကြိုက်ဘူး"
"ကိုယ် အနူးအညွတ်တောင်းပန်ပါတယ်ရေးငယ်။ ရေးငယ် အတိတ်မေ့နေတယ်ဆိုတာကို ကိုယ်မေ့သွားတယ်။ အရင်အတိုင်းပဲထင်ပြီး နေနေကြအတိုင်း နေဖို့ကြိုးစားလိုက်မိတယ်။ ကိုယ်တို့ အရင်လိုပဲ ထင်နေမိလို့ပါ။ ကိုယ်တို့က အိမ်ထောင်ဖက်တွေလေ"
အိမ်ထောင်ဖက်တဲ့ ဟင့်အင် ကျွန်တော့်ခံစားချက်ထဲမှာ အိမ်ထောက်ဖက်လို့ ခံစားလို့မရသေးဘူး။ ကျွန်တော်လက်မခံနိုင်သေးဘူး။
ကျွန်တော်သာ အမှန်တကယ် အတိတ်မေ့နေတဲ့သူတစ်ယောက်ဆိုရင် ဒီအထိအတွေ့တွေကို စိမ်းသက်မနေဘဲ လိုက်လျောညီထွေးဖြစ်နေပြီး သာယာစိတ်ဝင်လာရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဒီအထိအတွေ့တွေက စိမ်းသက်နေတဲ့အပြင် မနှစ်မြို့ခြင်းတွေပါ ရောယှက်နေခဲ့တယ်။ ကျွန်တော် တဖြည်းဖြည်းချင်း သိလာတာက ဒါဟာ ကျွန်တော့်ကမ္ဘာမဟုတ်ဘူးဆိုတာကိုပဲ။
ကျွန်တော်သာ အမှန်တကယ် ဦးဝေကို ချစ်ခဲ့တဲ့သူဆိုရင် အရင်အကြောင်းအရာတွေကို မမှတ်မိနိုင်ရင်တောင် ဒီအထိအတွေ့ကိုတော့ ယဉ်ပါးပြီးသားဖြစ်နေရမှာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဒါဟာပထမဦးဆုံးအကြိမ်လိုပါပဲ။ ဘယ်အရာကိုမှ ရင်နှီးကျွမ်းဝင်ခဲ့ဖူးသလို မခံစားရဘူး။ အရာအားလုံးက သစ်လွင်နေတယ်။ ဒီအထိအတွေ့တွေက ကျွန်တော့်အတွက် ပထမဦးဆုံးအကြိမ်လိုပဲ ခံစားနေရတယ်။ စိတ်ထဲမှာရော နှလုံးသားမှာပါ ရင်းနှီးမနေဘူး။
![](https://img.wattpad.com/cover/287847646-288-k839162.jpg)
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။