#Unicode
အချစ်နဲ့ချောင်းဆိုးတာက အောင့်ထားလို့မရဘူးတဲ့။ ကျွန်တော်မချစ်တော့ဖို့ ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ထားပေမဲ့ နေ့လည်စာကို ရေးငယ်နဲ့အတူတူစားဖို့သွားရတိုင်း ခြေလှမ်းတွေက တက်ကြွနေခဲ့တယ်။ တကယ်ဆို ကျွန်တော့်ကုမ္ပဏီနဲ့ ရေးငယ် Cafeဆိုင်က နီးတဲ့အထဲ မပါဘူးလေ။ ဒါပေမဲ့ ရေးငယ်က ဦးဝေနဲ့အတူတူစားလို့ရလားလို့မေးပြီးကတည်းက နေ့တိုင်းသွားစားဖြစ်ခဲ့တယ်။ ရေးငယ်က ဦးဝေလို့ တလိုက်တာနဲ့ ကျွန်တော်ကရေးငယ်အနားကို ရောက်ပြီးသားဖြစ်နေတတ်တယ်။
ရေးငယ်နှုတ်က ဦးဝေလို့ခေါ်လိုက်တာနဲ့ ကျွန်တော့်ရဲ့ နှလုံးသားက ရေးငယ်ပြောလာမဲ့စကားကို အလိုလိုနားစွင့်နေတတ်ခဲ့တယ်။ ရေးငယ်က ဦးဝေလို့ခေါ်လိုက်ရုံနဲ့ ကျွန်တော်က အရာအားလုံးကို ခေါင်းငြိမ့်လက်ခံပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ကျွန်တော်လွန်လား။
"ကိုခွန် ဘယ်လဲ"
"ထမင်းသွားစားမလို့မြသွေးရ"
"ဟင် ဒီနေ့လည်း သွားစားဦးမလို့လား"
"အင်း"
"နီးနီးနားနားလည်း မဟုတ်ဘဲနဲ့ ကိုခွန်ရယ်"
"ပျော်တာကိုးဗျ"
ရေးငယ်အပေါ်ထားတဲ့ ကိုခွန်ရဲ့အချစ်တွေကို ဘေးလူတောင် အထင်းသားမြင်နေရပါတယ်။ ဒါကို ရေးငယ်က မမြင်ဘဲနေပါ့မလား။ ရေးငယ်နဲ့ ထမင်းစားဖို့သွားတိုင်း ပျော်နေတတ်တဲ့ ကိုခွန်ရယ်ပါ။
"ကိုခွန်ရောက်လာပြီလား"
"ရောက်လာပြီညီလေး"
ဆိုင်ထဲကိုဝင်ဝင်ချင်းမှာ အရင်လိုရေးငယ်ကိုမတွေ့ရဘဲ ဆိုင်ကကောင်လေးကိုသာ တွေ့လိုက်ရတယ်။ အရင်ဆို ရေးငယ်က အခွန်ထမင်းလာစားချိန်တိုင်း ကောင်တာမှာ ထိုင်စောင့်ပေးနေတတ်ပါတယ်။
"ကိုရေးအပြင်ထွက်သွားလို့ ခဏလေးစောင့်ဦးနော်ကိုခွန်"
"ထွက်သွားတာ ကြာပြီလား"
"ဟုတ် နည်းနည်းတော့ကြာပြီဗျ"
"ရေးငယ်က အပြင်ကို ဘာသွားလုပ်တာလဲညီလေး"
![](https://img.wattpad.com/cover/287847646-288-k839162.jpg)
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။