Part 4 (U+Z)

9.5K 651 22
                                    

#Unicode

"ဦးဝေ"

"ဟင်"

"ကျွန်တော့်သူငယ်ချင်း လင်းသာတို့ချစ်သောတို့နဲ့ ဦးဝေနဲ့ မခင်ကြဘူးလား"

"ခင်ပါတယ် ရေးငယ်ရဲ့။ ဘာလို့လဲ"

"ကျွန်တော် ဆေးရုံတက်ရတာကို သူတို့ မသိကြဘူးဆိုလို့။ ဘာလို့လဲ"

"ရေးငယ် ဆေးရုံတက်နေရတုန်းက ကြီးငွေလည်း ဖျားနေတော့ ကိုယ်တစ်ယောက်တည်း အလုပ်တစ်ဖက်နဲ့ ဆေးရုံစောင့်ခဲ့ရတာ ရေးငယ်။ ကုမ္ပဏီအတွက် အရေးကြီးတဲ့ ကိစ္စတွေကိုတောင် ဆေးရုံမှာပဲ လုပ်ခဲ့ရတာဆိုတော့ ကိုယ်လည်း မအားဘူးလေ။ တခြားသူတွေကို အကြောင်းကြားဖို့ မေ့နေခဲ့တယ်"

"ဆေးရုံဆင်းလာတော့လည်း မပြောဖြစ်ဘူးလား"

"အင်း ဆေးရုံဆင်းလာတော့လည်း ကိုယ့်ကုမ္ပဏီနဲ့ ရေးငယ်ရဲ့ ဆိုင်ကြားမှာ အလုပ်တွေ ရှုပ်နေရတာနဲ့ မပြောဖြစ်ခဲ့ဘူး"

ရေးနဲ့ချစ်သောတို့နဲ့ အကြာကြီး မဆက်သွယ်ရလောက်‌တဲ့အထိ အနေဝေးခဲ့ကြတာလား။ အရင်ဆို ရေးဘာပဲဖြစ်ဖြစ် သူတို့ကပဲ အရှေ့ဆုံးက ပြေးလာခဲ့ကြတဲ့ သူတွေပါ။ ခုတော့ ရေးဆေးရုံတက်ရတာကို မသိဘူးတဲ့။ အကြောင်းလည်း မကြားမိဘူးတဲ့။ အဲ့လောက်တောင်ပဲ အဆက်အသွယ် နည်းပါးခဲ့တာလား။

"အင်း ကျွန်တော့်ကို ဒီညနေ သူတို့လာခေါ်မှာ။ အဲ့တာအပြင်လိုက်သွားမလို့။ နောက်ကျမှာမို့ မစောင့်နဲ့နော်"

"အရမ်းကြီး‌တော့ ဉာဉ့်မနက်နဲ့နော် ရေးငယ်။ ကိုယ်စိတ်ပူလို့ပါ"

"ဟုတ်"

လူငယ်သဘာဝ သွားတာလာတာပဲ နည်းနည်းလေးတော့ နောက်ကျမှာပေါ့။ ကိုယ်က သူ့လို အဖိုးကြီးလည်း မဟုတ်ပေ။ ဒါကို အရမ်းကြီး ဉာဉ့်မနက်နဲ့ဆိုတော့ ဟုတ်ကလွဲရင် ပြန်ပြောဖို့ရာမရှိတော့။

ညနေမှာ လင်းသာနဲ့ချစ်သောတို့ လာခေါ်မှာမို့ ရေးလည်း ရေမိုးချိုးကာ ဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ရေးပြင်ဆင်နေတုန်းမှာ ချူတူးလေးက အနားကို ရောက်လာတယ်။

"ပါးပါး"

"ဟေ"

"ဘယ်တွားမို့ရဲ"

"မိန်းမရှာလေ"

"ဟင် ဘာရုပ်ဖို့ရဲ"

"ယူမလို့"

"ဘယ်ရိုယူရာရဲ"

"နှစ်ယောက်အတူတူ နေတာပေါ့ကွ"

"ဒါရှို တားတို့နဲ့ မနေတော့ပူးရား"

"ဟင်"

ကလေးကို ဘာတွေ ပြောလိုက်မိတာပါလိမ့်။ ဒီပါးစပ်ကလည်း အဆင်အခြင်မရှိ ပြောမိပြန်ပါပြီ။ မေမေတို့က ဒီကလေး‌တွေနဲ့ ပတ်သက်ရင် နည်းနည်းလေးမှ အတိမ်းအစောင်းမခံကြပေ။

"နေမှာပေါ့ကွ"

"အာ့ရှို မိန်းမက ဘာရုပ်ဖို့"

"ဆော့ဖို့ဟေ့ ဆော့ဖို့ဟ"

"အာ့ရှို တားတို့ရဲ ရှော့မယ်။ တားတို့ကိုရဲ ပေးရှော့နော်။ တူတူရှော့မယ်"

"မိန်းမဆိုတာ လူကြီးတွေ ဆော့ရတာ။ ကလေးတွေ ဆော့လို့မရဘူး။ ကလေးတွေနဲ့လည်း မဆိုင်ဘူး ချူတူးလေးရဲ့။ ဘာတွေ မေးနေမှန်းလဲ မသိဘူး။ လာသွားမယ် အရှေ့ကို"

ချူတူးကို ကောက်ချီပြီး အရှေ့ကို ထွက်လာတော့ ရှူတူးကို ရင်ခွင်ထဲထည့်ပြီး ကလိထိုးကာ ဆော့နေတဲ့ ဦးဝေကို တွေ့လိုက်ရတယ်။ ဦးဝေကို ကြည့်ရတာ အပေါင်းအသင်း ရှိတဲ့ပုံလည်း မပေါ်ပေ။ အချိန်တွေမှန်သမျှ မိသားစုနဲ့ပဲ ကုန်ဆုံးတဲ့ပုံပါပဲ။

လင်းသာတို့မလာသေးတာမို့ ဧည့်ခန်းထဲမှာ ခဏဝင်ထိုင်လိုက်တယ်။ ကလေးနဲ့ ကစားနေတဲ့ ဦးဝေက ရေးဘက်ကို လှည့်လာရင်း ငေးကြည့်နေပါတယ်။

ဘောင်းဘီဒူတိနဲ့ ရှပ်အင်္ကျီအပွကို ဝတ်ထားတဲ့ ရေးငယ်က ဒီနေ့မှ တစ်မျိုးလေးချစ်ဖို့ ကောင်းနေတယ်။ သို့ပေမယ့် နည်းနည်းလေးတော့ ဘဝင်မကျလှပေ။ ဘောင်းဘီက ဒူးတိဆိုတော့ ထိုင်လိုက်ရင် ဘောင်ဘီအစက ပေါင်ပေါ်တက်သွားတာမို့ ပေါင်းသားဖွေးဖွေးတွေက အထင်းသား ပေါ်နေတယ်။ သားသားတို့ကို မွေးပြီးကတည်းက တိုလွန်းတဲ့ ဘောင်းဘီတွေကို ဝတ်တာကို ကိုယ်ကမကြိုက်ဘူးလို့ပြောထားလို့ လုံးဝမဝတ်ခဲ့တဲ့ရေးက ခုတော့ အတိုတွေကို ထုတ်ဝတ်နေတယ်။

"ရေးငယ်"

"ဗျာ"

"ဘောင်းဘီက အရမ်းတိုနေတယ်။ ပြန်လဲလိုက်ပါ့လား"

"အာ ဦးဝေကလည်း ယောင်္ကျားလေး‌ပဲဟာ။ ဒီလောက်က ဘာမှ မဖြစ်ပါဘူး။ ဟုတ်တယ်မလား ချူတူး"

"ဟုတ်"

"ရှူတူး ပါးပါးချောလား"

"ဟုတ်ပါးပါး ချောရယ်"

"ပါးပါး ဒါဝတ်ရမှာလား တခြားဟာ ပြောင်းဝတ်ရမှာလား"

"ဒါပဲဝတ် ပါးပါး"

"တွေ့လား ကလေးတွေကတောင် ဒါပဲ ဝတ်ခိုင်းတာကို။ ဦးဝေက ကလေးတွေလောက်‌တောင် အမြင်မရှိဘူး"

ဦးဝေရင်ခွင်ထဲက ရှူတူးက ရေးဘက်ကနေ ရေးကို ထောက်ခံပေးနေတာမို့ ကလေးစကားကိုပဲ အတည်ယူလိုက်တယ်။

မင်းက လိုတာထက်ပိုပြီး ချစ်ဖို့ကောင်းနေလို့ အပြင်သွားတဲ့အခါ ဘောင်းဘီတိုလေးတွေ ဝတ်သွားတာကို စိတ်မချနိုင်တာ ရေးငယ်။ ကိုယ့်စကားကို နားထောင်‌ခဲ့တဲ့ ရေးငယ်လေး ကိုယ်တို့ဘဝထဲကို အမြန်ပြန်လာပေးပါ။

ခဏကြာတော့ အိမ်ရှေ့က ကားဟွန်းသံကြားတဲ့အခါ ရေးငယ်က ချူတူးလေးကို အောက်ချပြီး အိမ်ရှေ့ကို ပြေးထွက်သွားတယ်။

"ဖေဖေ"

"ဗျာ့"

"ပါးပါးက မိန်းမချာတွားတာတဲ့"

"ဟင် သားကို ဘယ်သူပြောတာလဲ"

"ပါးကြောရာရေ"

"ဟမ်"

"မိန်မယူပီး ရှော့မရို့တဲ့"

"ဟာ ချူတူးလေး အဲ့တာတွေ ခေါင်းထဲ မှတ်မထားရဘူးနော်။ ပါးပါးက သားကို စလိုက်တာ။ အဲ့ဒီစကားတွေ မှတ်မထားရဘူးနော်"

"ဟုတ်"

ရေးငယ်ကတော့ ကလေး‌ကို ပြောသင့်မပြောသင့် မတွေးဘဲ ပြောသွားပြန်ပါပြီ။ ဘာတွေ ပြောသွားမှန်းကို မသိပါဘူး။ ဒီအရွယ် ကလေးတွေက အရှေ့ကပြောရင် နောက်က အကုန်လိုက်မှတ်တတ်တဲ့ အရွယ်မို့ မိဘက စကားပြော ဆင်ခြင်ရပါတယ်။ ပြန်လာမှ ရေးငယ်ကို ကလေးတွေရှေ့ စကားပြောလေး ဆင်ခြင်ပေးဖို့ ပြောရဦးမယ်။

"မင်းတို့ကလည်း ကြာလိုက်တာ"

"ဒီမှာလေ လင်းထင်သာကို စောင့်နေရတာ တစ်နာရီကျော်တောင်ကြာတယ်"

"ဘယ်သွားချင်လဲရေး"

"ဘား"

"Ok"

ရေးက ဘားကို သွားမယ်လို့ပြောလိုက်တော့ လင်းသာနဲ့ချစ်သောတို့က ရေးတစ်ခါမှ မရောက်ဖူးတဲ့ ဘားကို ခေါ်လာခဲ့ကြတယ်။

"ဒီဆိုင်က အသစ်လား"

"ဘယ်က အသစ်ရမှာလဲ။ ငါတို့ ထိုင်နေကြလေ။ မမှတ်မိဘူးလား"

"အေး"

"လာ အထဲမှာ ပိုမိုက်တယ်။ မင်းကိုလည်း မေးစရာတွေရှိတယ်"

"ငါလည်း မင်းတို့ဆီက သိချင်တာတွေ အများကြီးပဲ လင်းသာ"

"Ok လာ အထဲရောက်မှ ပြောကြတာပေါ့"

Bar ထဲကိုရောက်တော့ စိတ်က နည်းနည်းလေး လန်းဆန်းလာတယ်။ အိမ်ထဲမှာ နေတာထက်စာရင် သူငယ်ချင်းတွေနဲ့အတူ အပြင်သွားတာက ပိုပြီး စိတ်သက်သာရာ ရပါတယ်။

"ငါဆေးရုံ တက်တာ မသိရ‌လောက်အောင် မင်းတို့နဲ့ငါနဲ့ အနေဝေးသွားကြတာလား"

"အနေ ဝေးတယ်လို့လည်း မဟုတ်ဘူးပေါ့ဟ။ အလုပ်ကိုယ်စီနဲ့ဆိုတော့ နေ့တိုင်း ဖုန်းမဆက်ဖြစ်တာပဲရှိတာ။ ပြီးတော့ ငါတို့ တစ်လတစ်ခါ တွေ့ဖြစ်ကြတယ်လေ"

"ဟင် ဘာလို့ တစ်လမှ တစ်ခါပဲ တွေ့တာလဲ"

"မင်းကြောင့်လေ"

"ငါ့ကြောင့်"

"အင်း ကလေးတွေနဲ့ကိုကိုနဲ့မအားဘူး။ မင်းတို့နဲ့ အချိန်တိုင်း မတွေ့နိုင်ဘူးလို့ မင်းရဲ့ ဟော့ဒီပါးစပ်ကြီးကပဲ ပြောခဲ့တာလေ"

လင်းသာက ရေးရဲ့ပါးစပ်ကို လက်နဲ့ဖျစ်ညှစ်ကာ ဆိုလာတယ်။

"ငါက ပြောခဲ့တာ"

"အေး"

ယုံနိုင်ဖွယ်တောင် မရှိပေ။ ကိုယ့်ပြောခဲ့တာလို့ သူများပြောမှ သိရတာမို့ ယုံရခပ်ခက်ခက်ပင်။

"ဦးဝေက မင်းတို့ကို အကြောင်းမကြားတာကို အံ့ဩနေတာ"

"ကိုခွန်က အနေအေးတယ်လေကွာ။ တော်ရုံတန်ရုံဆို သူ့ဘာသာသူပဲ ဖြေရှင်းတာများတယ်"

"မင်းတို့ကရော ငါ့ကို ဒီကြားထဲ ဘာလို့ ဖုန်းမဆက်တာလဲ"

"မင်း အက်စီးဒန့်မဖြစ်ခင် ရှေ့တစ်ရက်ကမှ တွေ့ထားတာလေ။ အဲ့တော့ ဖုန်းမဆက်ဖြစ်ဘူးပေါ့ကွ။ ငါတို့ဆက်လည်း မင်းက ကိုင်ချင်မှကိုင်တာ မအားတာက ခပ်များများရယ်"

"အင်း မင်းတို့ ဒီကြားထဲမှာ ဘာတွေလုပ်နေကြလဲ"

"ငါနဲ့ ချစ်သောက နှစ်ယောက်ပေါင်းပြီး ကားပစ္စည်းတွေ ရောင်းတဲ့ဆိုင် ဖွင့်ထားတယ်"

"ဒါဆို မင်းတို့ နှစ်ယောက်က နေ့တိုင်းတွေ့ရတာပေါ့"

"အေးပေါ့"

"မင်းတို့ အိမ်ထောင်ကျပြီလား"

"နိုး"

"နိုး"

နှစ်ယောက်လုံးက တက်ညီလက်ညီ ပြိုင်တူအော်ပြီး ဖြေကြတယ်။

"ဒါဆို ငါတစ်ယောက်တည်းပဲ ရသေးတာပေါ့"

"Yes"

"ဒါဆို မင်းတို့မှာ ကောင်မလေးတွေ ရှိနေပြီလား"

"နိုး"

"နိုး"

ဒီနှစ်‌ကောင် ဘာလို့ ပြိုင်တူတွေပဲ ဖြေနေကြတာပါလိမ့်။

"ဒါနဲ့ နေပါဦး။ မင်းက အက်စီးဒန့် ဘယ်လိုဖြစ်တာလဲ"

"လမ်းထိပ်က ကလေးလေးရဲ့ စကိတ်ကို ယူစီးရင်း အရှိန်မထိန်းနိုင်ဘဲ ငါက ကားကို ပြေးတိုက်တာတဲ့"

"ဪ သနားစရာလည်း မကောင်းဘူး"

"ခွေးကောင်တွေ"

လင်းသာနဲ့ ချစ်သောနဲ့က ရေးနဲ့ ငယ်ပေါင်းတွေမို့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အဆင်းသိတွေပါ။ တော်ရုံဆို စိတ်ဆိုးစိတ်ကောက်တာမျိုး မရှိခဲ့ကြပေ။ ဒီလို ပြောမနာ ဆိုမနာ သူငယ်ချင်းလေးတွေနဲ့ အရမ်းကိုတွေ့ချင်နေခဲ့တာပါ။ အရင်ရက်တွေက ဘဝကြီးက စိတ်ညစ်စရာတွေပဲ ပြည့်နေခဲ့သည် မဟုတ်ပါ့လား။ မေမေကလည်း ကလေးတွေကို နွေထွေးပေးဖို့ ဦးဝေကို ဂရုစိုက်ဖို့သာ အတန်တန်မှာနေခဲ့တာမို့ စိတ်ထဲမှာ နေလို့ အဆင်မပြေခဲ့ပေ။ အနေရအထိုင်းရ ကျဉ်းကျပ်ခဲ့သည် မဟုတ်ပါ့လား။

"မင်းတို့နဲ့ ရင်ခတ်နဲ့ အဆက်အသွယ်ရှိသေးလား"

"မင်းက ဘာလို့ သိချင်တာလဲ"

"ငါသူ့ကို Happy New Yearညမှာ အဖြေတောင်းထားတဲ့အထိပဲ မှတ်မိတယ်"

"အဲ့တော့"

"ငါ ယောင်္ကျားရနေတဲ့ ဘဝကို လက်ခံလို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ကလေးတွေ ရှိနေတော့ ပိုဆိုးတယ်ကွာ။ ဘယ်လိုပြောရမလဲ ယောင်္ကျားတစ်ယောက်က ယောင်္ကျားတစ်ယောက်ယူပြီး ကလေးမွေးထားတယ်ဆိုတာကြီးက ဘယ်လိုပြောရမလဲကွာ ငါဘယ်လိုမှ လက်မခံနိုင်တဲ့အရာကြီး ဖြစ်နေတယ်"

"မင်း တော်တော် ပြောင်းလဲသွားတယ်ရေး။ ဒီစကားတွေကို မင်းနှုတ်က ပြောနေတာကို ငါတို့ မျက်လုံးနဲ့မြင်ပြီး ငါတို့နားနဲ့ကြားရလို့သာ ယုံနေရတယ်။ သူများဆီက တစ်ဆင့်သာ ပြန်ကြားရရင် မင်းပြောတယ်ဆိုတာကို ယုံမိမယ် မထင်ဘူး"

"ဘာလို့လဲ"

"မင်းလို လူမျိုးက ဒီလိုစကားမျိုး ပြောဖို့နေနေသာသာ သူများပြောရင်တောင် စိတ်ဆိုးဒေါသ ထွက်တတ်တဲ့ လူစားမျိုးလေ။ မင်းက ကိုခွန်နဲ့သားတွေကို သိပ်ချစ်တဲ့သူလေ။ ကိုခွန်နဲ့သားတွေကသာ မင်းဘဝရဲ့ အရာရာဖြစ်ခဲ့တာ။ ကိုခွန်နဲ့သားတွေကသာ မင်းအတွက် ကမ္ဘာတစ်ခုလုံးဖြစ်ခဲ့တာ"

"အဲ့ဒီ့စကားတွေကို မင်းတို့အပြင် မေမေရော ကြီးငွေရောကပါ ပြောကြပေမယ့် ငါမယုံခဲ့ဘူး။ မင်းတို့ပြောမှ ယုံချင်လာသလိုပဲ။ ငါဆိုတဲ့ ကောင်ကလေ ယောင်္ကျားတစ်ယောက်ကို အဲ့လောက်ထိတောင် ချစ်ခဲ့တာလား"

"အဲ့ထက်တောင် ပိုသေးတယ်"

"ဒါပေမဲ့ ငါအခု ရင်ခတ်ပန်းကိုချစ်တယ်။ မနေ့တနေ့ကမှ အဖြေတောင်းထားသလိုမျိုး လတ်လတ်ဆတ်ဆတ်ကြီး ခံစားနေရတုန်းပဲ။ သူ့ကိုချစ်တဲ့ အချစ်တွေက ငါ့နှလုံးသားထဲမှာ လတ်ဆတ်နေတုန်းပဲ"

"ဟားးး ဘယ်လို ဖြစ်တာလဲ ရေးရာ။ မင်းနှုတ်ကပြောတာကို တိုက်ရိုက် ကြားနေလို့သာ ယုံနေရတယ်။ မယုံနိုင်စရာ စကားတွေပဲ ဖြစ်နေတယ်"

"ဘာလို့လဲ"

"ရင်ခတ်က မင်းကို ဆက်သွယ်လာတာကိုတောင် မင်းကရှောင်နေခဲ့တာ။ အပြောအဆို အနေအထိုင်ရဲတင်းတဲ့ ရင်ခတ်ကြောင့် ကိုကို့ကို စိတ်မဆင်းရဲစေချင်ဘူးဆို။ ရင်ခတ်နဲ့ အဆက်အသွယ် ရှိနေတာကို သိရင် ကိုကိုစိတ်ညစ်ရမယ်ဆို။ ရင်ခတ်နဲ့ တွေ့ပြီး စကားပြောတာမျိုးကို ကိုကိုသာ မြင်သွားရင် စိတ်မကောင်း ဖြစ်နေမှာဆိုးတယ်လို့ မင်းပဲ ပြောခဲ့တာ။ ရင်ခတ်ကို မင်းဘက်က စပြီး စည်းတားခဲ့တာ။ ရင်ခတ်ကို မင်းကပဲ အဖက်မလုပ်ဘဲ အဆက်အသွယ် လုံးဝဖြတ်ခဲ့တာလေ"

"ငါ အခု ရင်ခတ်နဲ့ အဆက်အသွယ် ရချင်နေတယ်ကွာ"

"မင်း အရမ်းပြောင်းလဲသွားပြီရေး"

သူငယ်ချင်းတွေ ပြောသမျှစကားတိုင်းကို နားထောင်ပြီး ငါဘယ်လိုတွေတောင် နေထိုင်ခဲ့တာပါလိမ့်လို့ မနည်းတွေးယူနေရတယ်။ အရက်တွေလည်း တခွက်ပြီးတစ်ခွက် သောက်နေခဲ့မိတယ်။ စိတ်ညစ်လို့ အရက်သောက်ရင် အနည်းငယ်တော့ မေ့တယ်တဲ့လေ။

အချိန်အတော် ဉာဉ့်နက်တဲ့အထိ ပြန်မလာတဲ့ရေးငယ်ကို စိတ်ပူစွာဖြင့် စောင့်နေခဲ့မိတယ်။ ပါးပါးပြန်လာမှ အိပ်မယ်ဆိုတဲ့ သားငယ်လေးတောင် မစောင့်နိုင်တော့လို့ အိပ်ပျော်သွားခဲ့ပါပြီ။ ည၁၂နာရီထိုးတဲ့အထိ ရေးငယ်တစ်ယောက် ပြန်မလာသေးပေ။

အချိန်တွေ နာရီတွေသာ တစ်ချက်ချက်နဲ့ ကုန်သွားတယ် ရေးငယ်က ခုထိ ပြန်မလာသေး။

ည၂နာရီထိုးလောက်မှာတော့ အိမ်ရှေ့မှာ ကားရပ်တဲ့အသံကို ကြားလိုက်ရတယ်။ ဟွန်းတီးသံ တစ်ချက် ပေါ်ထွက်လာတာမို့ အခွန် အိမ်ရှေ့ကို ပြေးထွက်လာခဲ့လိုက်တယ်။

"ရေးငယ်"

လင်းသာနဲ့ ချစ်သောရဲ့ လက်ထဲမှာ အရုပ်ကြိုးပြတ်ဖြစ်နေတဲ့ ရေးငယ်ကို တွေ့လိုက်ရတော့ စိတ်ပူသွားရတယ်။

"ဘယ်လို ဖြစ်လာတာလဲ ချစ်သော"

"ရေးက စိတ်ညစ်လို့ဆိုပြီး အတင်းသောက်နေတာ။ တားလို့မရတာနဲ့ လွှတ်ထားပေးလိုက်ရတာ ကိုခွန်"

"ဟာကွာ ခုမှ နေကောင်းခါစရှိသေးတာကို။ အများကြီး သောက်လို့ မရသေးဘူး။ ပေး ပေး ရေးငယ်ကို။ အစ်ကို ချီလိုက်မယ်"

"ဖြစ်ရဲ့လား အစ်ကို ကျွန်တော်တို့ အိမ်ထဲထိ လိုက်ပို့ပေးပါ့မယ်"

"ရတယ် ရတယ် လင်းသာ။ တအားဉာဉ့်နက်နေပြီ အိမ်ကို ဂရုစိုက်ပြန်ကြ။ ကားကို ဖြည်းဖြည်းမောင်း ကြားလား"

"ဟုတ် ကိုခွန်။ ဒါဆို ကျွန်တော်တို့ ပြန်ပြီနော်"

"အေးအေး"

ချစ်သောနဲ့လင်းသာတို့က သိပ်ပြီး မသောက်ထားဘူးထင်ပါရဲ့။ ရေးငယ်တစ်ယောက်သာ အရုပ်ကြိုးပြတ် ဖြစ်လာတာပါ။

ရေးငယ်ကို ပွေ့ချီလာခဲ့တာမို့ ရင်ခွင်ထဲကိုရောက်နေတဲ့ ရေးငယ်ရဲ့ မျက်နှာလေးနဲ့ အခွန့်ရဲ့ မျက်နှာက နီးကပ်နေခဲ့တယ်။ ဆေးရုံက ဆင်းပြီးကတည်းက ရေးငယ်ရဲ့မျက်နှာလေးကို ဒီလိုအနီးကပ် မြင်တွေ့ခွင့်မရတာ တော်တော်ကြာခဲ့ပြီ မဟုတ်လား။ မနက်အိပ်ရာနိုးတိုင်း ဘေးတစောင်းလေးသာ မြင်ခဲ့ရတဲ့ ရေးငယ်ရဲ့ပါးလေးကို မြတ်မြတ်နိုးနိုး ခိုးနမ်းခဲ့ရတယ်။

အိမ်ရှေ့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ခဏချပေးလိုက်တဲ့အခါ ရေးငယ်က လေးပင်လွန်းတဲ့ အသံနဲ့ ထအော်တယ်။

"ကျွန်တော် ဒီဘဝကြီးကို မလိုချင်ဘူး မေမေ။ အိပ်မက်ဆိုရင်လည်း ကျေးဇူးပြုပြီး အမြန်နိုးထပေးပါတော့ဗျာ အီးးးဟီးးးဟီးးး"

"ရေးငယ် ရှူး တိုးတိုး။ သားသားတို့ အိပ်နေတယ်။ ကျေးဇူးပြုပြီး အသံလေး တိုးပေးပါ Please"

"ဘယ်က သားသားလဲ။ အဲ့ကလေးတွေကို ကျွန်တော် လိုလည်းမလိုချင်ဘူး။ ကျွန်တော် ဂေးလည်း မဟုတ်ဘူးလေဗျာ။ ယောင်္ကျားလည်း မလိုချင်ဘူး။ မိန်းမပဲ လိုချင်တာ။ ကျွန်တော် ဦးဝေကို ရင်ခုန်လို့လည်းမရဘူး။ ကျွန်တော် ရင်ခတ်ကိုပဲ ချစ်တာ။ ဘာလို့ ကျွန်တော့်ဘဝက နေ့ချင်းညချင်း ပြောင်းလဲသွားရတာလဲ။ ဘာလို့ ယောင်္ကျားတွေ ကလေးတွေပါ ရလာရတာလဲ။ ဒါကျွန်တော် လိုချင်တဲ့ ဘဝမျိုး မဟုတ်ဘူးလေဗျာ။ ကျွန်တော်လိုချင်ခဲ့တဲ့ ဘဝကို ရင်ခတ်နဲ့ပဲ စိတ်ကူးယဉ်ခဲ့တာ။ ကျွန်တော် ရင်ခတ်ကိုပဲ ချစ်တာ အီးးဟီးဟီးးးး"

"ရေးငယ်ရယ် . . . "

ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ ရေးငယ်လေးကိုကြည့်ပြီး ကိုယ်ရင်တွေ နာရပါတယ်။ မျက်လုံးစုံမှိတ်ကာ အော်ငိုနေတဲ့ ကိုယ့်ကလေးလေးက ကိုယ်တို့သားအဖတွေကြောင့် နာကျင်ပြီး ငိုနေရတာတဲ့လား။

"ကျွန်တော် ဒီဘဝကြီးကို အလိုမရှိတာမို့ ကျေးဇူးပြုပြီး ကျွန်တော့်အရင်ဘဝကိုပဲ ကျွန်တော့်ကို ပြန်ပို့ပေးပါ။ ကျွန်တော့်ရဲ့ လွတ်လပ်ပျော်ရွှင်ခဲ့တဲ့ ယောင်္ကျားနဲ့ကလေးတွေ မရှိတဲ့ လူပျိုဘဝလေးကိုပဲ ကျေးဇူးပြုပြီး ပြန်ပေးပါဗျာ အီးးးဟီးးးဟီးးးး ကျွန်တော် ဒီဘဝကို လိုလည်း မလိုချင်ဘူး။ ဒီဘဝမှာ ပျော်လည်း မပျော်ဘူးး။ မေမေရေ ကျေးဇူးပြုပြီး သားကိုကယ်ပါ"

"တော်ပါတော့ကွာ ရေးငယ်လေးရာ . . ."

"ကျွန်တော့်မှာ ယောင်္ကျားရော ကလေးဆိုတာကြီးရော မရှိခဲ့ပါဘူးဗျာ အီးးးးဟီးးးးး။ ကျွန်တော် ဘယ်လောက် နာကျင်နေရလဲ သိလား။ ဒီဘဝကို ဘယ်လိုမှ လက်ခံပေးလို့ မရလို့ ကျွန်တော် ရူးတော့မယ်။ နေ့ချင်းညချင်းကြီး ဘဝပြောင်းသွားသလို ခံစားရလို့ ကျွန်တော် ရူးရပါတော့မယ်။ ကျွန်တော် ဒီဘဝကို အလိုမရှိပါဘူးဗျာ မေမေရေးးးးး အီးးးဟီးးး အဟင့်"

စကားတွေအကျယ်ကြီး အော်ပြောကာ ငိုနေတဲ့ ရေးငယ်ကို ကြည့်ပြီး ကိုယ်ပါ ငိုနေမိခဲ့တယ်။ ကိုယ်လည်း နာကျင်နေရပါတယ် ရေးငယ်။ ကိုယ့်ရေးငယ်လေးက အများကြီး ပြောင်းလဲသွားခဲ့တယ်။ ကိုယ်တို့ သားအဖအပေါ် သူစိမ်းဆန်လွန်းတယ်။

ရေးငယ်ရဲ့နှုတ်က ကိုယ်နဲ့သားသားတို့ကို မလိုချင်ဘူးလို့ ပြောတိုင်း နှလုံးသားကို အရှင်လတ်လတ် ဓားနဲ့ထိုးနေသလိုပဲ နာကျင်ခံစားရတယ် ရေးငယ်။ မင်းနှုတ်ဖျားက ဦးဝေကို ရင်ခုန်လို့ မရဘူးလို့ ပြောလိုက်တဲ့စကားက ကိုယ့််ကိုရင်နာစေတယ်။ ရင်ခတ်ကို ချစ်တယ်လို့ပြောတဲ့စကားကို ကိုယ်မကြားချင်ဆုံးပါပဲ။ ကိုယ်မဟုတ်တဲ့တခြား တစ်ယောက်ကို ချစ်တယ်လို့ ပြောနေတာကို ဘယ်လိုစိတ်နဲ့များ နားထောင်ရပါ့မလဲ။ ဘယ်လိုနှလုံးသားနဲ့များ ခံနိုင်ရည်ရှိအောင် ကြိုးစားရပါ့မလဲ။ ကိုယ့်နှလုံးသားကို ဓားနဲ့တစ်ချက်ချင်း မွှန်းနေသလိုပါပဲ ရေးငယ်ရယ်။

နာကျင်ရပေမယ့် အပြစ်တင်လို့လည်း မရဘူး။ ဘာ့ကြောင့်ဆို ကိုယ့်ရေးငယ်လေးက အတိတ်မေ့နေတယ်လေ။ ကိုယ်ကပဲ ရင်နာနာနဲ့ နားလည်ပေးရမှာပေါ့။

မေတ္တာတွေနဲ့ ပျိုးထားခဲ့တဲ့ ပန်းလေးမို့ မေတ္တာတရား‌အ‌ကြောင်းကို နားလည်ခဲ့ပြီးသားပါ။ မေတ္တာတွေနဲ့ပဲ ဆက်ပြီး ပြုစုပျိုးထောင်ပေးမှာမို့ ကိုယ့်မေတ္တာကို အရင်ကလိုပဲ တဖြည်းဖြည်းနဲ့ ခံစားသိရှိလာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ် ရေးငယ်။ မင်းလေးက တစ်နေ့တော့ ကိုယ်နဲ့သားသားတို့ရှိရာ အရပ်မှာပဲ ဖူးပွင့်လာမယ့် ပန်ကလေးပဲ ဖြစ်လာမှာပါ။ အရင်ကလိုပဲ မင်းအတွက်ကမ္ဘာက ကိုယ်နဲ့သားသားတို့ပဲပေါ့။

မင်းက ကိုယ်နဲ့သားသားတို့ကို သိပ်ချစ်ခဲ့တယ်လေ။ အခုလည်း အရင်ကလိုပဲ ကိုယ်နဲ့သားသားတို့ကို ပြန်ပြီးချစ်လာလိမ့်မယ်ဆိုတာကို ကိုယ့်နှလုံးသား သိနေတယ်။ ကိုယ့်ဘက်က အချိန်လေး နည်းနည်းတော့ ပေးရမှာပေါ့။

နောက်ဆုံးမှာ ကိုယ်တို့သားအဖကိုပဲ ရွေးချယ်မယ်ဆိုတာ ကိုယ်သိတာပေါ့။ အဲ့ဒီလိုပဲ ယုံကြည်ထားတယ်။ ကိုယ်တို့အပေါ်ထားတဲ့ ရေးငယ်ရဲ့အချစ်က တစ်သက်လုံး မပြောင်းလဲဘူးဆိုတာကို ကိုယ်ယုံကြည်တယ်။ ကိုယ်မင်းကို သိပ်ချစ်တယ် ရေးငယ်။

OMG . . . My Future Husband is Him !!!Tempat cerita menjadi hidup. Temukan sekarang