#Unicode
"နိုးပြီလား ဦးဝေ"
"အင်း"
"သက်သာရဲ့လား"
"အင်း"
"မေမေတို့အိမ်က မနက်စာ လာပို့ပေးထားတယ်။ ထ စားရအောင်"
"အင်း ကိုယ်အင်္ကျီလဲလိုက်ဦးမယ်"
"ဟုတ်"
အင်္ကျီလဲနေတဲ့ ဦးဝေကိုငေးကြည့်နေရင်း မျက်လုံးက တစ်နေရာမှာ ရပ်တန့်သွားတယ်။ ဦးဝေရဲ့လည်ပင်းမှာ လက်စွပ်သေးသေးလေးကို ကြိုးအနက်ရောင်လေးနဲ့ဆွဲထားတာကို တွေ့လိုက်ရတယ်။
ရုတ်ချည်းဆိုသလို ဦးဝေအနားကိုပြေးသွားပြီး ဦးဝေရဲ့လည်ပင်းက လက်စွပ်လေးကို ကိုင်လိုက်တော့ ဦးဝေကလန့်သွားပုံပင်။
"ဘာ ဘာဖြစ်တာလဲ ရေးငယ်"
"ဒါက ကျွန်တော့်လက်စွပ်လေးမို့လားဦးဝေ"
"ဟုတ်တယ်လေရေးငယ်ရဲ့ ဘာဖြစ်လို့လဲ"
"ဒါက ဦးဝေဆီကို ဘယ်လိုရောက်နေတာလဲ"
"ရေးငယ်ပဲ ပေးထားတာလေ"
"ကျွန်တော်က"
ကိုယ့်ကိုယ်ကိုယ် လက်ညှိုးဖြင့်ပြန်ထိုးပြီး ပြောလိုက်တော့ ဦးဝေက ခေါင်းငြိမ့်ပြလာတယ်။
"အင်း"
"ကျွန်တော့်အတွက် အရေးပါလွန်းတဲ့ပစ္စည်းလေးကို ဦးဝေကိုပေးသတဲ့လား။ မဖြစ်နိုင်လိုက်တာ"
ကျွန်တော် ဦးဝေကို ဘယ်လိုတောင် ရူးခဲ့တာပါလိမ့်။
"ဖြစ်နိုင်လို့ပဲ ကိုယ့်လည်ပင်းမှာရောက်နေတာပေါ့ရေးငယ်ရဲ့"
"ဒါပေမဲ့ ဒီလက်စွပ်လေးက ဖွားဖွားချန်ထားခဲ့တဲ့ အမှတ်တရပစ္စည်းလေးလေ။ ဖွားဖွားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ခမည်းလက်စွပ်လေး။ ဖွားဖွားအမှတ်တရမို့ မေမေတို့ယူကိုင်တာတောင်မကြိုက်လို့ ကျွန်တော့်လည်ပင်းမှာပဲ အမြဲဆွဲထားခဲ့တာလေ။ ပြီးတော့ ဒါလေးက ကျွန်တော့်အတွက် ကံကောင်းစေတဲ့ အဆောင်လေးလေ။ ဒါလေးမရှိရင် ကံမကောင်းတတ်ဘူးလို့ ခံစားရတဲ့ကျွန်တော်က ဒီလိုအရေးပါလွန်းတဲ့ပစ္စည်းကို ဦးဝေးကိုပေးလိုက်တယ်ပေါ့"
![](https://img.wattpad.com/cover/287847646-288-k839162.jpg)
ESTÁS LEYENDO
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။